
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္မဲမ်ားျဖင့္ အႏိုင္ယူျခင္းမရွိေစေရး ေဆာင္႐ြက္မည္ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ေျပာသည္။
‘‘၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ႀကိဳတင္မဲနဲ႔ ဘယ္လိုနည္းနဲ႔မွ အ ႏိုင္ယူလို႔မရေအာင္၊ ဘယ္လို နည္းနဲ႔မွ ပြားလို႔မရေအာင္ ကြၽန္ ေတာ္တို႔ ေကာ္မရွင္မွာ တာဝန္ရွိ ပါတယ္’’ဟု ယမန္ေန႔က ေနျပည္ ေတာ္တြင္ ျပဳလုပ္သည့္ ေ႐ြး ေကာက္ပြဲဆိုင္ရာ စြမ္းရည္ျမႇင့္ သင္တန္း၌ ၎ကေျပာသည္။
ယခင္ေ႐ြးေကာက္ပြဲမ်ားက ႀကိဳတင္မဲျဖင့္ မတရားအႏိုင္ယူ သည္ဆိုသည့္ အေၾကာင္းအရာကို ျပည္သူမ်ားၾကား အေျပာအမ်ား ဆုံးျဖစ္၍ ၂၀၂၀ အေထြေထြေ႐ြး ေကာက္ပြဲတြင္ ထိုသို႔ မျဖစ္ေစရန္ အထူးအာ႐ုံစိုက္၍ ေဆာင္႐ြက္ ရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဝန္ ထမ္းမ်ားကို ဦးလွသိန္းက မွာၾကားသည္။
‘‘ႀကိဳတင္မဲေတြနဲ႔ ဘယ္လို ျဖစ္လဲဆိုတာ သိခဲ့ၿပီးၿပီ။ အဲဒီႀကိဳ တင္မဲေတြနဲ႔ ကြၽန္ေတာ္တို႔ လက္ ထက္မွာ တစ္စြန္းတစ္စမွ မေပၚ ေပါက္ေအာင္ ေစာင့္ေရွာက္ထိန္း သိမ္းရမယ့္ တာဝန္အေလးအနက္ရွိပါတယ္’’ဟု၎ကေျပာသည္။
ႀကိဳတင္မဲကို မိမိမဲဆႏၵနယ္ ျပင္ပေရာက္ရွိေနသူမ်ားက အ မ်ားဆုံးေပးၿပီး ၎တို႔ထဲတြင္ တပ္ မေတာ္သား၊ ရဲမ်ားႏွင့္ ၎တို႔ႏွင့္ အတူေနမိသားစုဝင္မ်ား၊ အစိုးရခြင့္ျပဳခ်က္ျဖင့္ ျပည္ပေရာက္ေန သူမ်ား၊ အခ်ဳပ္ခန္းတြင္ အခ်ဳပ္ခံ ထားရသူမ်ား ပါဝင္သည္။
၂၀၁၈ ၾကားျဖတ္ေ႐ြး ေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးအမတ္ ေလာင္း ဦးဆီဟူးေဒြ႕ အႏိုင္ရခဲ့မႈ သည္ တပ္မေတာ္မွလာသည့္ ႀကိဳ တင္မဲမ်ားေၾကာင့္ဟု ေဝဖန္မႈမ်ား ရွိၿပီးေနာက္ တပ္တြင္းမဲ႐ုံမ်ားႏွင့္ ႀကိဳတင္မဲမ်ားကို ပြင့္လင္းျမင္သာ ေစေရး ေဆာင္႐ြက္ရန္ အာဏာရ ပါတီ ဒီခ်ဳပ္ေခါင္းေဆာင္မ်ားက ေထာက္ျပေဝဖန္ခဲ့သည္။
‘‘ႀကိဳတင္မဲနဲ႔ ပတ္သက္လို႔ အရင္လို မျဖစ္ေအာင္ေတာ့ စီစဥ္ ထားပါတယ္။ ဒီမွာလည္း ပို႔ခ်မွာ ပါ’’ဟု ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ေျပာသည္။
သို႔ေသာ္ ႀကိဳတင္မဲႏွင့္ ပတ္ သက္၍ ေကာ္မရွင္က ေဆာင္႐ြက္မည့္အစီအစဥ္ အေသးစိတ္အ ခ်က္လက္မ်ားကို ထုတ္ေဖာ္ေျပာ ဆိုျခင္းမရွိေပ။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို တစ္ႏိုင္ငံလုံးရွိ မဲ ဆႏၵနယ္တိုင္းတြင္ က်င္းပႏိုင္ေရး ႀကိဳးစားေနၿပီး က်င္းပမည့္ရက္ကို မူ မသတ္မွတ္ရေသးေၾကာင္း ဦး ျမင့္ႏိုင္ကဆက္လက္ေျပာသည္။
၂၀၂၀ အေထြေထြေ႐ြး ေကာက္ပြဲကို ဟန္ျပမဟုတ္ဘဲ စံျပျဖစ္ေစရန္၊ ပြင့္လင္းျမင္သာမႈ ႏွင့္ အမ်ားယုံၾကည္သည့္ ေ႐ြး ေကာက္ပြဲျဖစ္ေစရန္ ေဆာင္႐ြက္ မည္ဟု ဥကၠ႒ ဦးလွသိန္းက ထပ္မံကတိေပးခဲ့သည္။
‘‘ျပည္သူ႔ဆႏၵနဲ႔ ေ႐ြးေကာက္ ပြဲရလဒ္ တစ္ထပ္တည္း က်ရ မယ္’’ ဟု ၎ကဆိုသည္။
ေကာ္မရွင္က သင္တန္းကို International IDEA Myanmar အကူအညီျဖင့္ ႏိုဝင္ဘာ ၁၃ ရက္ မွ ၁၅ ရက္အထိ ျပဳလုပ္မည္ျဖစ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားမွ သင္တန္းသား ၅၀ ဦး တက္ေရာက္မည္ျဖစ္သည္။
ဆရာျဖစ္သင္တန္းၿပီးခ်ိန္ တြင္ သင္တန္းသားမ်ားက ေဒသ ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲအသီးသီးမွ ေကာ္မရွင္ခြဲ အဖြဲ႕ဝင္ ၂,၆၄၀ ဦးတို႔ကို ျပန္လည္ သင္ၾကားေပးမည္ျဖစ္သည္။
ထို႔အျပင္ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္သည္ ႏိုင္ငံ ေရးပါတီမ်ားႏွင့္ ၂၀၂၀ ေ႐ြး ေကာက္ပြဲေအာင္ျမင္စြာ က်င္းပ ႏိုင္ေရး ေနျပည္ေတာ္တြင္ ယေန႔ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္သည္။
Unicode
လာမည့်ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အနိုင်ယူမရအောင် ဆောင်ရွက်မည်ဟု ကော်မရှင်ဥက္ကဋ္ဌပြော
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ယူခြင်းမရှိစေရေး ဆောင်ရွက်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
‘‘၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ဘယ်လိုနည်းနဲ့မှ အ နိုင်ယူလို့မရအောင်၊ ဘယ်လို နည်းနဲ့မှ ပွားလို့မရအောင် ကျွန် တော်တို့ ကော်မရှင်မှာ တာဝန်ရှိ ပါတယ်’’ဟု ယမန်နေ့က နေပြည် တော်တွင် ပြုလုပ်သည့် ရွေး ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း၌ ၎င်းကပြောသည်။
ယခင်ရွေးကောက်ပွဲများက ကြိုတင်မဲဖြင့် မတရားအနိုင်ယူ သည်ဆိုသည့် အကြောင်းအရာကို ပြည်သူများကြား အပြောအများ ဆုံးဖြစ်၍ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ထိုသို့ မဖြစ်စေရန် အထူးအာရုံစိုက်၍ ဆောင်ရွက် ရန် ရွေးကောက်ပွဲကော်မရှင် ဝန် ထမ်းများကို ဦးလှသိန်းက မှာကြားသည်။
‘‘ကြိုတင်မဲတွေနဲ့ ဘယ်လို ဖြစ်လဲဆိုတာ သိခဲ့ပြီးပြီ။ အဲဒီကြို တင်မဲတွေနဲ့ ကျွန်တော်တို့ လက် ထက်မှာ တစ်စွန်းတစ်စမှ မပေါ် ပေါက်အောင် စောင့်ရှောက်ထိန်း သိမ်းရမယ့် တာဝန်အလေးအနက်ရှိပါတယ်’’ဟု၎င်းကပြောသည်။
ကြိုတင်မဲကို မိမိမဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများက အ များဆုံးပေးပြီး ၎င်းတို့ထဲတွင် တပ် မတော်သား၊ ရဲများနှင့် ၎င်းတို့နှင့် အတူနေမိသားစုဝင်များ၊ အစိုးရခွင့်ပြုချက်ဖြင့် ပြည်ပရောက်နေ သူများ၊ အချုပ်ခန်းတွင် အချုပ်ခံ ထားရသူများ ပါဝင်သည်။
၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအမတ် လောင်း ဦးဆီဟူးဒွေ့ အနိုင်ရခဲ့မှု သည် တပ်မတော်မှလာသည့် ကြို တင်မဲများကြောင့်ဟု ဝေဖန်မှုများ ရှိပြီးနောက် တပ်တွင်းမဲရုံများနှင့် ကြိုတင်မဲများကို ပွင့်လင်းမြင်သာ စေရေး ဆောင်ရွက်ရန် အာဏာရ ပါတီ ဒီချုပ်ခေါင်းဆောင်များက ထောက်ပြဝေဖန်ခဲ့သည်။
‘‘ကြိုတင်မဲနဲ့ ပတ်သက်လို့ အရင်လို မဖြစ်အောင်တော့ စီစဉ် ထားပါတယ်။ ဒီမှာလည်း ပို့ချမှာ ပါ’’ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။
သို့သော် ကြိုတင်မဲနှင့် ပတ် သက်၍ ကော်မရှင်က ဆောင်ရွက်မည့်အစီအစဉ် အသေးစိတ်အ ချက်လက်များကို ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးရှိ မဲ ဆန္ဒနယ်တိုင်းတွင် ကျင်းပနိုင်ရေး ကြိုးစားနေပြီး ကျင်းပမည့်ရက်ကို မူ မသတ်မှတ်ရသေးကြောင်း ဦး မြင့်နိုင်ကဆက်လက်ပြောသည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှု နှင့် အများယုံကြည်သည့် ရွေး ကောက်ပွဲဖြစ်စေရန် ဆောင်ရွက် မည်ဟု ဥက္ကဋ္ဌ ဦးလှသိန်းက ထပ်မံကတိပေးခဲ့သည်။
‘‘ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် ပွဲရလဒ် တစ်ထပ်တည်း ကျရ မယ်’’ ဟု ၎င်းကဆိုသည်။
ကော်မရှင်က သင်တန်းကို International IDEA Myanmar အကူအညီဖြင့် နိုဝင်ဘာ ၁၃ ရက် မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ သင်တန်းသား ၅၀ ဦး တက်ရောက်မည်ဖြစ်သည်။
ဆရာဖြစ်သင်တန်းပြီးချိန် တွင် သင်တန်းသားများက ဒေသ ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ ကော်မရှင်ခွဲ အဖွဲ့ဝင် ၂,၆၄၀ ဦးတို့ကို ပြန်လည် သင်ကြားပေးမည်ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် နိုင်ငံ ရေးပါတီများနှင့် ၂၀၂၀ ရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
====================================
END / 251