၁၆ နိုဝင်ဘာ ၂၀၁၉ - ၁၄:၃၇
 လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုမႈေၾကာင့္ တရားစြဲခံရသူမ်ား၏အမႈ ျပန္႐ုပ္သိမ္းေပးရန္ေတာင္းဆို ဧၿပီလက ေကာ့ေသာင္းၿမိဳ႕မွာ ၿငိမ္းစုစီဥပေဒနဲ

တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ အပါအဝင္၊ လြတ္လပ္စြာ ထုတ္ ေဖာ္ ေျပာဆိုမႈ ေၾကာင့္ တပ္မေတာ္က တရားစြဲဆိုထားတဲ့ အမႈေတြ အားလုံးကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းနဲ႔ တရားစြဲဆိုမႈ ေတြကို အျမန္ဆုံး ျပန္႐ုပ္သိမ္းေပးဖို႔ အရပ္ဖက္အဖြဲ႕စည္း ၁၃၁ ဖြဲ႕က ပူးတြဲ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

တရားလႊတ္ေတာ္ေရွ႕ေန  ဦးႀကီးျမင့္ အပါအဝင္၊ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုမႈ ေၾကာင့္ တပ္မေတာ္က တရားစြဲဆိုထားတဲ့ အမႈေတြအားလုံးကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းနဲ႔ တရားစြဲဆိုမႈ ေတြကို အျမန္ဆုံး ျပန္႐ုပ္သိမ္းေပးဖို႔ အရပ္ဖက္အဖြဲ႕စည္း ၁၃၁ ဖြဲ႕က ပူးတြဲထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ဧၿပီလက ေကာ့ေသာင္းၿမိဳ႕မွာ ၿငိမ္းစုစီဥပေဒနဲ႔အညီ က်င္းပခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို ေထာက္ခံႀကိဳဆိုပြဲမွာ  တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္နစ္ နာေစတဲ့ အသုံးအႏႈန္းေတြ ေျပာၾကားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ေရွ႕ေနဦးႀကီးျမင့္၊ ကဗ်ာဆရာေစာေဝနဲ႔ ဗိုလ္ႀကီးေဟာင္းေနမ်ိဳးဇင္တို႔ကို ပုဒ္မ ၅၀၅ (က)နဲ႔ ေကာ့ေသာင္းၿမိဳ႕နယ္တရား႐ုံးက စြဲဆို ထားခဲ့ပါတယ္။

အခုလို တပ္မေတာ္က တရားစြဲတာဟာ ၿငိမ္းစုစီဥပေဒကို ေက်ာ္လြန္ၿပီး ေဆာင္႐ြက္ ေနတာျဖစ္သလို တပ္မေတာ္ဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၀ (စ) အရ  လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ကို ကာကြယ္ေစာင့္ေရွာက္ရမမယ့္အစား ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြကို ခ်ိဳးေဖာက္ရာေရာက္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

အခုလို တရားစြဲဆိုတာဟာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္း အပိုဒ္ ၁၉ နဲ႔ အျပည္ျပည္ဆိုင္ရာ ႏိုင္ငံသားနဲ႔ ႏိုင္ငံေရးအခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ အပိုဒ္ ၁၉ တို႔ပါ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္တို႔ကိုလည္း ခ်ိဳးေဖာက္ရာေရာက္တယ္လို႔လည္း  အရပ္ဖက္အဖြဲ႕ အစည္းေတြက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ  တပ္မေတာ္ကလူေပါင္း ၇၀ ေက်ာ္ကို၊ အမႈေပါင္း ၂၄ မႈ ထက္မနည္း တရားစြဲဆိုထားခဲ့ၿပီး၊ တခ်ိဳ႕က ျပစ္ဒဏ္ခ်မွတ္ၿပီးျဖစ္ေၾကာင္း အသံအဖြဲ႕က ထုတ္ျပန္တဲ့ အစီရင္ခံစာ အရသိ ရပါတယ္။

အခုလိုတရားစြဲဆိုမႈေတြဟာ တိုင္းျပည္ရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ အေရးႀကီးလွတဲ့ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးကို ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္သလို၊ အစိုးရက ေျပာဆိုေနတဲ့ အမ်ိဳးသားျပန္လည္ ရင္ၾကားေစ့ေရး လမ္းေၾကာင္းကိုလည္း ပ်က္စီးရာ ပ်က္စီးေၾကာင္း ျဖစ္ေစႏိုင္တယ္လို႔ ေထာက္ျပထားပါတယ္။

ဒါ့အျပင္ ရခိုင္အေရးႏွင့္ပတ္သက္ၿပီး ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာမ်က္ႏွာစာမွာ တပ္မေတာ္နဲ႔ပတ္သက္ၿပီး စြပ္စြဲ ေျပာဆိုမႈေတြ ျပင္းထန္တဲ့ အခ်ိန္မ်ိဳးမွာ တရား လႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ပါ ၃ ဦး ကို တရားစြဲဆိုမႈဟာ ျမန္မာႏိုင္ငံအစိုးရနဲ႔တပ္မေတာ္ အေပၚႏိုင္ငံတကာရဲ႕ အျမင္နဲ႔ ဆက္ဆံေရး ပိုဆိုးေစႏိုင္တယ္လို႔  အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ပူးတြဲ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

Unicode

လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် တရားစွဲခံရသူများ၏အမှု ပြန်ရုပ်သိမ်းပေးရန်တောင်းဆို
ဧပြီလက ကော့သောင်းမြို့မှာ ငြိမ်းစုစီဥပဒေနဲ့အညီ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုပွဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေတဲ့ အသုံးအနှုန်းတွေ ပြောကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှေ့နေဦးကြီးမြင့်

တရားလွှတ်တော်ရှေ့နေ  ဦးကြီးမြင့် အပါအဝင်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှု ကြောင့် တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ တရားစွဲဆိုမှုတွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့စည်း ၁၃၁ ဖွဲ့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဧပြီလက ကော့သောင်းမြို့မှာ ငြိမ်းစုစီဥပဒေနဲ့အညီ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုပွဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေတဲ့ အသုံးအနှုန်းတွေ ပြောကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးက စွဲဆိုထားခဲ့ပါတယ်။

အခုလို တပ်မတော်က တရားစွဲတာဟာ ငြိမ်းစုစီဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက် နေတာဖြစ်သလို တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) အရ  လွတ်လပ်စွာ ထုတ်ဖော် ခွင့်ကို ကာကွယ်စောင့်ရှောက်ရမမယ့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို တရားစွဲဆိုတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၉ တို့ပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကိုလည်း ချိုးဖောက်ရာရောက်တယ်လို့လည်း  အရပ်ဖက်အဖွဲ့ အစည်းတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ  တပ်မတော်က လူပေါင်း ၇၀ ကျော်ကို၊ အမှုပေါင်း ၂၄ မှု ထက်မနည်း တရားစွဲဆိုထားခဲ့ပြီး၊ တချို့က ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း အသံအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံ စာ အရ သိရပါတယ်။

အခုလိုတရားစွဲဆိုမှုတွေဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးလှတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို၊ အစိုးရက ပြောဆိုနေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းကိုလည်း ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ တပ်မတော်နဲ့ပတ်သက်ပြီး စွပ်စွဲ ပြောဆိုမှုတွေ ပြင်းထန်တဲ့ အချိန်မျိုးမှာ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်ပါ ၃ ဦး ကို တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော် အပေါ်နိုင်ငံတကာရဲ့ အမြင်နဲ့ ဆက်ဆံရေး ပိုဆိုးစေနိုင်တယ်လို့  အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးတွဲ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

====================================

END / 251