၂၈ နိုဝင်ဘာ ၂၀၁၉ - ၁၈:၅၀
နဂျဖ်ဖေအရှ်ရဖ် မြို့ တွင် သောင်းကြမ်းသူများမှ အီရန်ကောင်စစ်ဝန်ရုံး အားတိုက်ခိုက် ၊ ညမထွက်ရ အမိန့် ထုတ်ပြန်

အီရတ် နိုင်ငံ ၏ နဂျဖ်ဖေအရှ်ရဖ် မြို့ တွင် အမေရိကန် နှင့်အစ္စရေးတို့၏ အထောက်အပံ့ရ ကြေးစား သောင်းကြမ်းသူများ အနေဖြင့် ဆန္ဒပြတောင်းဆိုသူများ အသွင် ဖြင့် ရောက်လာကြပြီး အီရန်ကောင်စစ်ဝန်ရုံး အား တိုက်ခိုက် ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ                                                

သက်စ်နီးမ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရတ် နိုင်ငံ ၏ နဂျဖ်ဖေအရှ်ရဖ် မြို့၏ရဲမှူး ၏ပြောပြချက်အရ သောင်းကြမ်း အဖျက်သမား အချို့ သည် အီရန်ကောင်စစ်ဝန်ရုံး အတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ ၏ အချိန်မီ ကာကွယ် ခုခံ နိုင်မှုကြောင့် ၎င်း တို့ အထဲဝင်ဖို့ မအောင်မြင်ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

အီရတ် အစိုးအာဏာပိုင်များ မှ ပြောကြားချက်အရ အီရန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းများသည် လုံခြုံ မှု အောက်တွင် ရှိပြီး ကောင်စစ်ဝန်ရုံး အတွင်းရှိ သူများအားလုံးသည် အနောက်တံခါး ပေါက် မှ ထွက်ခွာနိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။

ဤအချင်းကိစ္စ မဖြစ်ပွားမည် အလျှင်ကလည်း ကရ်ဗလာ မြို့ နှင့် ဗဆွာရဟ် မြို့ ရှိ အီရန် ကောင်စစ်ဝန်ရုံး များကို လည်း တိုက်ခိုက်ခဲ့ကြောင်း သတင်း သိရှိရပါတယ်။ သတင်းဌာနများ၏ သတင်း ပေးချက် များအရ ကောင်စစ်ဝန်ရုံး ကို တိုက်ခိုက်ပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရှိ ခဲ့ရပါတယ်။

မှတ်သားရမည့်အချက်မှာ - အမေရိကန် ၊အစ္စရေး နှင့်ဆော်ဒီ နိုင်ငံတို့သည် အီရန် နိုင်ငံ နှင့်အရတ်နိုင်ငံ ၂စ်နိုင်ငံ ချစ်ကြည်ရေး ကိုဖျက်စီးဖို့ ကြိုးပမ်းနေကြောင်း သိရှိရပါတယ် ။

==========================

END / 251