၃၀ နိုဝင်ဘာ ၂၀၁၉ - ၁၅:၅၈
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကန႔္ကြက္သူေျခာက္ဦးကို ျပစ္ဒဏ္ တိုးျမႇင့္ေပးရန္ ကယားျပည္နယ္အစိုးရ ျပင္ဆင္မႈတက္

ႏိုဝင္ဘာ၇ရက္က ကယားလူငယ္ေျခာက္ဦးကို ႏိုင္လြတ္လုံပုဒ္မ (၁၀)ျဖင့္ လြိဳင္ေကာ္ၿမိဳ႕နယ္တရားသူႀကီးက အလုပ္ႏွင့္ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခဲ့သည္။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကန႔္ ကြက္သည့္ ကယားလူငယ္ ေျခာက္ဦးအေပၚ အလုပ္ႏွင့္ ေထာင္ေျခာက္လစီခ်သည့္ ျပစ္ ဒဏ္ နည္းလြန္း၍ တိုးျမႇင့္ ခ် ေပးရန္ ကယားျပည္နယ္အစိုးရ အဖြဲ႕က လြိဳင္ေကာ္ခ႐ိုင္တရားသို႔ ျပင္ဆင္မႈ တက္ခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ႏိုဝင္ဘာ၇ရက္က ကယားလူငယ္ေျခာက္ဦးကို ႏိုင္လြတ္လုံပုဒ္မ(၁၀)ျဖင့္ လြိဳင္ေကာ္ၿမိဳ႕နယ္တရားသူႀကီးက အလုပ္ႏွင့္ေထာင္ဒဏ္ေျခာက္လ ခ်မွတ္ခဲ့သည္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကန႔္ ကြက္သည့္ ကယားလူငယ္ ေျခာက္ဦးအေပၚ  အလုပ္ႏွင့္ ေထာင္ေျခာက္လစီခ်သည့္ ျပစ္ ဒဏ္ နည္းလြန္း၍ တိုးျမႇင့္ခ် ေပးရန္ ကယားျပည္နယ္အစိုးရ အဖြဲ႕က လြိဳင္ေကာ္ခ႐ိုင္တရားသို႔  ျပင္ဆင္မႈ တက္ခဲ့သည္။

အဆိုပါ ျပစ္ဒဏ္မွာ က်ဴး လြန္သည့္ ျပစ္မႈႏွင့္ ႏႈိင္းယွဥ္လွ်င္ ျပစ္ဒဏ္နည္းလြန္းသည္ဟု ယူဆ ၍ ၿမိဳ႕နယ္တရား႐ုံး၏ အမိန႔္ကို  ပယ္ဖ်က္ေပးရန္ႏွင့္ ခ႐ိုင္တရား ႐ုံးက ျပစ္ဒဏ္တိုးျမႇင့္သည့္ အမိန႔္ ခ်မွတ္ေပးႏိုင္ပါရန္ ျပည္နယ္အ စိုးရအဖြဲ႕ကိုယ္စား ခ႐ိုင္ဥပေဒ အရာရွိ နန္းသင္းသင္းလႈိင္က ျပင္ဆင္မႈ တင္သြင္းထားျခင္းျဖစ္ သည္။

ေထာင္ဒဏ္ခ်မွတ္ခံရေသာ လူငယ္ေျခာက္ဦးအနက္တစ္ဦး လြတ္လာၿပီးေနာက္ ျပည္နယ္အ စိုးရအဖြဲ႕က လြိဳင္ေကာ္ခ႐ိုင္ တရား႐ုံးတြင္ အထက္ပါအတိုင္း  ျပင္ဆင္မႈတက္ထားေၾကာင္း ယခုရက္ပိုင္းတြင္မွသိရသည္ဟု  ဗိုလ္ခ်ဳပ္႐ုပ္တုကန႔္ကြက္ေၾကာင္း  လႈပ္ရွားမႈတြင္ပါဝင္သည့္ ကယား လူငယ္မ်ားက ေျပာသည္။ က်န္ သူမ်ားလည္း ဒီဇင္ဘာ ၁၀ ရက္တြင္ ေထာင္လြတ္ရက္ေစ့ မည္ျဖစ္သည္။

လက္ရွိတြင္ ကယားျပည္ နယ္အစိုးရအဖြဲ႕၏ ျပင္ဆင္မႈ တက္ျခင္းကိစၥႏွင့္ ပတ္သက္၍ လြိဳင္ေကာ္ေထာင္တြင္းရွိ လူငယ္ ငါးဦးႏွင့္ ၎တို႔က သိရွိေၾကာင္း  လက္မွတ္မ်ားထိုးထားရၿပီး ဒီဇင္ ဘာ ၆ ရက္တြင္ ခ႐ိုင္တရား႐ုံး၌ တရား ရင္ဆိုင္ရမည္ဟု ေထာင္ ရက္ေစ့၍ ျပန္လြတ္လာသည့္ ခူး ၾကဴးဖဲေကးက ေျပာသည္။

‘‘ဒါကႏိုင္ငံေရးအရ အင္မ တန္မွ  ေအာက္တန္းက်တဲ့လုပ္ ရပ္ျဖစ္ပါတယ္။ ဒုတိယတစ္ခ်က္ က ပုဂၢိဳလ္ေရးဆိုင္ရာ မနာလို မုန္းတီးမႈနဲ႔ ဆက္ၿပီးလုပ္တဲ့ပုံစံမ်ိဳး ျဖစ္ေနတယ္။ မတရားဘူးလို႔ ခံစားရတယ္။ ဒါေၾကာင့္ လူထုရဲ႕ ပံ့ပိုးဝန္းရံမႈနဲအတူ အဆုံးထိရင္ ဆိုင္သြားပါ့မယ္’’ဟု ၎က မွတ္ ခ်က္ျပဳသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦး အယ္လ္ေဖာင္းရႈိထံ ယမန္ေန႔က ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း ဆက္သြယ္ မရခဲ့ပါ။

ႏိုင္လြတ္လုံဥပေဒပုဒ္မ ၁၀ ကို က်ဴးလြန္ေၾကာင္း ထင္ရွားစီ ရင္ျခင္းခံရပါက အနည္းဆုံး ေထာင္ဒဏ္ေျခာက္လမွ အမ်ား ဆုံးသုံးႏွစ္အထိ က်ခံရႏိုင္သည့္ အျပင္ ေငြဒဏ္က်ပ္သုံးသိန္းမွ ၁၅ သိန္းအထိလည္း က်ခံရႏိုင္ သည္။

Unicode

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူခြောက်ဦးကို ပြစ်ဒဏ် တိုးမြှင့်ပေးရန် ကယားပြည်နယ်အစိုးရ ပြင်ဆင်မှုတက်

နိုဝင်ဘာ၇ရက်က ကယားလူငယ်ခြောက်ဦးကို နိုင်လွတ်လုံပုဒ်မ(၁၀)ဖြင့် လွိုင်ကော်မြို့နယ်တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ကန့် ကွက်သည့် ကယားလူငယ် ခြောက်ဦးအပေါ်  အလုပ်နှင့် ထောင်ခြောက်လစီချသည့် ပြစ် ဒဏ် နည်းလွန်း၍ တိုးမြှင့်ချ ပေးရန် ကယားပြည်နယ်အစိုးရ အဖွဲ့က လွိုင်ကော်ခရိုင်တရားသို့  ပြင်ဆင်မှု တက်ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်မှာ ကျူး လွန်သည့် ပြစ်မှုနှင့် နှိုင်းယှဉ်လျှင် ပြစ်ဒဏ်နည်းလွန်းသည်ဟု ယူဆ ၍ မြို့နယ်တရားရုံး၏ အမိန့်ကို  ပယ်ဖျက်ပေးရန်နှင့် ခရိုင်တရား ရုံးက ပြစ်ဒဏ်တိုးမြှင့်သည့် အမိန့် ချမှတ်ပေးနိုင်ပါရန် ပြည်နယ်အ စိုးရအဖွဲ့ကိုယ်စား ခရိုင်ဥပဒေ အရာရှိ နန်းသင်းသင်းလှိုင်က ပြင်ဆင်မှု တင်သွင်းထားခြင်းဖြစ် သည်။

ထောင်ဒဏ်ချမှတ်ခံရသော လူငယ်ခြောက်ဦးအနက်တစ်ဦး လွတ်လာပြီးနောက် ပြည်နယ်အ စိုးရအဖွဲ့က လွိုင်ကော်ခရိုင် တရားရုံးတွင် အထက်ပါအတိုင်း  ပြင်ဆင်မှုတက်ထားကြောင်း ယခုရက်ပိုင်းတွင်မှသိရသည်ဟု  ဗိုလ်ချုပ်ရုပ်တုကန့်ကွက်ကြောင်း  လှုပ်ရှားမှုတွင်ပါဝင်သည့် ကယား လူငယ်များက ပြောသည်။ ကျန် သူများလည်း ဒီဇင်ဘာ ၁၀ ရက်တွင် ထောင်လွတ်ရက်စေ့ မည်ဖြစ်သည်။

လက်ရှိတွင် ကယားပြည် နယ်အစိုးရအဖွဲ့၏ ပြင်ဆင်မှု တက်ခြင်းကိစ္စနှင့် ပတ်သက်၍ လွိုင်ကော်ထောင်တွင်းရှိ လူငယ် ငါးဦးနှင့် ၎င်းတို့က သိရှိကြောင်း  လက်မှတ်များထိုးထားရပြီး ဒီဇင် ဘာ ၆ ရက်တွင် ခရိုင်တရားရုံး၌ တရား ရင်ဆိုင်ရမည်ဟု ထောင် ရက်စေ့၍ ပြန်လွတ်လာသည့် ခူး ကြူးဖဲကေးက ပြောသည်။

‘‘ဒါကနိုင်ငံရေးအရ အင်မ တန်မှ  အောက်တန်းကျတဲ့လုပ် ရပ်ဖြစ်ပါတယ်။ ဒုတိယတစ်ချက် က ပုဂ္ဂိုလ်ရေးဆိုင်ရာ မနာလို မုန်းတီးမှုနဲ့ ဆက်ပြီးလုပ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ မတရားဘူးလို့ ခံစားရတယ်။ ဒါကြောင့် လူထုရဲ့ ပံ့ပိုးဝန်းရံမှုနဲအတူ အဆုံးထိရင် ဆိုင်သွားပါ့မယ်’’ဟု ၎င်းက မှတ် ချက်ပြုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦး အယ်လ်ဖောင်းရှိုထံ ယမန်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ် မရခဲ့ပါ။

နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ကို ကျူးလွန်ကြောင်း ထင်ရှားစီ ရင်ခြင်းခံရပါက အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများ ဆုံးသုံးနှစ်အထိ ကျခံရနိုင်သည့် အပြင် ငွေဒဏ်ကျပ်သုံးသိန်းမှ ၁၅ သိန်းအထိလည်း ကျခံရနိုင် သည်။

====================================

END / 251