
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္တဲ့လုပ္ငန္းေတြကို လက္ရွိလႊတ္ေတာ္သက္တမ္းအတြင္းမွာပဲ ၿပီးေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာပါတယ္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္း ေဆာင္႐ြက္ေနတဲ့အေပၚ ေဆြးေႏြးမႈ တခ်ိဳ႕နဲ႔ပတ္သက္လို႔ နာယကရဲ႕ တာဝန္ရွိမႈအပိုင္းကေန လႊတ္ေတာ္ကို အသိေပးေျပာၾကားတာမွာ အခုလို ေျပာတာပါ။
ျပင္ဆင္ေရးလုပ္ငန္းကို စတင္ေဆာင္႐ြက္ကတည္းက ဒီသက္တမ္းအတြင္း ေဆာင္႐ြက္ႏိုင္တဲ့ လုပ္ငန္းတစ္ခုအေနနဲ႔ လက္ခံ ေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔လည္း ဦးတီခြန္ျမတ္က ေျပာပါတယ္။
ဒါ့အျပင္ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္လို႔ ဆက္လက္ေဆြးေႏြးမယ့္အစီအစဥ္ေတြမွာ အစည္းအေဝးအတြင္း လိုက္နာရမယ့္ စည္းကမ္းေတြကို အေလးထားဖို႔လည္း လိုတယ္လို႔ နာယကက သတိ ေပးခဲ့ပါတယ္။
ဒီကေန႔ အစည္းအေဝးမွာလည္း ၿပီးခဲ့တဲ့ ၂၈ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္အပါအဝင္ ကိုယ္စားလွယ္ ၁၄၄ ဦးတင္သြင္းထားတဲ့ ဖြဲ႕စည္းပုံအေျခ ခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းကို ေဆြးေႏြးၾကတာမွာ
သတ္မွတ္စည္းကမ္းေတြနဲ႔ ညီၫြတ္မႈမရွိတဲ့ ေဆြးေႏြး ခ်က္ေတြကို မွတ္တမ္းကေန ပယ္ဖ်က္သြားမယ္လို႔ ဒုတိယအႀကိမ္ အသိေပးတင္ျပခဲ့ပါတယ္။
Unicode
ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့လုပ်ငန်းတွေကို လက်ရှိလွှတ်တော်သက်တမ်းအတွင်းမှာပဲ ပြီးအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အပေါ် ဆွေးနွေးမှု တချို့နဲ့ပတ်သက်လို့ နာယကရဲ့ တာဝန်ရှိမှုအပိုင်းကနေ လွှတ်တော်ကို အသိပေးပြောကြားတာမှာ အခုလို ပြောတာပါ။
ပြင်ဆင်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လက်ခံ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ဦးတီခွန်မြတ်က ပြောပါ တယ်။
ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးမယ့်အစီအစဉ်တွေမှာ အစည်းအဝေးအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို အလေးထားဖို့လည်း လိုတယ်လို့ နာယကက သတိပေးခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာလည်း ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင် ကိုယ်စားလှယ် ၁၄၄ ဦးတင်သွင်းထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆွေးနွေးကြတာမှာ သတ်မှတ်စည်းကမ်းတွေနဲ့
ညီညွတ်မှုမရှိတဲ့ ဆွေးနွေး ချက်တွေကို မှတ်တမ်းကနေ ပယ်ဖျက်သွားမယ်လို့ ဒုတိယအကြိမ် အသိပေးတင်ပြခဲ့ပါတယ်။
====================================
END / 251