၃ ဒီဇင်ဘာ ၂၀၁၉ - ၁၈:၀၀
ပင္လယ္က်ားေဖာင္လုပ္ငန္းတြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈရွိမရွိ ကြင္းဆင္းစစ္ေဆး

ပင္လယ္က်ားေဖာင္ေတြမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈက်ယ္ျပန႔္ လာတာေၾကာင့္ ေျမျပင္ကြင္းဆင္းစစ္ေဆးတာလို႔ ျမန္မာႏိုင္ငံ အမ်ိဳး သား လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ အတြင္းေရးမႉး ဦးဘုန္းၾကြယ္က ေျပာပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ပင္လယ္က်ားေဖာင္ေတြမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈက်ယ္ျပန႔္လာတာေၾကာင့္ ေျမျပင္ကြင္းဆင္းစစ္ေဆးတာလို႔ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ အတြင္းေရးမႉး ဦးဘုန္း ၾကြယ္က ေျပာပါတယ္။

ဒဂုံတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသား ကိုျမတ္သူရထြန္း လူကုန္ကူးခံရၿပီး ညႇဥ္းပန္းႏွိပ္စက္ခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္၊ ေဒါက္တာ ျမင့္ၾကည္နဲ႔အတြင္းေရးမႉး ဦးဘုန္းႂကြယ္တို႔က ဒီကေန႔ ဖ်ာပုံၿမိဳ႕နယ္၊ ခါးျပတ္ေက်း႐ြာက လုပ္ငန္းရွင္ေတြ ေဖာင္ဦးစီးေတြ၊ ေရလုပ္သားေတြနဲ႔ ေတြ႕ဆုံၿပီး ကြင္းဆင္းစစ္ေဆးခဲ့ပါတယ္။

“အေျခခံတာကေတာ့ ကိုျမတ္သူရထြန္းအမႈနဲ႔ပတ္သက္ၿပီး အေျခခံၿပီးေတာ့ ကိုယ္တို႔စၿပီး ဒီစစ္ေဆးမႈကို ေဆာင္႐ြက္တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒီအမႈတစ္ခုထဲတင္ မကဘူး။ ဒီကိစၥ ေတြဟာ ကိုယ္ေစာေစာက ေျပာသလို ကိုယ္တို႔ ေကာ္မရွင္ဥပေဒမွာ ပါတဲ့အတိုင္းပဲ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြဟာ နည္းနည္းက်ယ္ျပန႔္လာတယ္။ သူ႔လိုအမႈေတြ မ်ားလာတယ္။ ထို႔အတူပဲ ဒါေတြက လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ စနစ္တရပ္အျဖစ္ ဦးတည္လာတာျဖစ္ေနတဲ့အတြက္ ေကာ္မရွင္ အဖြဲ႕ဝင္မ်ားနဲ႔အတူ ကြင္းဆင္းစစ္ေဆးဖို႔ လာျခင္းျဖစ္ပါတယ္”လို႔ ဦးဘုန္းႂကြယ္က ေျပာပါတယ္။

လူ႔အခြင့္အေရးေကာ္မရွင္ ဥပေဒ ပုဒ္မ၂၈မွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈက်ယ္ျပန႔္လာတာ၊ ဒါမွမဟုတ္ စနစ္တစ္ခုအျဖစ္ ကူးေျပာင္းလာရင္ ေကာ္မရွင္က စုံစမ္းစစ္ေဆးဖို႔ ျပ႒ာန္းထား ပါတယ္။

ပင္လယ္ျပင္ က်ားေဖာင္ေတြမွာ အခုလိုျပႆနာေတြႀကဳံေတြ႕ေနရတာဟာ လုပ္ငန္းရွင္ေတြမွာေရာ ေရလုပ္သားေတြမွာပါ အမွားမကင္းၾကဘူးလို႔ လုပ္ငန္းရွင္ေတြက ေကာ္မရွင္အဖြဲ႕ကို ေျပာပါ တယ္။

ေရလုပ္သားေတြ လိမ္လည္မႈမ်ားတဲ့အေပၚ လုပ္ငန္းရွင္ေတြဘက္က စည္းကမ္းတင္းရာ ကေန အခုလိုျပႆနာေတြ ႀကဳံေနရတာလို႔လည္း ဆိုပါတယ္။ အရင္က ၃ လ တႀကိမ္ ေရလုပ္သားေတြကို ကုန္းေပၚကို ၅ ရက္ကေန ၇ ရက္ေလာက္အထိ ျပန္ခြင့္ေပးေပမယ့္ ေနာက္ပိုင္းမွာ ေရလုပ္သားေတြက ျပန္မဆင္းတဲ့အေပၚ ကမ္းေပၚတက္ခြင့္ ပိတ္ပင္ခဲ့တာလို႔လည္း ဆိုပါတယ္။

ပင္လယ္က်ားေဖာင္ေတြမွာျဖစ္ပြားေနတဲ့ အဓိကျပႆနာဟာ လူပြဲစားေတြေၾကာင့္ ျဖစ္တယ္ လို႔ ေဖာင္ဦးစီးတဦးက ဒီဗြီဘီကို ေျပာပါတယ္။  လူပြဲစားေတြဟာ လုပ္ငန္းရွင္ဘက္ကေရာ ေရလုပ္ သားေတြဘက္ကပါ အက်ိဳးအျမတ္ရယူေန သလို မေကာင္းတဲ့သူေတြလည္း ရွိတယ္လို႔ ေရလုပ္သားတဦးက ဆိုပါတယ္။

အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြကို ဒီဇင္ဘာ ၂ ရက္ေန႔က စၿပီး ဖ်ာပုံၿမိဳ႕က ဌာနဆိုင္ရာေတြကို စတင္စစ္ေဆးေနတာပါ။

ပင္လယ္က်ားေဖာင္ေတြမွာ အခုႏွစ္အတြင္း လူေပ်ာက္မႈ ၁၄၆ မႈျဖစ္ခဲ့ၿပီး ရဲတပ္ဖြဲ႕ကို တိုင္ၾကားမႈက ၁၂၇ မႈပဲ ရွိပါတယ္။ ဒါ့အျပင္ အဲဒီက်ားေဖာင္ေတြမွာ လူေသဆုံးမႈ ၁၈ မႈနဲ႔ လူသတ္မႈ ၈ မႈရွိခဲ့ ပါတယ္။

Unicode

ပင်လယ်ကျားဖောင်လုပ်ငန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး

ပင်လယ်ကျားဖောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုကျယ်ပြန့်လာတာကြောင့် မြေပြင်ကွင်းဆင်းစစ်ဆေးတာလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦး ဘုန်းကြွယ်က ပြောပါတယ်။

ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦး ယုလွင်အောင်၊ ဒေါက်တာ မြင့်ကြည်နဲ့အတွင်းရေးမှူး ဦးဘုန်းကြွယ်တို့က ဒီကနေ့ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာက လုပ်ငန်းရှင်တွေ ဖောင်ဦးစီးတွေ၊ ရေလုပ်သားတွေနဲ့ တွေ့ဆုံပြီး ကွင်း ဆင်းစစ်ဆေးခဲ့ပါတယ်။

“အခြေခံတာကတော့ ကိုမြတ်သူရထွန်းအမှုနဲ့ပတ်သက်ပြီး အခြေခံပြီးတော့ ကိုယ်တို့စပြီး ဒီစစ်ဆေးမှုကို ဆောင်ရွက်တာဖြစ်ပါတယ်။ သို့သော်လည်း ဒီအမှုတစ်ခုထဲတင် မကဘူး။ ဒီကိစ္စ တွေဟာ ကိုယ်စောစောက ပြောသလို ကိုယ်တို့ ကော်မရှင်ဥပဒေမှာ ပါတဲ့အတိုင်းပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နည်းနည်းကျယ်ပြန့်လာတယ်။ သူ့လိုအမှုတွေ များလာတယ်။ ထို့ အတူပဲ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်တဲ့ စနစ်တရပ်အဖြစ် ဦးတည်လာတာဖြစ်နေတဲ့အတွက် ကော်မရှင် အဖွဲ့ဝင်များနဲ့အတူ ကွင်းဆင်းစစ်ဆေးဖို့ လာခြင်းဖြစ်ပါတယ်”လို့ ဦးဘုန်းကြွယ် က ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ၂၈မှာ လူ့အခွင့်အရေးချိုးဖောက်မှုကျယ်ပြန့်လာတာ၊ ဒါမှမဟုတ် စနစ်တစ်ခုအဖြစ် ကူးပြောင်းလာရင် ကော်မရှင်က စုံစမ်းစစ်ဆေးဖို့ ပြဋ္ဌာန်းထား ပါတယ်။

ပင်လယ်ပြင် ကျားဖောင်တွေမှာ အခုလိုပြဿနာတွေကြုံတွေ့နေရတာဟာ လုပ်ငန်းရှင်တွေမှာရော ရေလုပ်သားတွေမှာပါ အမှားမကင်းကြဘူးလို့ လုပ်ငန်းရှင်တွေက ကော်မရှင်အဖွဲ့ကို ပြောပါတယ်။

ရေလုပ်သားတွေ လိမ်လည်မှုများတဲ့အပေါ် လုပ်ငန်းရှင်တွေဘက်က စည်းကမ်းတင်းရာ ကနေ အခုလိုပြဿနာတွေ ကြုံနေရတာလို့လည်း ဆိုပါတယ်။ အရင်က ၃ လ တကြိမ် ရေလုပ်သား တွေကို ကုန်းပေါ်ကို ၅ ရက်ကနေ ၇ ရက်လောက်အထိ ပြန်ခွင့်ပေးပေမယ့် နောက်ပိုင်းမှာ ရေလုပ်သားတွေက ပြန်မဆင်းတဲ့အပေါ် ကမ်းပေါ်တက်ခွင့် ပိတ်ပင်ခဲ့တာလို့လည်း ဆိုပါတယ်။

ပင်လယ်ကျားဖောင်တွေမှာဖြစ်ပွားနေတဲ့ အဓိကပြဿနာဟာ လူပွဲစားတွေကြောင့် ဖြစ်တယ် လို့ ဖောင်ဦးစီးတဦးက ဒီဗွီဘီကို ပြောပါတယ်။  လူပွဲစားတွေဟာ လုပ်ငန်းရှင်ဘက်ကရော ရေလုပ် သားတွေဘက်ကပါ အကျိုးအမြတ်ရယူနေ သလို မကောင်းတဲ့သူတွေလည်း ရှိတယ်လို့ ရေလုပ်သားတဦးက ဆိုပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဒီဇင်ဘာ ၂ ရက်နေ့က စပြီး ဖျာပုံမြို့က ဌာနဆိုင်ရာတွေကို စတင်စစ်ဆေးနေတာပါ။

ပင်လယ်ကျားဖောင်တွေမှာ အခုနှစ်အတွင်း လူပျောက်မှု ၁၄၆ မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားမှုက ၁၂၇ မှုပဲ ရှိပါတယ်။ ဒါ့အပြင် အဲဒီကျားဖောင်တွေမှာ လူသေဆုံးမှု ၁၈ မှုနဲ့ လူ သတ်မှု ၈ မှုရှိခဲ့ပါတယ်။

====================================

END / 251