၉ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၅၁
ႏိုင္ငံတကာမ်က္ႏွာစာတြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္ေရး ျမန္မာ-တ႐ုတ္ ေဆြးေႏြး

သမၼတနဲ႔ အတိုင္ပင္ခံတို႔ဟာ ျမန္မာႏိုင္ငံ ေရာက္ရွိေနတဲ့ တ႐ုတ္ႏိုင္ ငံ ျခားေရးဝန္ႀကီး မစၥတာဝမ္ယီနဲ႔ သီးျခားစီေတြ႕ဆုံၿပီး ႏိုင္ငံတကာမ်က္ႏွာ စာမွာ ႏွစ္ႏိုင္ငံ ပိုမိုပူးေပါင္းေဆာင္႐ြက္ေရး ေဆြးေႏြး ခဲ့ၾကပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


သမၼတနဲ႔ အတိုင္ပင္ခံတို႔ဟာ ျမန္မာႏိုင္ငံ ေရာက္ရွိေနတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယီနဲ႔ သီးျခားစီေတြ႕ဆုံၿပီး ႏိုင္ငံတကာမ်က္ႏွာစာမွာ ႏွစ္ႏိုင္ငံ ပိုမိုပူးေပါင္းေဆာင္႐ြက္ေရး ေဆြးေႏြး ခဲ့ၾကပါတယ္။

သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ကို ဒီဇင္ဘာ ၇ ရက္က ညေနပိုင္းက သမၼတ အိမ္ေတာ္ရဲ႕ သံတမန္ေဆာင္မွာ တနာရီျခားစီ လက္ခံေတြ႕ဆုံခဲ့ၾကတာပါ။

ေတြ႕ဆုံပြဲမွာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုတိုးျမႇင့္ဖို႔၊ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဖက္ဆက္ဆံေရးကို အေျခခံၿပီး ႏွစ္ႏိုင္ငံ ဖြံ႕ၿဖိဳး တိုးတက္ေရးကိစၥေတြမွာ ပိုမိုက်ယ္ျပန႔္စြာ ပူးေပါင္းေဆာင္႐ြက္ဖို႔၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာမ်က္ႏွာစာမွာ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ဖို႔၊ ႏွစ္ႏိုင္ငံ ျပည္သူအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈ တိုးျမႇင့္ ဖို႔တို႔နဲ႔ စပ္လ်ဥ္းၿပီး တလွည့္စီ ေဆြးေႏြးခဲ့ၾကပါတယ္။

ႏွစ္ႏိုင္ငံ ေဆြးေႏြးပြဲအတြင္း ၂၀၂၀ ျပည့္ႏွစ္မွာ က်ေရာက္မယ့္ သံတမန္ဆက္ဆံေရးႏွစ္ ၇၀ ျပည့္အထိမ္းအမွတ္ အခမ္းအနားမ်ား က်င္းပဖို႔နဲ႔ ဘက္စုံမဟာဗ်ဴဟာေျမာက္ ဆက္ဆံမႈ ထူေထာင္ဖို႔၊ ျမန္မာ-တ႐ုတ္ စီးပြားေရးစႀကႍ အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔၊ ႏွစ္ႏိုင္ငံ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ ဇုန္တည္ေထာင္ေရးဆိုင္ရာ စီမံကိန္းေတြ ပိုမိုထိေရာက္စြာ အေကာင္အ ထည္ေဖာ္ေဆာင္႐ြက္ဖို႔၊ ယဥ္ေက်းမႈ၊ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္နဲ႔ က႑စုံ ပူးေပါင္းေဆာင္႐ြက္ဖို႔တို႔နဲ႔ စပ္လ်ဥ္းၿပီး ေဆြးေႏြးၾကတယ္လို႔  အစိုးရက သတင္းထုတ္ျပန္ပါတယ္။

Unicode

နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး မြန်မာ-တရုတ် ဆွေးနွေး

သမ္မတနဲ့ အတိုင်ပင်ခံတို့ဟာ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနဲ့ သီးခြားစီတွေ့ဆုံပြီး နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၇ ရက်က ညနေပိုင်းက သမ္မတအိမ်တော်ရဲ့ သံတမန်ဆောင်မှာ တနာရီခြားစီ လက်ခံတွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အခြေခံပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖို့တို့နဲ့ စပ်လျဉ်းပြီး တလှည့်စီ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်မယ့် သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပဖို့နဲ့ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံမှု ထူ ထောင်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အမြန်ဆုံးအကောင်အထည်ဖော်ဖို့၊ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင်ရေးဆိုင်ရာ စီမံကိန်းတွေ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့တို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးကြတယ်လို့  အစိုးရက သတင်းထုတ် ပြန်ပါတယ်။

====================================

END / 251