၁၂ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၁၇


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi




‘‘အမေရိကန်ပြည်ထောင်စု ဟာ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေး ဆွဲမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု၊ လူသတ်မှု၊ ဒါမှမဟုတ် အပြစ်မဲ့အရပ်သားတွေအပေါ် လူ မဆန်မှု တွေအေ ပါ် လက်သင့်ခံ မှာမဟုတ်ပါဘူး’’ ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗန်မန်နူး ချင်က ပြောသည်။






Unicode

တပ်ချုပ်အပါအဝင် တပ်မတော်အရာရှိကြီးလေးဦးကို အမေရိကန်ပိတ်ဆို့အရေးယူမှု နိုင်ငံရေးအရ ဖိအားပေး ပစ်မှတ်ထားမှုဖြစ်ကြောင်း တပ်မတော်တုံ့ပြန်

မြန်မာနိုင်ငံတွင် ပြင်း ထန်သော လူ့အခွင့်အရေးချိုး ဖောက်မှုများ ကျူးလွန်သည် ဟူသော စွပ်စွဲချက်ဖြင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အပါ အဝင် တပ်မတော် အရာရှိကြီး လေးဦးကို အရေးယူပိတ်ဆို့ ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက် တွင် ထုတ်ပြန်ကြေညာသည်။

အပြည်ပြည်ဆိုင်ရာလူ့အ ခွင့်အရေးနေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြား ပစ္စည်းပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC)က မြန်မာ၊ ပါကစ္စတန်၊ လစ် ဗျား၊ ဆလိုဗက်ကီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင် ငံ၊ တောင်ဆူဒန်တို့မှ ၁၈ ဦးကို ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

‘‘အမေရိကန်ပြည်ထောင်စု ဟာ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေး ဆွဲမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု၊ လူသတ်မှု၊ ဒါမှမဟုတ် အပြစ်မဲ့အရပ်သားတွေအပေါ် လူ မဆန်မှုတွေအပေါ် လက်သင့်ခံ မှာမဟုတ်ပါဘူး’’ ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗန်မန်နူး ချင်က ပြောသည်။

အမေရိကန်၏ အထက်ပါ အရေးယူပိတ်ဆို့မှုသည် ရည်ရွယ် ချက်ရှိရှိဖြင့် နိုင်ငံရေးအရ ဖိအား ပေးပစ်မှတ်ထားမှုဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။

‘‘ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားဆောင်ရွက်တာဖြစ်တဲ့အ တွက် အနည်းဆုံးတော့ ဂုဏ် သိက္ခာထိခိုက်တာပေါ့’’ ဟု ၎င်း က ပြောသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် သမိုင်းကြောင်းနှင့် ဆက်စပ်ပထ ဝီအနေအထားကို သိရှိရန် အ ရေးကြီးကြောင်းနှင့် ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ တို့တွင် ဖြစ်ပွားမှု သည် လုံ ခြုံရေးတပ်ဖွဲ့ဝင်များက အစပြုခဲ့ခြင်း မဟုတ်ကြောင်း လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆိုသည်။

အမေရိကန်၏ပိတ်ဆို့အ ရေးယူမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ တပ်မ(၉၉)မှ ဗိုလ်မှူး ချုပ်သန်းဦးနှင့် တပ်မ(၃၃)မှ ဗိုလ် မှူးချုပ်အောင်အောင်တို့ပါဝင်ပြီး အရေးယူခံရသူများသည် အမေ ရိကန်ရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ပိတ်ပင်ခံရမည်ဖြစ်သည်။ ထို့ အပြင် အမေရိကန်ရှိမည်သူမဆို အရေးယူခံရသူများကို ငွေကြေး ဆိုင်ရာအရောင်းအဝယ်ပြုလုပ်ပါ က ရာဇဝတ်မှုကျူးလွန်ခြင်းအ ဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်တွင် အမေ ရိကန်ပြည်ထောင်စုသည် အ ထက်ပါတပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်နှစ်ဦးနှင့် အရာရှိ ကြီးနှစ်ဦး၊ ၎င်းတို့၏မိသားစုဝင် များကို အမေရိကန်သို့ဝင်ရောက် ခွင့် ကန့်သတ်တားမြစ်ခဲ့သည်။

====================================

END / 251