အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမွာတာဝန္ရွိတယ္ဆိုၿပီး ျမန္မာတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ တပ္မေတာ္အရာရွိႀကီး ၄ ဦးအေမရိကန္ ဘ႑ာ ေရးဝန္ႀကီး ဌာနက ဒဏ္ခတ္အေရးယူလိုက္ပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ကခ်င္နဲ႔ ရွမ္းျပည္နယ္ အပါအဝင္ တျခားတိုင္းရင္းသား ေဒသေတြမွာ တပ္မေတာ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ဆိုၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ အမွတ္ ၉၉ ေျခလ်င္တပ္မမႉး ဗိုလ္ခ်ဳပ္သန္းဦးနဲ႔ အမွတ္ ၃၃ ေျခလ်င္တပ္မမႉး ဗိုလ္ခ်ဳပ္ေအာင္ေအာင္တို႔ကို ကမာၻလုံး ဆိုင္ရာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ဥပေဒအရ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္လိုက္တာျဖစ္ပါတယ္။
ျမန္မာ၊ ပါကစၥတန္၊ လစ္ဗ်ား၊ ဆလိုဗာကီးယား၊ ကြန္ဂိုနဲ႔ ေတာင္ဆူဒန္ႏိုင္ငံေတြက လူပုဂၢိဳလ္ ၁၈ ဦးနဲ႔လုပ္ငန္း ၆ ခုတို႔ကို အေမရိကန္ဘ႑ာေရးဌာနက ဒီဇင္ဘာလ ၁၀ ရက္ ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔မွာ ဒဏ္ခတ္ အေရးယူလိုက္တာျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ညႇဥ္းပန္းႏွိပ္စက္မႈ၊ ျပန္ေပးဆြဲမႈ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ လူသတ္မႈနဲ႔ အျပစ္မဲ့အရပ္သားေတြအေပၚ လူမဆန္စြာျပဳမူမႈေတြကို သည္း ခံမွာ မဟုတ္ဘူးလို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး စတီဗန္မန္ႏူခ်င္းက ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။
အဆိုပါ လူပုဂၢိဳလ္ေတြ တဦးခ်င္းစီရဲ႕ ပိုင္ဆိုင္မႈေတြအားလုံးနဲ႔ သြယ္ဝိုက္သို႔မဟုတ္ တိုက္႐ိုက္ ပိုင္ဆိုင္တဲ့ အက်ိဳးစီးပြားပိုင္ဆိုင္မႈေတြအားလုံးကို အေမရိကန္အေနနဲ႔ တားဆီး ထိမ္းခ်ဳပ္ ထားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
Unicode
ဗိုလ်ချုပ်မှူးကြီး အပါအဝင် ၄ ဦးကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူ
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုမှာတာဝန်ရှိတယ်ဆိုပြီး မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီး ၄ ဦး အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ် အပါအဝင် တခြားတိုင်းရင်းသား ဒေသတွေမှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ် လို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်အောင် အောင်တို့ကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု ဥပဒေအရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။
မြန်မာ၊ ပါကစ္စတန်၊ လစ်ဗျား၊ ဆလိုဗာကီးယား၊ ကွန်ဂိုနဲ့ တောင်ဆူဒန်နိုင်ငံတွေက လူပုဂ္ဂိုလ် ၁၈ ဦးနဲ့ လုပ်ငန်း ၆ ခုတို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ဒဏ်ခတ် အရေးယူလိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူသတ်မှုနဲ့ အပြစ်မဲ့အရပ်သားတွေအပေါ် လူမဆန်စွာပြုမူမှု တွေကို သည်းခံမှာ မဟုတ်ဘူးလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗန်မန်နူချင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အဆိုပါ လူပုဂ္ဂိုလ်တွေ တဦးချင်းစီရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ သွယ်ဝိုက်သို့မဟုတ် တိုက်ရိုက် ပိုင်ဆိုင်တဲ့ အကျိုးစီးပွားပိုင်ဆိုင်မှုတွေအားလုံးကို အမေရိကန်အနေနဲ့ တားဆီးထိမ်းချုပ် ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
====================================
END / 251
၁၂ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၃၂
News ID: 993406
ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမွာတာဝန္ရွိ တယ္ဆိုၿပီး ျမန္မာတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အပါ အဝင္ တပ္မေတာ္အရာရွိႀကီး ၄ ဦးအေမရိကန္ ဘ႑ာ ေရးဝန္ ႀကီး ဌာနက ဒဏ္ခတ္အေရးယူလိုက္ပါတယ္။