၁၂ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၄၇
ေဒၚေအာင္ဆန္းစုၾကည္ကို အေမအိုအျဖစ္သုံးႏႈန္းမႈ တပ္မေတာ္သားကိုယ္စားလွယ္ကန႔္ကြက္

ေဒၚေအာင္ဆန္း စုၾကည္ကို အမယ္အိုႀကီးအျဖစ္ သုံးႏႈန္း ေျပာဆိုျခင္းမျပဳရန္ တပ္မ ေတာ္သားလႊတ္ေတာ္ကိုယ္စား လွယ္ဗိုလ္မႉးခ်ဳပ္ ေက်ာ္ေက်ာ္စိုး က ယမန္ေန႔ က်င္းပ သည့္ ျပည္ ေထာင္စုလႊတ္ေတာ္ အစည္းအ ေဝးတြင္ ကန႔္ကြက္ ေျပာဆိုသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ေဒၚေအာင္ဆန္း စုၾကည္ကို အမယ္အိုႀကီးအျဖစ္ သုံးႏႈန္းေျပာဆိုျခင္းမျပဳရန္ တပ္မ ေတာ္သားလႊတ္ေတာ္ကိုယ္စား လွယ္ဗိုလ္မႉးခ်ဳပ္ ေက်ာ္ေက်ာ္စိုး က ယမန္ေန႔ က်င္းပ သည့္ျပည္ ေထာင္စုလႊတ္ေတာ္ အစည္းအ ေဝးတြင္ ကန႔္ကြက္ေျပာဆိုသည္။

မြန္ျပည္နယ္ မဲဆႏၵနယ္အ မွတ္ (၈) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမ်ိဳးဝင္းက ဖြဲ႕ စည္းပုံအေျခခံဥပေဒကို ဒုတိယ အႀကိမ္ျပင္ဆင္သည့္ ဥပေဒ ၾကမ္းႏွင့္ ပတ္သက္ ၿပီးေဆြးေႏြး ေျပာဆိုရာတြင္ ေဒၚေအာင္ဆန္း စုၾကည္အားအမယ္အိုအျဖစ္ သုံး ႏႈန္းျခင္းကို တပ္မေတာ္သားကိုယ္ စားလွယ္က ကန႔္ကြက္ခဲ့ျခင္းျဖစ္ သည္။

‘‘ကြၽန္ေတာ္တို႔ရဲ႕ အေမ႐ြယ္၊ အဘြားအ႐ြယ္ အသက္(၇၀) ေက်ာ္အ႐ြယ္အေမအိုႀကီး က ဘာသာ၊ လူမ်ိဳးမခြဲျခားဘဲ အားလုံးကို ေသြးသားအရင္းလို သေဘာထားၿပီး တစ္ႏိုင္ ငံလုံး ကိုယ္စား သူ႔ဘဝကိုရင္းလု႔ိ တာ ဝန္ယူ၊ တာဝန္ခံမႈအျပည့္နဲ႔၊ ဒီေန႔ ICJ မွာ သတၱိရွိစြာနဲ႔ကာကြယ္ ေနခ်ိန္မွာ ကြၽန္ေတာ္တို႔ေတြဒီလို ကိုယ့္အလို ကိုယ္ေျပာဆိုေနၾက တာ ဟာ အင္မတန္ရွက္စရာ ေကာင္းပါတယ္။ ဒါေၾကာင့္ တာဝန္အသိကိုယ္စီနဲ႔  အာဃာတ ကို ခဝါခ်ၿပီးအခုကစေရွ႕ဆက္ သြားႏိုင္ေအာင္ႀကိဳးစားၾကပါလို႔ တိုက္တြန္းပါတယ္’’ ဟု  ဒီခ်ဳပ္အ မတ္ဦးမ်ိဳးဝင္းကေျပာ ေဆြးေႏြး သည္။

ထိုသို႔ ေဆြးေႏြးမႈႏွင့္ပတ္ သက္၍ တပ္မေတာ္သားလႊတ္ ေတာ္ကိုယ္စားလွယ္က ‘‘ေနာက္ ဆုံးေဆြးေႏြးတဲ့အမယ္အိုႀကီး၊ အ ဘြားအိုႀကီး၊ကြၽန္ေတာ္တို႔ျပည္သူ တစ္ရပ္လုံးနဲ႔ ကမာၻမွာရွိတဲ့ လူထု အားလုံးၾကည့္ေနတဲ့အခ်ိန္မွာ ဒီ လိုမဖြယ္မရာ ပုဂၢိဳလ္ေရးစကား ေတြကို အဘိုး၊ အဘြားေတြထည့္ သြင္းမသုံးသင့္ပါဘူး’’ ဟု ေျပာဆို ကန႔္ကြက္ခဲ့သည္။

အဆိုပါ ကန႔္ကြက္ေျပာဆို ျခင္းမ်ားႏွင့္ပတ္သက္ၿပီး လႊတ္ ေတာ္အစည္းအေဝးၿပီးဆုံးခ်ိန္ တြင္ ျပန္လည္စိစစ္စီမံေဆာင္ ႐ြက္ေပးမည္ျဖစ္ေၾကာင္း ျပည္ ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ကေျပာသည္။

ထို႔အျပင္ လႊတ္ေတာ္အ တြင္း ေဆာင္႐ြက္ေနသည့္ ဖြဲ႕ စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ ရာတြင္  ဒီခ်ဳပ္ပါတီအေနျဖင့္ အ ခ်ိန္ဆြဲေနျခင္းမဟုတ္ဘဲ ဖြဲ႕စည္း ထားသည့္ ေကာ္မ တီတြင္ မွန္ ကန္ျမန္ဆန္စြာ စဥ္းစားဆုံးျဖတ္ ႏိုင္သည့္သူမ်ား ပါဝင္သကဲ့သို႔ ပုဒ္မတစ္ခုကို စိစိစစ္စစ္ျပဳလုပ္ ႏိုင္သည့္ ကိုယ္စားလွယ္မ်ား လည္းပါေနျခင္းေၾကာင့္ အခ်ိန္ အ နည္းငယ္ပိုၾကာသြားျခင္းျဖစ္ ေၾကာင္း ဦးမ်ိဳးဝင္းက ေျပာသည္။

ယင္းေဆြးေႏြးမႈႏွင့္ပတ္ သက္၍ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ရာတြင္ ပါတီတစ္ခုက ဦး ေဆာင္ၿပီး ေဆာင္႐ြက္ေနျခင္းမ်ိဳး မဟုတ္ဘဲ တပ္မေတာ္သားကိုယ္ စားလွယ္မ်ား အေနျဖင့္လည္း ဖြဲ႕ စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ သင့္သည့္အခ်ိန္တြင္ ျပင္ဆင္ႏိုင္ ေရး အၿမဲပူးေပါင္းေဆာင္႐ြက္ေန ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေက်ာ္ေက်ာ္ စိုး ကေျပာသည္။

Unicode

ဒေါ်အောင်ဆန်းစုကြည်ကို အမေအိုအဖြစ်သုံးနှုန်းမှု တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်

ဒေါ်အောင်ဆန်း စုကြည်ကို အမယ်အိုကြီးအဖြစ် သုံးနှုန်းပြောဆိုခြင်းမပြုရန် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်ဗိုလ်မှူးချုပ် ကျော်ကျော်စိုး က ယမန်နေ့ ကျင်းပသည့်ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးတွင် ကန့်ကွက်ပြောဆိုသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အ မှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီးဆွေးနွေး ပြောဆိုရာတွင် ဒေါ်အောင်ဆန်း စုကြည်အားအမယ်အိုအဖြစ် သုံး နှုန်းခြင်းကို တပ်မတော်သားကိုယ် စားလှယ်က ကန့်ကွက်ခဲ့ခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့ရဲ့ အမေ ရွယ်၊ အဘွားအရွယ် အသက် (၇၀) ကျော်အရွယ်အမေအိုကြီး က ဘာသာ၊ လူမျိုးမခွဲခြားဘဲ အားလုံးကို သွေးသားအရင်းလို သဘောထားပြီး တစ် နိုင်ငံလုံး ကိုယ်စား သူ့ဘဝကိုရင်းလု့ိ တာ ဝန်ယူ၊ တာဝန်ခံမှုအပြည့်နဲ့၊ ဒီနေ့ ICJ မှာ သတ္တိရှိစွာနဲ့ကာကွယ် နေချိန်မှာ ကျွန်တော်တို့တွေဒီလို ကိုယ့်အလို ကိုယ် ပြောဆိုနေကြ တာဟာ အင်မတန်ရှက်စရာ ကောင်းပါတယ်။ ဒါကြောင့် တာဝန်အသိကိုယ်စီနဲ့  အာဃာတ ကို ခဝါချပြီးအခုကစရှေ့ဆက် သွားနိုင်အောင်ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်’’ ဟု  ဒီချုပ်အ မတ်ဦးမျိုးဝင်းကပြော ဆွေးနွေး သည်။

ထိုသို့ ဆွေးနွေးမှုနှင့်ပတ် သက်၍ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်က ‘‘နောက် ဆုံးဆွေးနွေးတဲ့အမယ်အိုကြီး၊ အ ဘွားအိုကြီး၊ကျွန်တော်တို့ပြည်သူ တစ်ရပ်လုံးနဲ့ ကမ္ဘာမှာရှိတဲ့ လူထု အားလုံးကြည့်နေတဲ့အချိန်မှာ ဒီ လိုမဖွယ်မရာ ပုဂ္ဂိုလ်ရေးစကား တွေကို အဘိုး၊ အဘွားတွေထည့် သွင်းမသုံးသင့်ပါဘူး’’ ဟု ပြောဆို ကန့်ကွက်ခဲ့သည်။

အဆိုပါ ကန့်ကွက်ပြောဆို ခြင်းများနှင့်ပတ်သက်ပြီး လွှတ် တော်အစည်းအဝေးပြီးဆုံးချိန် တွင် ပြန်လည်စိစစ်စီမံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်ကပြောသည်။

ထို့အပြင် လွှတ်တော်အ တွင်း ဆောင်ရွက်နေသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရာတွင်  ဒီချုပ်ပါတီအနေဖြင့် အ ချိန်ဆွဲနေခြင်းမဟုတ်ဘဲ ဖွဲ့စည်း ထားသည့် ကော်မတီတွင် မှန် ကန်မြန်ဆန်စွာ စဉ်းစားဆုံးဖြတ် နိုင်သည့်သူများ ပါဝင်သကဲ့သို့ ပုဒ်မတစ်ခုကို စိစိစစ်စစ်ပြုလုပ် နိုင်သည့် ကိုယ်စားလှယ်များ လည်းပါနေ ခြင်းကြောင့် အချိန် အနည်းငယ်ပိုကြာသွားခြင်းဖြစ် ကြောင်း ဦးမျိုးဝင်းက ပြောသည်။

ယင်းဆွေးနွေးမှုနှင့်ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပါတီတစ်ခုက ဦး ဆောင်ပြီး ဆောင်ရွက်နေခြင်းမျိုး မဟုတ်ဘဲ တပ်မတော်သားကိုယ် စား လှယ်များအနေဖြင့်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သင့်သည့်အချိန်တွင် ပြင်ဆင်နိုင် ရေး အမြဲပူးပေါင်းဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော် စိုးကပြောသည်။

====================================

END / 251