
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ဗစ္တိုးရီးယားအမႈမွာ အားေကာင္းတဲ့ သက္မဲ့ သက္ေသေတြ ရွိေပမဲ့ တရား႐ုံး ကသံသယရွိသူကို တရားရွင္ျပန္လႊတ္ေပးခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေျပာပါတယ္။
ဒီအမႈမွာ သက္ေသ ၂၆ ဦးစလုံးကို စစ္ေဆးၿပီးမွသာ စြဲခ်က္တင္သင့္မတင္သင့္ကို ဆုံးျဖတ္သင့္တယ္လို႔လည္း မႈခင္းရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္က ေျပာပါတယ္။
ဗစ္တိုးရီးယားအမႈမွာ စြဲစြပ္ဖမ္းဆီးခံေနရတဲ့ ကိုေအာင္ႀကီးကို တရား႐ုံးက တရားရွင္ ျပန္လႊတ္ေပးခဲ့တာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေနျပည္ေတာ္ရွိ ဌာနခ်ဳပ္မွာ ဒီ ကေန႔ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေျပာၾကားသြားတာပါ။
ဒါ့အျပင္ တရားလိုရဲ႕ ပထမ သတင္းေပးတိုင္တန္းခ်က္ေတြကတမ်ိဳး ေနာက္ပိုင္းမွာမွ ေျပာင္းလဲမႈေတြ ျဖစ္သြားတယ္လို႔လည္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ဒီေန႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ဗစ္တိုးရီးယားကေလးငယ္ရဲ႕ အမည္ကို ရဲတပ္ဖြဲ႕က လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုခဲ့တာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြလည္း ထြက္ ေပၚေနပါတယ္။
တရားလိုျပသက္ေသေတြ မကုန္ခင္မွာဘဲ ဗစ္တိုးရီးယားနဲ႔ ပတ္သက္လို႔ ျပစ္မႈက်ဴးလြန္တယ္လို႔ စြပ္စြဲခံရတဲ့ ယာဥ္ေမာင္း ေအာင္ႀကီးကို ျပစ္မႈက်ဴးလြန္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ သုံး သပ္ၿပီး တရားသူႀကီးက ဒီဇင္ဘာ ၁၈ ရက္ေန႔ ႐ုံးခ်ိန္းမွာ ျပန္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။
၂၀၁၉ ေမလက ေနျပည္ေတာ္မွာရွိတဲ့ wisdom hill မူႀကိဳေက်ာင္းမွာ ေက်ာင္းတက္ေနတဲ့ မိန္းကေလးငယ္တဦး လိင္အၾကမ္းဖက္ခံရမႈ ျဖစ္ပြားခဲ့ပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး မူႀကိဳေက်ာင္းရဲ႕ ယာဥ္ေမာင္း ကိုေအာင္ႀကီးကို ဖမ္းဆီးခဲ့ၿပီး ႐ုံးတင္စြဲဆိုဖို႔ သက္ေသမလုံေလာက္တဲ့အတြက္ ျပန္လႊတ္ေပးခဲ့ကာ ဇြန္လလယ္မွာ ရဲက ျပန္လည္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
ယာဥ္ေမာင္း ကိုေအာင္ႀကီးဟာ ဗစ္တိုးရီးယားအမႈမွာ သံသယရွိမႈနဲ႔ ဖမ္းဆီးခံထားရတာ ၆ လအၾကာမွာ မေန႔က အက်ဥ္းေထာင္ကေန တရားရွင္ ျပန္လည္လြတ္ေျမာက္ လာခဲ့ပါတယ္။
Unicode
ဗစ်တိုးရီးယားအမှု သက်သေစုံမှ တရားစွဲ၊ မစွဲဆုံးဖြတ်သင့်ဟု ရဲတပ်ဖွဲ့ပြော
ဗစ်တိုးရီးယားအမှုမှာ အားကောင်းတဲ့ သက်မဲ့ သက်သေတွေ ရှိပေမဲ့ တရားရုံး ကသံသယရှိသူကို တရားရှင်ပြန်လွှတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြော ပါတယ်။
ဒီအမှုမှာ သက်သေ ၂၆ ဦးစလုံးကို စစ်ဆေးပြီးမှသာ စွဲချက်တင်သင့်မတင်သင့်ကို ဆုံးဖြတ်သင့်တယ်လို့လည်း မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ပြောပါတယ်။
ဗစ်တိုးရီးယားအမှုမှာ စွဲစွပ်ဖမ်းဆီးခံနေရတဲ့ ကိုအောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေပြည်တော်ရှိ ဌာနချုပ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားသွားတာပါ။
ဒါ့အပြင် တရားလိုရဲ့ ပထမ သတင်းပေးတိုင်တန်းချက်တွေကတမျိုး နောက်ပိုင်းမှာမှ ပြောင်းလဲမှုတွေ ဖြစ်သွားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားကလေးငယ်ရဲ့ အမည်ကို ရဲတပ်ဖွဲ့က လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
တရားလိုပြသက်သေတွေ မကုန်ခင်မှာဘဲ ဗစ်တိုးရီးယားနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ယာဉ်မောင်း အောင်ကြီးကို ပြစ်မှုကျူးလွန်ဖို့ မဖြစ်နိုင် ဘူးလို့ သုံးသပ်ပြီး တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ မေလက နေပြည်တော်မှာရှိတဲ့ wisdom hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ မိန်းကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မူကြိုကျောင်းရဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စွဲဆိုဖို့ သက်သေမလုံလောက်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ကာ ဇွန်လလယ်မှာ ရဲက ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ယာဉ်မောင်း ကိုအောင်ကြီးဟာ ဗစ်တိုးရီးယားအမှုမှာ သံသယရှိမှုနဲ့ ဖမ်းဆီးခံထားရတာ ၆ လအကြာမှာ မနေ့က အကျဉ်းထောင်ကနေ တရားရှင် ပြန်လည်လွတ် မြောက်လာခဲ့ပါတယ်။
====================================
END / 251