
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ရွင္းျပရန္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ဒီဇင္ဘာ ၁၈ ရက္က ဘဂၤလား ေဒ့ရွ္ႏိုင္ငံရွိ ဘဂၤါလီဒုကၡသည္စခန္းတစ္ခုတြင္ ဒုကၡသည္မ်ားႏွင့္ေတြ႕ဆုံေနစဥ္။
ဘဂၤလားေဒ့ရွ္ရွိ ဘဂၤါလီဒုကၡသည္မ်ားက ႏိုင္ငံ သားေပးေရးအပါအဝင္ ျမန္မာအ စိုးရက လက္မခံသည့္ အခ်က္ သုံးခ်က္ကို ျမန္မာကိုယ္စားလွယ္ အဖြဲ႕ႏွင့္ ေတြ႕ဆုံစဥ္ ေတာင္းဆိုခဲ့ သည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးခ်မ္းေအး ေခါင္းေဆာင္သည့္ ကိုယ္စား လွယ္အဖြဲ႕သည္ ေကာ့ဘဇားရွိကူ တူပါေလာင္ဒုကၡသည္စခန္းသို႔ ၿပီးခဲ့သည့္ ရက္ပိုင္းအ တြင္း သြားေရာက္ကာ ရခိုုင္ျပည္နယ္ ေျမာက္ပိုင္း၌ ျပန္လည္လက္ခံ ေရး စီစဥ္ေဆာင္႐ြက္ထားမႈ အ ေျခအေနမ်ားကို ရွင္းျပစဥ္ ဘဂၤါ လီမ်ားက အခ်က္သုံးခ်က္ကို အဓိက ေတာင္းဆိုျခင္း ျဖစ္ ေၾကာင္း အဖြဲ႕ေခါင္းေဆာင္က ေျပာသည္။
‘‘သူတို႔ေတာင္းဆိုေနတာက အေျခခံအခြင့္အေရးေတြထက္ စာရင္ ႏိုင္ငံေရးအခြင့္အေရးေတြ ျဖစ္ ေနတယ္’’ဟု အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးဦး စီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦး ခ်မ္းေအးက ေျပာသည္။
ဘဂၤါလီမ်ား အဓိကေတာင္း ဆိုသည့္သုံးခ်က္သည္ တိုင္းရင္း သား၊ ႏိုင္ငံသားအျဖစ္ သတ္မွတ္ ေပးရန္၊ NVC (ႏိုင္ငံသားစိစစ္ခံရ မည့္သူ၏ သက္ေသခံကတ္ျပား) မကိုင္ ေဆာင္ရန္၊ ၎တို႔၏လုံၿခဳံ ေရးအတြက္ တတိယႏိုင္ငံ၊ အဖြဲ႕ အစည္းတစ္ခုက ေစာင့္ၾကည့္ေပး ရန္တို႔ျဖစ္ၿပီးအဆိုပါေတာင္းဆိုခ်က္မ်ားရရွိမွသာျပန္လာမည္ဟုေျပာဆိုေၾကာင္း ဦးခ်မ္းေအးက ရွင္းျပသည္။
‘‘သူတို႔အေျပာအရ တစ္ ေယာက္မွ မျပန္ခ်င္ဘူးဆိုတာ ကြၽန္ေတာ္တို႔က သံသယရွိတယ္။ ကိုယ့္ဘက္ကို ျပန္လာတဲ့သူေတြ ရွိေနတာကိုး။ လူေတြကအမ်ိဳး မ်ိဳးရွိမွာေပါ့။ ဒီေလာက္အေျခခံ အခြင့္အေရးရတာနဲ႔ ျပန္ခ်င္တဲ့ သူလည္းရွိခ်င္ရွိမယ္’’ ဟု ၎က ဆိုသည္။
အထက္ပါ ေတာင္းဆို ခ်က္မ်ားကို လိုက္ေလ်ာရန္ မ ျဖစ္ႏိုင္ေၾကာင္းႏွင့္ လုပ္ေဆာင္ ေပးေနသည့္ အေျခအေန၊ လုပ္ ေဆာင္ေပးႏိုင္သည္မ်ားကို ျမန္ မာကိုယ္စားလွယ္ အဖြဲ႕က ရွင္း ရွင္းလင္းေျပာၾကားခဲ့သည္ဟုဆို သည္။
ျမန္မာအစိုးရက ရခိုင္ျပည္ နယ္ေျမာက္ပိုင္း၌ ပညာေရး၊ က်န္းမာေရးအပါအဝင္ အေျခခံ အခြင့္ အေရးမ်ားကို ပံ့ပိုးေပးမည္ ျဖစ္ၿပီး ႏိုင္ငံသားျဖစ္ခြင့္ကို စိစစ္ ခြင့္ျပဳေပး နေေၾကာင္းႏွင့္ ျဖစ္သင့္ ျဖစ္ထိုက္သူမ်ားကို ခြင့္ျပဳေပး ေၾကာင္းရွင္းျပခဲ့သည္။ ထို႔အျပင္ လက္ရွိ IDP စခန္းမ်ား ပိတ္သိမ္း ရန္ လုပ္ေဆာင္ေနၿပီးျပန္လည္ ဝင္ေရာက္လာ သူမ်ားကို ၾကားစ ခန္းတြင္ အခ်ိန္ၾကာျမင့္စြာထား မည္မဟုတ္ဘဲ စခန္းမ်ား(Camps) ၌လည္း ထားမည္မဟုတ္ေၾကာင္း ဦးခ်မ္းေအးက ေျပာသည္။
ျမန္မာကိုယ္စားလွယ္အဖြဲ႕ သည္ ဘဂၤါလီဒုကၡသည္ ၅၀ ႏွင့္ သုံးနာရီခန႔္ ေတြ႕ဆုံၿပီး ASEAN-ERAT (အာဆီယံအေရးေပၚ တုံ႔ျပန္မႈႏွင့္အကဲျဖတ္အဖြဲ႕) မွ ကိုယ္စားလွယ္ ေျခာက္ဦးလည္း လိုက္ပါခဲ့သည္။
Unicode
နိုင်ငံသားပေးရေးအပါအဝင် အချက်သုံးချက်ကို ဘင်္ဂါလီများတောင်းဆို
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ရှင်းပြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့်တွေ့ဆုံနေစဉ်။
ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်များက နိုင်ငံ သားပေးရေးအပါအဝင် မြန်မာအ စိုးရက လက်မခံသည့် အချက် သုံးချက်ကို မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ်တောင်းဆိုခဲ့ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေး ခေါင်းဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ကော့ဘဇားရှိကူ တူပါလောင်ဒုက္ခသည်စခန်းသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သွားရောက်ကာ ရခိုုင်ပြည်နယ် မြောက်ပိုင်း၌ ပြန်လည်လက်ခံ ရေး စီစဉ်ဆောင်ရွက်ထားမှု အ ခြေအနေများကို ရှင်းပြစဉ် ဘင်္ဂါ လီများက အချက် သုံးချက်ကို အဓိကတောင်းဆိုခြင်း ဖြစ် ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။
‘‘သူတို့တောင်းဆိုနေတာက အခြေခံအခွင့်အရေးတွေထက် စာရင် နိုင်ငံရေးအခွင့်အရေးတွေ ဖြစ် နေတယ်’’ဟု အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး ချမ်းအေးက ပြောသည်။
ဘင်္ဂါလီများ အဓိကတောင်း ဆိုသည့်သုံးချက်သည် တိုင်းရင်း သား၊ နိုင်ငံသားအဖြစ် သတ်မှတ် ပေးရန်၊ NVC (နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား) မကိုင်ဆောင်ရန်၊ ၎င်းတို့၏လုံခြုံ ရေးအတွက် တတိယနိုင်ငံ၊ အဖွဲ့ အစည်းတစ်ခုက စောင့်ကြည့်ပေး ရန်တို့ဖြစ်ပြီး အဆိုပါတောင်းဆို ချက်များရရှိမှသာ ပြန်လာမည် ဟု ပြောဆိုကြောင်း ဦးချမ်းအေးက ရှင်းပြသည်။
‘‘သူတို့အပြောအရ တစ်ယောက်မှ မပြန်ချင်ဘူးဆိုတာ ကျွန်တော်တို့က သံသယရှိတယ်။ ကိုယ့်ဘက်ကို ပြန်လာတဲ့သူတွေ ရှိနေတာကိုး။ လူတွေကအမျိုး မျိုးရှိမှာ ပေါ့။ ဒီလောက်အခြေခံ အခွင့်အရေးရတာနဲ့ ပြန်ချင်တဲ့ သူလည်းရှိချင်ရှိမယ်’’ ဟု ၎င်းက ဆိုသည်။
အထက်ပါ တောင်းဆို ချက်များကို လိုက်လျောရန် မ ဖြစ်နိုင်ကြောင်းနှင့် လုပ်ဆောင် ပေးနေသည့် အခြေအနေ၊ လုပ် ဆောင်ပေးနိုင်သည်များကို မြန် မာကိုယ်စား လှယ်အဖွဲ့က ရှင်း ရှင်းလင်းပြောကြားခဲ့သည်ဟုဆို သည်။
မြန်မာအစိုးရက ရခိုင်ပြည် နယ်မြောက်ပိုင်း၌ ပညာရေး၊ ကျန်းမာရေးအပါအဝင် အခြေခံ အခွင့် အရေးများကို ပံ့ပိုးပေးမည် ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ကို စိစစ် ခွင့်ပြုပေးနေ ကြောင်းနှင့် ဖြစ်သင့် ဖြစ်ထိုက်သူများကို ခွင့်ပြုပေး ကြောင်းရှင်းပြခဲ့သည်။ ထို့အပြင် လက်ရှိ IDP စခန်းများ ပိတ်သိမ်း ရန် လုပ်ဆောင်နေပြီးပြန်လည် ဝင်ရောက် လာသူများကို ကြားစ ခန်းတွင် အချိန်ကြာမြင့်စွာထား မည်မဟုတ်ဘဲ စခန်းများ(Camps) ၌လည်း ထားမည်မဟုတ်ကြောင်း ဦးချမ်းအေးက ပြောသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘင်္ဂါလီဒုက္ခသည် ၅၀ နှင့် သုံးနာရီခန့် တွေ့ဆုံပြီး ASEAN-ERAT (အာဆီယံအရေးပေါ် တုံ့ပြန်မှုနှင့်အကဲဖြတ်အဖွဲ့)မှကိုယ်စား လှယ် ခြောက်ဦးလည်း လိုက်ပါခဲ့သည်။
====================================
END / 251