
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အစိုးရႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕ ကိုယ္စားလွယ္မ်ား သည္ ဒီဇင္ဘာ ၂၂ ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ေတြ႕ဆုံ၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျပန္လည္စတင္ႏိုင္ ေရး ေဆြးေႏြးညႇိႏႈိင္းမည္ ျဖစ္ေၾကာင္း ရွမ္းလက္နက္ကိုင္အ ဖြဲ႕(RCSS) အတြင္းေရးမႉး ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာသည္။
၂၀၁၈ ႏွစ္ကုန္ပိုင္းကတည္း ကစတင္၍ တစ္ႏွစ္ေက်ာ္ၾကာ ရပ္တန႔္ေနသည့္ NCA ဆိုင္ရာ တရားဝင္ အစည္းအေဝးမ်ားကို ႏွစ္ဖက္ေခါင္းေဆာင္မ်ား တက္ေရာက္သည့္ NCA အေကာင္အထည္ ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) ျဖင့္ ျပန္လည္အစျပဳရန္ စီစဥ္ထားၿပီး ယင္း JICM အစည္းအေဝးအတြက္ ႀကိဳတင္ညႇိႏႈိင္းျခင္းျဖစ္သည္ဟု ၎က ရွင္းျပသည္။
‘‘ၿပီးခဲ့တဲ့ PPST (အပစ္ရပ္၁၀ ဖြဲ႕ ေခါင္းေဆာင္မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕) အစည္းအေဝးကလည္း JICM အစည္းအေဝးကို လာမယ့္လ ဒုတိယ ပတ္ေလာက္မွာ ျပန္စဖို႔ အစိုးရဘက္ ကို ျပန္အဆိုျပဳထားတာ ရွိတာကိုး။ အဲဒါေၾကာင့္ JICMအစည္းအေဝး မတိုင္ခင္ အဲဒီအစည္းအေဝးမွာ ေဆြးေႏြးမယ့္ အခ်က္ေတြ၊ သေဘာတူညီခ်က္ ယူရမယ့္ အခ်က္ေလးေတြရွိေတာ့ အဲဒါကို ႀကိဳတင္ၿပီး အစိုးရဘက္ က ကိုယ္စားလွယ္နဲ႔ ဒီဘက္က EAO ၁၀ ဖြဲ႕က အလုပ္အဖြဲ႕ေတြ ၂၂ရက္မွာ ေတြ႕ဖို႔ သေဘာတူညီခဲ့ ၾကတာပါပဲ’’ ဟု ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာသည္။
JICM က်င္းပႏိုင္ေရး အပါအဝင္ ႏိုင္ငံေရး၊ စစ္ေရးႏွင့္ ဆိုင္ရာမ်ား သုံးသပ္ေဆြးေႏြးသည့္ အပစ္ရပ္ ၁၀ ဖြဲ႕၏ အစည္းအေဝးကို ဒီဇင္ဘာ ၁၅ ရက္မွ ၁၉ ရက္အထိ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕၌ ငါးရက္ၾကာ ျပဳလုပ္ခဲ့သည္။ ယင္းအစည္းအေဝးတြင္ ၂၀၂၀ အတြင္း ၿငိမ္းခ်မ္းေရး အခင္းအက်င္းကို ထည့္သြင္းစဥ္းစားၿပီး ေရွ႕လုပ္ငန္းစဥ္မ်ား ခ်မွတ္ႏိုင္ ခဲ့ေၾကာင္း ဗိုလ္မႉးႀကီးစိုင္းငင္းက ဆိုသည္။
ေရွ႕လုပ္ငန္းစဥ္မ်ားတြင္ NCA မထိုးရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ပါဝင္လက္မွတ္ေရးထိုးႏိုင္ေရး ႀကိဳးပမ္းရန္ အခ်က္တစ္ခ်က္လည္း ပါဝင္ေၾကာင္း ၎ က ေျပာၾကား သည္။
‘‘NCA အဝန္းအဝိုင္းထဲကို မလာေသးတဲ့ ညီေနာင္တိုင္းရင္း သားေတြအတြက္ ဘယ္လိုဝိုင္းဝန္းၿပီး လုပ္ၾကမယ္ဆိုတဲ့ဟာမ်ိဳးေတြ သုံးသပ္ေဆြးေႏြးခဲ့ပါ တယ္။ ဒီမွာ အတိအ က်ေတာ့ ေျပာလို႔မရဘူးေပါ့။ ကြၽန္ေတာ္တို႔ ဘက္က တတ္ႏိုင္သမွ် အစိုးရနဲ႔ ညႇိၿပီး ဘယ္နည္းလမ္းနဲ႔ အဆင္ေျပၾကမလဲဆိုတာ အလုပ္အဖြဲ႕ ေတြ ေတြ႕တဲ့ အပို္င္းမွာ JICM အစည္းအေဝးၿပီးတဲ့ေနာက္ပိုင္း မွာ ညႇိႏႈိင္းေရးအဖြဲ႕ ႏွစ္ဖြဲ႕ ေတြ႕ တဲ့အခါ အဲဒီကိစၥေတြလည္း ေဆြးေႏြးမယ့္ ေခါင္းစဥ္တစ္ခု ျဖစ္ပါလိမ့္မယ္’’ ဟု ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာသည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ အပစ္ရပ္လက္မွတ္ထိုး ၁၀ ဖြဲ႕ေခါင္း ေဆာင္မ်ား တက္ေရာက္သည့္ JICM အစည္းအေဝး ကို သုံးလတစ္ႀကိမ္က်င္းပရန္ သတ္မွတ္ထားေသာ္လည္း ၂၀၁၈ႏွစ္ကုန္ပိုင္းကစ၍ မက်င္းပႏိုင္ သည္မွာ တစ္ႏွစ္ေက်ာ္ ၾကာၿပီ ျဖစ္သည္။
Unicode
အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး ဒီဇင်ဘာ ၂၂ ရက်တွင် အကြိုဆွေးနွေးပွဲ ကျင်းပမည်
အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များ သည် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင် ရေး ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း ရှမ်းလက်နက်ကိုင်အ ဖွဲ့(RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
၂၀၁၈ နှစ်ကုန်ပိုင်းကတည်း ကစတင်၍ တစ်နှစ်ကျော်ကြာ ရပ်တန့်နေသည့် NCA ဆိုင်ရာ တရားဝင် အစည်းအဝေးများကို နှစ်ဖက်ခေါင်းဆောင်များ တက်ရောက် သည့် NCA အကောင်အ ထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ဖြင့် ပြန်လည်အစပြုရန် စီစဉ်ထားပြီး ယင်း JICM အစည်းအဝေးအတွက် ကြိုတင်ညှိ နှိုင်းခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
‘‘ပြီးခဲ့တဲ့ PPST (အပစ်ရပ်၁၀ ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) အစည်းအဝေးကလည်း JICM အစည်းအဝေးကို လာမယ့်လ ဒုတိယပတ်လောက်မှာ ပြန်စဖို့ အစိုးရဘက် ကို ပြန်အဆိုပြုထားတာ ရှိတာကိုး။ အဲဒါကြောင့် JICMအစည်းအဝေး မတိုင်ခင် အဲဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အချက်တွေ၊ သဘောတူညီချက် ယူရမယ့် အချက်လေးတွေရှိတော့ အဲဒါကို ကြိုတင်ပြီး အစိုးရဘက် က ကိုယ်စားလှယ်နဲ့ ဒီဘက်က EAO ၁၀ ဖွဲ့က အလုပ်အဖွဲ့တွေ ၂၂ရက်မှာ တွေ့ဖို့ သဘောတူညီခဲ့ ကြတာပါပဲ’’ ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
JICM ကျင်းပနိုင်ရေး အပါအဝင် နိုင်ငံရေး၊ စစ်ရေးနှင့် ဆိုင်ရာများ သုံးသပ်ဆွေးနွေးသည့် အပစ်ရပ် ၁၀ ဖွဲ့၏ အစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ငါးရက်ကြာ ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ၂၀၂၀ အတွင်း ငြိမ်းချမ်းရေး အခင်းအကျင်းကို ထည့်သွင်းစဉ်းစားပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။
ရှေ့လုပ်ငန်းစဉ်များတွင် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းရန် အချက်တစ်ချက်လည်း ပါဝင် ကြောင်း ၎င်းက ပြောကြား သည်။
‘‘NCA အဝန်းအဝိုင်းထဲကို မလာသေးတဲ့ ညီနောင်တိုင်းရင်း သားတွေအတွက် ဘယ်လိုဝိုင်းဝန်းပြီး လုပ်ကြမယ်ဆိုတဲ့ဟာမျိုးတွေ သုံးသပ်ဆွေးနွေးခဲ့ပါ တယ်။ ဒီမှာ အတိအကျတော့ ပြောလို့မရဘူးပေါ့။ ကျွန်တော်တို့ ဘက်က တတ်နိုင်သမျှ အစိုးရနဲ့ ညှိပြီး ဘယ်နည်းလမ်းနဲ့ အဆင်ပြေကြမလဲဆိုတာ အလုပ်အဖွဲ့ တွေ တွေ့တဲ့ အပို်င်းမှာ JICM အစည်းအဝေးပြီးတဲ့နောက်ပိုင်း မှာ ညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ တွေ့ တဲ့အခါ အဲဒီကိစ္စတွေလည်း ဆွေးနွေးမယ့် ခေါင်းစဉ်တစ်ခု ဖြစ်ပါလိမ့်မယ်’’ ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့ခေါင်းဆောင်များ တက်ရောက်သည့် JICM အစည်းအဝေး ကို သုံးလတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း ၂၀၁၈နှစ်ကုန်ပိုင်းကစ၍ မကျင်းပနိုင် သည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်သည်။
====================================
END / 251