၂၁ ဒီဇင်ဘာ ၂၀၁၉ - ၁၆:၃၅
ၿငိမ္းခ်မ္းေရးလမ္း ဆက္ေလွ်ာက္မည္၊ မူးယစ္ေဆး ကင္းစင္ရမည္ဟု DKBA စစ္ဦးစီးခ်ဳပ္ေျပာ

ၿငိမ္းခ်မ္းေရးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းသြားမယ္လို႔ ဒီမိုကေရစီ ကရင္အက်ိဳးျပဳ တပ္မေတာ္ (DKBA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေစာမိုေရွးက ကတိေပး ေျပာၾကား လိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ၿငိမ္းခ်မ္းေရးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းသြားမယ္လို႔ ဒီမိုကေရစီ ကရင္အက်ိဳးျပဳ တပ္မေတာ္ (DKBA) စစ္ဦးစီးခ်ဳပ္  ဗိုလ္ခ်ဳပ္ႀကီးေစာမိုေရွးက ကတိေပး ေျပာၾကား လိုက္ပါတယ္။
    
DKBA တပ္ဖြဲ႕ တည္ေထာင္ျခင္း ၂၅ ႏွစ္ေျမာက္ ေငြရတုအထိမ္းအမွတ္ေန႔အျဖစ္ ဒီေန႔မနက္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္က ဌာနခ်ဳပ္တည္ရွိရာ ဆုံစည္းၿမိဳင္ကြင္းမွာ က်င္း ပတဲ့ စစ္ေရးျပ အခမ္းအနားမွာ ေျပာၾကားလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ျပည္သူေတြက ၿငိမ္းခ်မ္းေရး လိုလားေနတာ ျဖစ္တဲ့အတြက္ ဒီမိုကေရစီ ကရင္အက်ိဳးျပဳတပ္မေတာ္အေနနဲ႔လည္း ၿငိမ္းခ်မ္းေရးလမ္းစဥ္သြားတာနဲ႔အညီ မူးယစ္ ေဆး ကင္းစင္တဲ့ နယ္ေျမျဖစ္ဖို႔ လိုတယ္၊ ဒီအတြက္ စစ္သည္ေတာ္ေတြနဲ႔ အဖြဲ႕ဝင္ေတြ မူးယစ္ေဆးဝါး ကင္းေစဖို႔ လုပ္ေဆာင္သြားမယ္လို႔လည္း DKBA တပ္ဖြဲ႕ အႀကီးအကဲ က ေျပာပါတယ္။
    
အခမ္းအနားကို DKBA တပ္ဖြဲ႕ စစ္သည္အင္အား ၄၀၀ ေက်ာ္နဲ႔  ထိပ္တန္းေခါင္းေဆာင္ေတြ၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒  ဗိုလ္ခ်ဳပ္ႀကီး မူတူးေစးဖိုးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအျပင္ ၿငိမ္းခ်မ္း‌ေရးအက်ိဳးေဆာင္ ဝန္ႀကီးေဟာင္း ဦးေအာင္မင္း၊ ႀကံ့ခိုင္ေရးပါတီ ေခါင္းေဆာင္ ဦးသန္းေဌးတို႔ အပါဝင္ လူေပါင္း ၃၀၀၀ ေက်ာ္ တက္ေရာက္ပါတယ္။

ျပည္ေထာင္စုဝန္ႀကီးကလည္း ကရင္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရး အစပ်ိဳးလာၿပီျဖစ္လို႔ ကရင္တိုင္းရင္းသားေခါင္းေဆာင္ေတြအေနနဲ႔ ျမန္မာတျပည္လုံး ၿငိမ္းခ်မ္းတဲ့အထိ ဦး ေဆာင္ေပးဖို႔ လိုတယ္လို႔ ေျပာသြားပါတယ္။

DKBA ကရင္လက္နက္ကိုင္အဖြဲ႕ဟာ မိခင္ KNU ကေန ၁၉၉၄ ခုႏွစ္မွာ ခြဲထြက္တည္ေထာင္ခဲ့တာျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္မွာ နယ္ျခားေစာင့္တပ္ အသြင္ကူးေျပာင္းေရးကို လက္မခံခဲ့ဘဲ  ၂၀၁၅ ခုႏွစ္မွာ အစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးခဲ့တဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။  

Unicode

ငြိမ်းချမ်းရေးလမ်း ဆက်လျှောက်မည်၊ မူးယစ်ဆေး ကင်းစင်ရမည်ဟု DKBA စစ်ဦးစီးချုပ်ပြော

ငြိမ်းချမ်းရေးလမ်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) စစ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးစောမိုရှေးက ကတိပေး ပြော ကြားလိုက်ပါတယ်။
    
DKBA တပ်ဖွဲ့ တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်နေ့အဖြစ် ဒီနေ့မနက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဌာနချုပ်တည်ရှိရာ ဆုံစည်းမြိုင်ကွင်း မှာ ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြည်သူတွေက ငြိမ်းချမ်းရေး လိုလားနေတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးလမ်းစဉ်သွားတာနဲ့အညီ မူး ယစ်ဆေး ကင်းစင်တဲ့ နယ်မြေဖြစ်ဖို့ လိုတယ်၊ ဒီအတွက် စစ်သည်တော်တွေနဲ့ အဖွဲ့ဝင်တွေ မူးယစ်ဆေးဝါး ကင်းစေဖို့ လုပ်ဆောင်သွားမယ်လို့လည်း DKBA တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
    
အခမ်းအနားကို DKBA တပ်ဖွဲ့ စစ်သည်အင်အား ၄၀၀ ကျော်နဲ့  ထိပ်တန်းခေါင်းဆောင်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး မူတူးစေး ဖိုးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ငြိမ်းချမ်း‌ရေးအကျိုးဆောင် ဝန်ကြီးဟောင်း ဦးအောင်မင်း၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးသန်းဌေးတို့ အပါဝင် လူပေါင်း ၃၀၀၀ ကျော်တက်ရောက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးကလည်း ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေး အစပျိုးလာပြီဖြစ်လို့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ မြန်မာတပြည်လုံး ငြိမ်းချမ်းတဲ့အထိ ဦး ဆောင်ပေးဖို့ လိုတယ်လို့ ပြောသွားပါတယ်။

DKBA ကရင်လက်နက်ကိုင်အဖွဲ့ဟာ မိခင် KNU ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်း ရေးကို လက်မခံခဲ့ဘဲ  ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။  

====================================

END / 251