၂၃ ဒီဇင်ဘာ ၂၀၁၉ - ၁၅:၀၁
အစိုးရႏွင့္ အပစ္ရပ္ ၁၀ ဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ JICM အစည္းအေဝး ဇန္နဝါရီ ၈ ရက္ က်င္းပရန္သေဘာတူ တစ္ႏွစ္ေက်ာ္ရပ္တန႔္ေနသည့္ ၿငိမ

အစိုးရ၊ တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ မ်ားတက္ေရာက္မည့္ NCA အ ေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိ ႏႈိင္းအစည္း အေ ဝး (JICM) ကို ဇန္နဝါရီ ၈ ရက္တြင္ က်င္းပရန္ ယမန္ေန႔၌ သေဘာတူညီခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

အစိုးရ၊ တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ မ်ားတက္ေရာက္မည့္ NCA အ ေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိ ႏႈိင္းအစည္း အေဝး (JICM) ကို ဇန္နဝါရီ ၈ ရက္တြင္ က်င္းပရန္ ယမန္ေန႔၌ သေဘာတူညီခဲ့သည္။

အမ်ိဳးသား ျပန္လည္သင့္ ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟို ဌာန (NRPC)ကိုယ္စားလွယ္မ်ား ႏွင့္ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕ ကိုယ္စားလွယ္မ်ား ဒီဇင္ဘာ ၂၂ ရက္က ရန္ကုန္ ၿမိဳ႕၌ ငါးနာရီၾကာ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ အထက္ပါအတိုင္း သေဘာတူခဲ့ သည္။

JICM အစည္းအေဝးကို ဇန္နဝါရီ ဒုတိယပတ္အတြင္း က်င္းပမည္ျဖစ္၍ JICM အ စည္းအေဝးတြင္ ေဆြးေႏြးမည့္အ ေၾကာင္းအရာမ်ား၊ JICM အ စည္းအေဝးအၿပီး ဆက္ လက္ ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္မ်ား၊ JICM အစည္းအေဝး တက္ေရာက္မည့္ အပစ္ရပ္အဖြဲ႕  ေခါင္းေဆာင္မ်ား၏ ျပည္တြင္း ခရီးစဥ္လမ္းေၾကာင္းမ်ားကို အ ေသးစိတ္ညႇိႏႈိင္းခဲ့ေၾကာင္း အပစ္ ရပ္ ၁၀ ဖြဲ႕၏ ညႇိႏႈိင္းေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးႀကီးစိုင္းငင္း က ေျပာသည္။

‘‘NCA စာခ်ဳပ္ရဲ႕အျမင့္ဆုံး ယႏၲရားႀကီးဆိုတဲ့ ဂုဏ္အဂၤါနဲ႔ ကိုက္ညီေအာင္ JICM အစည္းအ ေဝးကို အဓိပၸာယ္ရွိရွိ၊ အႏွစ္သာရရွိရွိ က်င္းပႏိုင္ဖို႔ မိမိတို႔နည္းလမ္း ရွာႏိုင္ခဲ့ တယ္။ ၿငိမ္းခ်မ္းေရးအ တြက္ထားရွိတဲ့ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္း ေပးေရး အားသြန္ခြန္စိုက္ တစိုက္ မတ္မတ္ ေဆာင္႐ြက္သြားဖို႔ သ ေဘာတူညီခဲ့ၾက တယ္’’ဟု ဗိုလ္ မႉးႀကီးစိုင္းငင္းက ေျပာသည္။

NRPC ဒုဥကၠ႒ ျပည္ေထာင္ စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ႏွစ္ဖက္သေဘာတူညီသည့္အ တိုင္း JICM အစည္းအေဝး က်င္း ပႏိုင္ေရး ႀကိဳးပမ္းေပးရန္ တိုက္ တြန္းေျပာ ၾကားသည္။ အစည္းအ ေဝးအၿပီးတြင္  ေရွ႕ေနခ်ဳပ္ဦးထြန္း ထြန္းဦးက  တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ တစ္ ဦးခ်င္းစီကို လိုက္လံႏႈတ္ဆက္ ကာ သေဘာတူ ညီခ်က္ရရွိရန္ ေဆြးေႏြးခဲ့၍ ေက်းဇူးတင္ေၾကာင္း ေျပာၾကားသည္။

အစိုးရႏွင့္ အပစ္ရပ္ ၁၀ ဖြဲ႕ ၏ ရန္ကုန္အစည္းအေဝးတြင္ JICM အစည္းအေဝးကို လာမည့္  ဇန္နဝါရီ ၈ ရက္၌ က်င္းပရန္ သေဘာထား စုစည္းႏိုင္သည့္အျပင္ သေဘာ ထား စုစည္းခ်က္ရွစ္ ခ်က္ရရွိခဲ့သည္ဟု ေဆြးေႏြးပြဲအ ၿပီး သတင္းစာရွင္းလင္းပြဲတြင္ အစိုးရကိုယ္စားလွယ္ ဦးလွေမာင္ ေ႐ႊက ေျပာသည္။

အပစ္ရပ္ ၁၀ ဖြဲ႕ ကိုယ္စား လွယ္ ႏိုင္ေအာင္မေငးက သ ေဘာထား စုစည္းခ်က္ရွစ္ခ်က္ တြင္ ၂၀၂၀ ႏွစ္လယ္ပိုင္း မတိုင္မီ  ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာ ခံ- ၂၁ရာစုပင္ လုံ က်င္းပရန္၊  JICM အစည္းအေဝးက်င္းပရန္၊ ႏိုင္ငံေရးေဆြးေႏြးမႈႏွင့္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး ခိုင္မာေရး ေဆာင္႐ြက္ရန္၊ ပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရးေကာ္မတီ (JMC) အစည္းအေဝး၌ တပ္ပိုင္းဆိုင္ရာ ကိစၥမ်ား ေဆြးေႏြးရန္၊ NCA အဓိပၸာယ္ဖြင့္ဆိုခ်က္ကိစၥ ေဆြး ေႏြးရန္၊ ၂၀၂၀ အလြန္တြင္ ၿငိမ္း ခ်မ္းေရး လုပ္ငန္းစဥ္ေဆာင္႐ြက္ ရန္အခ်က္မ်ား ပါဝင္သည္ဟု ရွင္းျပသည္။

၂၀၁၈ ႏွစ္ကုန္ပိုင္းကတည္း က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ ရာ တရားဝင္အစည္းအေဝးမ်ား တြင္ ပါဝင္မႈယာယီရပ္ဆိုင္းထား သည့္ ကရင္အမ်ိဳးသားအစည္းအ ႐ုံး (KNU) ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS)  တို႔အေနျဖင့္ လာမည့္ ဇန္နဝါရီ JICM အစည္းအေဝးသို႔  တက္ ေရာက္မည္ျဖစ္ေၾကာင္း၊ တစ္ ဖက္၌လည္း KNU ႏွင့္ RCSS တို႔ သည္ အစိုးရႏွင့္တစ္ဖြဲ႕ခ်င္းေဆြး ေႏြးမည္ျဖစ္ေၾကာင္း ႏွစ္ဖက္ ကိုယ္စားလွယ္မ်ားကရွင္းျပသည္။

Unicode

အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ JICM အစည်းအဝေး ဇန်နဝါရီ ၈ ရက် ကျင်းပရန်သဘောတူ
တစ်နှစ်ကျော်ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေး ပြန်လည်စတင်နိုင်ခြင်းဖြစ်

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် များတက်ရောက်မည့် NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် ယမန်နေ့၌ သဘောတူညီခဲ့သည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)ကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ကိုယ်စားလှယ်များ ဒီဇင်ဘာ ၂၂ ရက် က ရန်ကုန်မြို့၌ ငါးနာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် အ ထက်ပါအတိုင်း သဘောတူခဲ့ သည်။

JICM အစည်းအဝေးကို ဇန်နဝါရီ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်၍ JICM အ စည်းအဝေးတွင် ဆွေးနွေးမည့်အ ကြောင်းအရာများ၊ JICM အ စည်းအဝေးအပြီး ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ၊ JICM အစည်းအဝေး တက်ရောက်မည့် အပစ်ရပ်အဖွဲ့  ခေါင်းဆောင်များ၏ ပြည်တွင်း ခရီးစဉ်လမ်း ကြောင်းများကို အ သေးစိတ်ညှိနှိုင်းခဲ့ကြောင်း အပစ် ရပ် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း က ပြောသည်။

‘‘NCA စာချုပ်ရဲ့ အမြင့်ဆုံး ယန္တရားကြီးဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ ကိုက်ညီအောင် JICM အစည်းအ ဝေးကို အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရ ရှိရှိ ကျင်းပနိုင်ဖို့ မိမိတို့နည်း လမ်း ရှာနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးအ တွက်ထားရှိတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်း ပေးရေး အားသွန်ခွန်စိုက် တစိုက် မတ်မတ် ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြတယ်’’ဟု ဗိုလ် မှူးကြီးစိုင်းငင်းက ပြောသည်။

NRPC ဒုဥက္ကဋ္ဌ ပြည်ထောင် စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နှစ်ဖက်သဘောတူညီသည့်အ တိုင်း JICM အစည်းအဝေး ကျင်း ပနိုင်ရေး ကြိုးပမ်းပေးရန် တိုက် တွန်းပြောကြားသည်။ အစည်းအ ဝေးအပြီးတွင်  ရှေ့နေချုပ်ဦးထွန်း ထွန်းဦးက  တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ခေါင်းဆောင် တစ် ဦးချင်းစီကို လိုက်လံနှုတ်ဆက် ကာ သဘောတူညီချက်ရရှိရန် ဆွေးနွေးခဲ့၍ ကျေးဇူးတင်ကြောင်း ပြောကြားသည်။

အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ၏ ရန်ကုန်အစည်းအဝေးတွင် JICM အစည်းအဝေးကို လာမည့်  ဇန်နဝါရီ ၈ ရက်၌ ကျင်းပရန် သဘောထား စုစည်းနိုင်သည့်အ ပြင် သဘောထား စုစည်းချက်ရှစ် ချက်ရရှိခဲ့သည်ဟု ဆွေးနွေးပွဲအ ပြီး သတင်းစာရှင်းလင်းပွဲတွင် အစိုးရကိုယ်စားလှယ် ဦးလှမောင် ရွှေက ပြောသည်။

အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စား လှယ် နိုင်အောင်မငေးက သ ဘောထား စုစည်းချက်ရှစ်ချက် တွင် ၂၀၂၀ နှစ်လယ်ပိုင်း မတိုင်မီ  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာ ခံ- ၂၁ရာစုပင်လုံ ကျင်းပရန်၊  JICM အစည်းအဝေးကျင်းပရန်၊ နိုင်ငံရေးဆွေးနွေးမှုနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေး ဆောင်ရွက်ရန်၊ ပစ်ခတ်တိုက် ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေး၌ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန်၊ NCA အဓိပ္ပာယ်ဖွင့်ဆိုချက်ကိစ္စ ဆွေး နွေးရန်၊ ၂၀၂၀ အလွန်တွင် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက် ရန်အချက်များ ပါဝင်သည်ဟု ရှင်းပြသည်။

၂၀၁၈ နှစ်ကုန်ပိုင်းကတည်း က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင် ရာ တရားဝင်အစည်းအဝေးများ တွင် ပါဝင်မှုယာယီရပ်ဆိုင်းထား သည့် ကရင်အမျိုးသားအစည်းအ ရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)  တို့အနေဖြင့် လာမည့် ဇန်နဝါရီ JICM အစည်းအဝေးသို့  တက် ရောက်မည်ဖြစ်ကြောင်း၊ တစ် ဖက်၌လည်း KNU နှင့် RCSS တို့ သည် အစိုးရနှင့်တစ်ဖွဲ့ချင်းဆွေး နွေးမည်ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များကရှင်းပြသည်။

====================================

END / 251