၂၆ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၅၅
ကယားျပည္နယ္လုံးဆိုင္ရာ ကရင္ႏွစ္သစ္ကူးပြဲေတာ္ကို ေမာ္ခ်ီးတြင္ က်င္းပ

ကယားျပည္နယ္လုံးဆိုင္ရာ ကရင္ႏွစ္သစ္ကူးပြဲေတာ္ကို ဖား ေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးေဒသ လိုခါးလိုေက်း႐ြာမွာ ဒီဇင္ဘာလ ၂၆ ရက္ေန႔ မနက္က က်င္းပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ကယားျပည္နယ္လုံးဆိုင္ရာ ကရင္ႏွစ္သစ္ကူးပြဲေတာ္ကို ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးေဒသ လိုခါးလိုေက်း႐ြာမွာ ဒီဇင္ဘာလ ၂၆ ရက္ေန႔ မနက္က က်င္းပါတယ္။

တျပည္နယ္လုံးဆိုင္ရာ ႏွစ္သစ္ကူးပြဲေတာ္အေနနဲ႔ ဒီဇင္ဘာ ၂၄ ရက္ေန႔ကတည္းက ဖြင့္ပြဲက်င္းပခဲ့ၿပီး ဒီကေန႔ ျပာသိုလဆန္း ၁ ရက္ ကရင္ႏွစ္သစ္ကူးေန႔မွာ ကရင္အမ်ိဳးသား အလံတင္အခမ္းအနားနဲ႔ ကရင္႐ိုးရာတံခြန္တိုင္စိုက္ထူ အခမ္းအနားျပဳလုပ္ပါတယ္။

အခုလို ဒီေဒသမွာ ကရင္ႏွစ္သစ္ကူးကို ခမ္းခမ္းနားနားနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း က်င္းပႏိုင္တာဟာ ျပည္နယ္အတြင္းက လက္နက္ကိုင္အဖြဲ႕ေတြက ၿငိမ္းခ်မ္းေရးထိန္းသိမ္းႏိုင္မႈ ေၾကာင့္ျဖစ္ၿပီး ဒီအရာကို ဆက္လက္ထိန္းသိမ္းဖို႔နဲ႔ အန္စီေအလက္မွတ္မထိုးေသးတဲ့ လက္နက္ကိုင္အဖြဲ႕အေနနဲ႔ လက္မွတ္ထိုးဖို႔  ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးလွေထြးက တိုက္တြန္းေျပာပါတယ္။

“အခုဆိုလို႔ရွိရင္ ေန႔သြားမလား၊ ညသြားမလား ေအးေဆးပါ၊ က်ေနာ္တို႔ ရွိတဲ့အခ်ိန္ကဆိုရင္ တခါတေလ ညပိုင္းဆို သြားလို႔မရပါဘူး။ ဒါက်ေနာ္ ပြင့္ပြင့္လင္းလင္းေျပာတာပါ။ ဘာလို႔ ဒါကို ေျပာလဲဆိုရင္ လက္ရွိေကာင္းေနတဲ့ ၿငိမ္းခ်မ္းေရးကို အားလုံးဝိုင္းဝန္းၿပီးမွ ထိန္းသိမ္းေစခ်င္ပါတယ္။ မၿငိမ္းခ်မ္းဘူးဆိုရင္ ဘာမွ အဆင္မေျပပါဘူး။ က်ေနာ္တို႔ က်န္းမာေရး၊ စီးပြားေရး၊ ပညာေရး၊ အေရာင္းအဝယ္ သြားေရးလာေရး ဘာမွအဆင္မေျပပါဘူး။ ဆိုေတာ့ လက္ရွိရွိေနတဲ့ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းေပးပါ။ ေနာက္ လက္မွတ္ မထိုးေသးတဲ့ ညီအစ္ကိုေတြကိုလည္း ဒီေနရာကေန စင္ျမင့္ထက္က ဖိတ္ေခၚပါတယ္။ က်ေနာ္တို႔ ကယားျပည္နယ္ ေအာက္က်ေနာက္က်မျဖစ္ဖို႔၊ က်ေနာ္တို႔ တိုင္းရင္းသား ေတြ ဖြံ႕ၿဖိဳးဖို႔အတြက္ကိုလည္း အျမန္ဆုံး အန္စီေအ ထိုးေပးပါလို႔ ဒီေနရာကေန ဖိတ္ေခၚလိုပါတယ္။”

ကရင္အမ်ိဳးသားအစည္းအ႐ုံး ဗဟိုေကာ္မီတီဝင္ ပဒိုေစာသမိန္ထြန္းကလည္း “လက္ရွိ အန္စီေအလက္မွတ္ေရးထိုးတာက က်ေနာ္တို႔ ၁၀ ဖြဲ႕ပဲ ရွိေသးတယ္။ က်န္တဲ့ လက္ နက္ကိုင္အဖြဲ႕အမ်ားႀကီးရွိေသးတယ္။ အင္အားရွိတဲ့အဖြဲ႕ေတြ၊ သူတို႔ပါ လက္မွတ္ထိုးဖို႔က အေရးႀကီးတယ္။ အေတြးအေခၚေတြက အမ်ိဳးမ်ိဳးရွိေနတာကို တိုက္ပြဲျဖစ္လိုက္ ျပန္ၿပီးမွ ေဆြးေႏြးလိုက္နဲ႔ တခါမွမရဘူး။မရေတာ့က်ေနာ္တို႔ အန္စီေအကို ဘယ္လိုအဆုံးသတ္မလဲ၊ အန္စီေအ ဒါၿပီးမွ က်ေနာ္တို႔ ႏိုင္ငံေရးကို ဆက္ေဆြးေႏြးမွာ အခုဟာက ႏိုင္ငံေရးကို ေဆြးေႏြးရမလို အန္စီေအကလည္းမၿပီး ဒီလို တိုးလို႔တန္းလန္းနဲ႔ ေနျပည္ေတာ္မွာ ဒီေန႔အထိ က်ေနာ္တို႔လုပ္ေနရတယ္။ အေတာ္စိတ္ရွည္ရတယ္။ ဇြဲရွိရတယ္။ အဲေတာ့ အာလုံးနဲ႔ ညႇိႏႈိင္းဖို႔လိုတယ္။ ”

ႏွစ္သစ္ကူးပြဲေတာ္ကို ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ဥကၠ႒ အပါအဝင္ ဌာနဆိုင္ရာတာဝန္ရွိသူေတြနဲ႔ ျပည္နယ္အေျခအစိုက္လက္နက္ကိုင္အဖြဲ႕စည္းေတြလည္း တက္ေရာက္ၾကပါတယ္။

ကယားျပည္နည္အေနနဲ႔ ျပည္နယ္လုံးဆိုင္ရာ ကရင္ႏွစ္သစ္ကူးပြဲကို အခုတႀကိမ္အပါအဝင္ ၄ ႀကိမ္ေျမာက္က်င္းပတာ ျဖစ္ပါတယ္။

Unicode

ကယားပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲတော်ကို မော်ချီးတွင် ကျင်းပ

ကယားပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုခါးလိုကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်က ကျင်းပါတယ်။

တပြည်နယ်လုံးဆိုင်ရာ နှစ်သစ်ကူးပွဲတော်အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက ဖွင့်ပွဲ ကျင်းပခဲ့ပြီး ဒီကနေ့ ပြာသိုလဆန်း ၁ ရက် ကရင်နှစ်သစ်ကူးနေ့မှာ ကရင် အမျိုးသား အလံတင်အခမ်းအနားနဲ့ ကရင်ရိုးရာတံခွန်တိုင်စိုက်ထူ အခမ်းအနားပြုလုပ်ပါတယ်။

အခုလို ဒီဒေသမှာ ကရင်နှစ်သစ်ကူးကို ခမ်းခမ်းနားနားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်တာဟာ ပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးထိန်းသိမ်း နိုင်မှုကြောင့်ဖြစ်ပြီး ဒီအရာကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ အန်စီအေလက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့အနေနဲ့ လက်မှတ်ထိုးဖို့  ပြည်နယ်လွှတ်တော်ဥက္ ကဋ္ဌ ဦးလှထွေးက တိုက်တွန်းပြောပါတယ်။

“အခုဆိုလို့ရှိရင် နေ့သွားမလား၊ ညသွားမလား အေးဆေးပါ၊ ကျနော်တို့ ရှိတဲ့အချိန်ကဆိုရင် တခါတလေ ညပိုင်းဆို သွားလို့မရပါဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဘာလို့ ဒါကို ပြောလဲဆိုရင် လက်ရှိကောင်းနေတဲ့ ငြိမ်းချမ်းရေးကို အားလုံးဝိုင်းဝန်းပြီးမှ ထိန်းသိမ်းစေချင်ပါတယ်။ မငြိမ်းချမ်းဘူးဆိုရင် ဘာမှ အဆင်မပြေ ပါဘူး။ ကျနော်တို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ အရောင်းအဝယ် သွားရေးလာရေး ဘာမှအဆင်မပြေပါဘူး။ ဆိုတော့ လက်ရှိရှိနေတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ပေးပါ။ နောက် လက်မှတ်မထိုးသေးတဲ့ ညီအစ်ကိုတွေကိုလည်း ဒီနေရာကနေ စင်မြင့်ထက်က ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ ကယားပြည်နယ် အောက်ကျနောက်ကျမ ဖြစ်ဖို့၊ ကျနော်တို့ တိုင်းရင်းသားတွေ ဖွံ့ဖြိုးဖို့အတွက်ကိုလည်း အမြန်ဆုံး အန်စီအေ ထိုးပေးပါလို့ ဒီနေရာကနေ ဖိတ်ခေါ်လိုပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မီတီဝင် ပဒိုစောသမိန်ထွန်းကလည်း “လက်ရှိ အန်စီအေလက်မှတ်ရေးထိုးတာက ကျနော်တို့ ၁၀ ဖွဲ့ပဲ ရှိသေးတယ်။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အများကြီးရှိသေးတယ်။ အင်အားရှိတဲ့အဖွဲ့တွေ၊ သူတို့ပါ လက်မှတ်ထိုးဖို့က အရေးကြီးတယ်။ အတွေးအခေါ်တွေက အမျိုးမျိုးရှိနေတာကို တိုက် ပွဲဖြစ်လိုက်ပြန်ပြီးမှ ဆွေးနွေးလိုက်နဲ့ တခါမှမရဘူး။မရတော့ကျနော်တို့ အန်စီအေကို ဘယ်လိုအဆုံးသတ်မလဲ၊ အန်စီအေ ဒါပြီးမှ ကျနော်တို့ နိုင်ငံရေးကို ဆက်ဆွေး နွေးမှာ အခုဟာက နိုင်ငံရေးကို ဆွေးနွေးရမလို အန်စီအေကလည်းမပြီး ဒီလို တိုးလို့တန်းလန်းနဲ့ နေပြည်တော်မှာ ဒီနေ့အထိ ကျနော်တို့လုပ်နေရတယ်။ အတော်စိတ် ရှည်ရတယ်။ ဇွဲရှိရတယ်။ အဲတော့ အာလုံးနဲ့ ညှိနှိုင်းဖို့လိုတယ်။ ”

နှစ်သစ်ကူးပွဲတော်ကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်ဥက္ကဋ္ဌ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်နယ်အခြေအစိုက်လက်နက်ကိုင်အဖွဲ့ စည်းတွေလည်း တက်ရောက်ကြပါတယ်။

ကယားပြည်နည်အနေနဲ့ ပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲကို အခုတကြိမ်အပါအဝင် ၄ ကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။

====================================

END / 251