အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အေျခစိုက္ Mytel ဆက္သြယ္ေရးလုပ္ငန္းမွ ျပည္နယ္ ဆက္သြယ္ေရးဆိုင္ရာၫႊန္ၾကားေရးမႉး ဦးေဇာ္ထြန္းေအာင္နဲ႔ ယာဥ္ေမာင္း ဦးေစာသိန္းေမာင္ တို႔ ကို ေအေအအဖြဲ႕က ဖမ္းဆီးသြားတယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
ၫြန္မႉးဦးေဇာ္ထြန္းေအာင္ဟာ ရခိုင္ျပည္နယ္အတြင္း ဆက္သြယ္ေရးလုပ္ငန္းေတြ ပိုမိုေကာင္းမြန္ေအာင္ ေဆာင္႐ြက္ဖို႔ စစ္ေတြၿမိဳ႕မွ ဒီဇင္ဘာ ၁၇ ရက္မွာ စတင္ထြက္ခြာခဲ့ၿပီး အမ္းၿမိဳ႕၊ သံတြဲၿမိဳ႕၊ မင္းျပားၿမိဳ႕ေတြကို သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း၊ ဒီဇင္ဘာ ၂၂ ရက္မွာ မင္းျပားၿမိဳ႕မွာ ညအိပ္ရပ္နားခဲ့ၿပီး ဒီဇင္ဘာ ၂၃ ရက္မွာ ေက်ာက္ေတာ္ၿမိဳ႕သို႔ ဆက္လက္ထြက္ခြာစဥ္ ဆက္သြယ္မႈမရရွိဘဲ ေပ်ာက္ဆုံးသြားတာ ျဖစ္ပါတယ္။
ေဒသခံျပည္သူေတြရဲ႕ေျပာၾကားခ်က္ အရ ၎တို႔ ႏွစ္ဦးကို ေက်ာက္ေတာ္ၿမိဳ႕၊ ေတာင္ေပါက္ေက်း႐ြာအနီးမွာ ေအေအအဖြဲ႕ဝင္ေတြက အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ တာလို႔ တပ္မေတာ္ သတင္းမွာ ေဖာ္ျပပါတယ္။
အဆိုပါ ဖမ္းဆီးမႈနဲ႔ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ ေအေအအဖြဲ႕ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္းမရွိပါဘူး။
Unicode
ရခိုင်ပြည်နယ် Mytel ကုမ္ပဏီအရာရှိနှင့် ယာဉ်မောင်းတို့ကို အေအေ ဖမ်းဆီး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစော သိန်းမောင်တို့ ကို အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ညွန်မှူးဦးဇော်ထွန်းအောင်ဟာ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ စစ်တွေမြို့မှ ဒီဇင်ဘာ ၁၇ ရက်မှာ စတင် ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့တွေကို သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်မှာ မင်းပြားမြို့မှာ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ကျောက် တော်မြို့သို့ ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ပြောကြားချက် အရ ၎င်းတို့ နှစ်ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီးမှာ အေအေအဖွဲ့ဝင်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။
====================================
END / 251
၂၇ ဒီဇင်ဘာ ၂၀၁၉ - ၁၃:၃၀
News ID: 996726
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အေျခစိုက္ Mytel ဆက္သြယ္ေရး လုပ္ငန္းမွ ျပည္နယ္ ဆက္သြယ္ေရးဆိုင္ရာၫႊန္ၾကားေရးမႉး ဦးေဇာ္ထြန္းေအာင္နဲ႔ ယာဥ္ေမာင္း ဦးေစာသိန္းေမာင္ တို႔ ကို ေအေအအဖြဲ႕က ဖမ္းဆီးသြားတယ္လို႔ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။