အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္အစိုးရရဲ႕ ျပည္ေထာင္စုႀကီး ၿငိမ္းခ်မ္းေရး၊ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေတြမွာ ျပည္သူလူထုအေနနဲ႔ ပူးေပါင္း ပါဝင္ ေဆာင္႐ြက္ေပးၾကဖို႔ သမၼတဦးဝင္းျမင့္ကပန္ၾကားလိုက္ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ဇန္နဝါရီ ၁ ရက္ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားရာမွာ ႏိုင္ငံေတာ္သမၼတကတိုက္တြန္းပန္ၾကားလိုက္တာပါ။
အစိုးရအေနနဲ႔ ေရရွည္တည္တံ့တဲ့ ခိုင္ၿမဲတဲ့ၿငိမ္းခ်မ္းသာယာဝေျပာ တိုးတက္မႈေတြနဲ႔အတူ ႏိုင္ငံသူ ႏိုင္ငံသားေတြရဲ႕ဘဝ သာယာခ်မ္းေျမ့ေပ်ာ္႐ႊင္ႏိုင္ေအာင္ ေကာင္းမြန္တဲ့ရည္ မွန္းခ်က္ပန္းတိုင္ေတြနဲ႔ လုပ္ငန္းစဥ္ေတြခ်မွတ္ ႀကိဳးပမ္းေနတယ္၊ တိုင္းရင္းသားျပည္သူ အားလုံး ကာလရွည္ၾကာ ေမွ်ာ္လင့္ေတာင့္တခဲ့ရတဲ့ တန္းတူအခြင့္အေရး၊ ၿငိမ္းခ်မ္းေရး နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုအာမခံခ်က္ေပးႏိုင္မယ့္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံ ဥပေဒတရပ္ ေပါက္ထြန္းလာေရး ႀကိဳးပမ္းအားထုတ္ေနတယ္လို႔ လည္း ေျပာပါတယ္။
ဒီကေန႔ ႏိုင္ငံေတာ္မွာအေၾကာင္းေၾကာင္းေၾကာင့္ ေတြ႕ဆုံရင္ဆိုင္ေနရတဲ့ အခက္အခဲအက်ပ္အတည္းေတြ စိန္ေခၚမႈေတြကိုလည္းအမွန္တရား၊တရားမွ်တမႈနဲ႔႐ိုးသားပြင့္လင္းမႈ လက္ကိုင္ထားၿပီး ေျဖရွင္းေက်ာ္လႊားသြားမယ္လို႔ ယုံၾကည္ေၾကာင္းလည္း သမၼတကေျပာသြားပါတယ္။
အလားတူဒုသမၼတ (၁) ဦးျမင့္ေဆြကလည္းအားလုံးေမွ်ာ္လင့္ေတာင့္တေနၾကတဲ့အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအျမန္ဆုံးရရွိၿပီးသာယာဝေျပာတဲ့ႏိုင္ငံေတာ္ျဖစ္ဖို႔ႏွစ္သစ္ဆု ေတာင္း အမွာစကားေျပာၾကားထားပါတယ္။
ဒုသမၼတ(၂) ဦးဟင္နရီဗင္ထီးယူကေတာ့ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္ စကားအျဖစ္ ႏွစ္ေဟာင္းရဲ႕ အေတြ႕အႀကဳံေတြကိုအေျခခံကာ ျပည္ေထာင္စုတိုင္းရင္းသား ေသြးခ်င္းေတြအခ်င္းခ်င္း အျပန္အလွန္ ေလးစားမႈ၊ခ်စ္ၾကည္ရင္းႏွီးမႈ၊နားလည္မႈေတြနဲ႔အတူ ႏွစ္သစ္မွာ ႀကဳံေတြ႕ရမယ့္စိန္ေခၚမႈေတြကို ေက်ာ္လႊားရင္ဆိုင္ျဖတ္သန္းၿပီး အခြင့္ အလမ္းေကာင္းေတြကို ရယူပိုင္ ဆိုင္ၾကဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။
ဒါ့အျပင္ ျပည္ေထာင္စုႀကီးရဲ႕ ေရွ႕ခရီးအနာဂတ္ဟာ တိုင္းရင္းသားျပည္သူေတြအားလုံးရဲ႕ လုပ္ေဆာင္မႈေတြ အေပၚမူတည္ေနမွာ ျဖစ္လို႔ ႏိုင္ငံေတာ္ရဲ႕အက်ိဳးတိုင္းရင္းသား လူမ်ိဳးအားလုံးရဲ႕ ဂုဏ္သိကၡာတို႔ကို ဆတက္ထမ္းပိုး တိုးျမႇင့္သယ္ပိုးၾကဖို႔လည္း တိုက္တြန္းသြားပါတယ္။
Unicode
ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက်ပူးပေါင်းပါဝင်ကြရန် သမ္မတပန်ကြား
နိုင်ငံတော် အစိုးရရဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပြည်သူလူထုအနေနဲ့ ပူး ပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က ပန်ကြားလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ နိုင်ငံတော် သမ္မတက တိုက်တွန်းပန်ကြားလိုက်တာပါ။
အစိုးရအနေနဲ့ ရေရှည်တည်တံ့တဲ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းသာယာဝပြော တိုးတက်မှုတွေနဲ့အတူ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘဝ သာယာချမ်းမြေ့ပျော်ရွှင်နိုင်အောင် ကောင်း မွန်တဲ့ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လုပ်ငန်းစဉ်တွေချမှတ် ကြိုးပမ်းနေတယ်၊တိုင်းရင်းသားပြည်သူ အားလုံးကာလရှည်ကြာ မျှော်လင့်တောင့်တခဲ့ရတဲ့တန်းတူအခွင့် အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုအာမခံချက်ပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါက်ထွန်းလာရေး ကြိုးပမ်းအား ထုတ်နေတယ်လို့ လည်း ပြောပါတယ်။
ဒီကနေ့နိုင်ငံတော်မှာ အကြောင်းကြောင်းကြောင့် တွေ့ဆုံရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းတွေ စိန်ခေါ်မှုတွေကိုလည်း အမှန်တရား၊တရားမျှတမှုနဲ့ ရိုး သားပွင့်လင်းမှု လက်ကိုင်ထားပြီး ဖြေရှင်းကျော်လွှားသွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတကပြောသွားပါတယ်။
အလားတူ ဒုသမ္မတ (၁) ဦးမြင့်ဆွေကလည်း အားလုံးမျှော်လင့်တောင့်တနေကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိပြီး သာယာဝပြောတဲ့ နိုင်ငံတော်ဖြစ်ဖို့ နှစ်သစ်ဆုတောင်း အမှာစကားပြောကြားထားပါတယ်။
ဒုသမ္မတ (၂) ဦးဟင်နရီဗင်ထီးယူကတော့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားအဖြစ်နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကို အခြေခံကာ ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းတွေ အချင်းချင်းအပြန်အလှန် လေးစားမှု၊ချစ်ကြည်ရင်းနှီးမှု၊နားလည်မှုတွေနဲ့အတူ နှစ်သစ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကိုကျော် လွှားရင်ဆိုင်ဖြတ်သန်းပြီး အခွင့်အလမ်းကောင်းတွေကို ရယူပိုင် ဆိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကြီးရဲ့ရှေ့ခရီး အနာဂတ်ဟာ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ လုပ်ဆောင်မှုတွေ အပေါ်မူတည်နေမှာ ဖြစ်လို့ နိုင်ငံတော်ရဲ့အကျိုး တိုင်းရင်း သားလူမျိုးအားလုံးရဲ့ ဂုဏ်သိက္ခာတို့ကို ဆတက်ထမ်းပိုး တိုးမြှင့်သယ်ပိုးကြဖို့လည်း တိုက်တွန်းသွားပါတယ်။
====================================
END / 251