၃ ဇန်နဝါရီ ၂၀၂၀ - ၁၇:၄၂
KNU တပ္မဟာ(၅)က သစ္ေတာႀကိဳးဝိုင္း သတိေပးတားျမစ္ခ်က္ဆိုင္းဘုတ္စိုက္ထူျခင္းကို ကရင္နယ္လုံဝန္ႀကီးကန႔္ကြက္စာပို႔

ကရင္အမ်ိဳးသား အ စည္းအ႐ုံး(KNU/KNLA) တပ္မ ဟာ(၅)က ကရင္ျပည္နယ္ ဖာပြန္ ၿမိဳ႕နယ္၌ သစ္ေတာ ႀကိဳးဝိုင္းသတိ ေပးတားျမစ္ခ်က္ဆိုင္းဘုတ္စိုက္ထူျခင္း အေပၚ ကရင္ျပည္နယ္လုံ ၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး မ်ိဳးမင္းေနာင္က ကန႔္ ကြက္စာေပး ပို႔ေၾကာင္း KNU တပ္မဟာ(၅) တာဝန္ရွိသူတစ္ဦး က ေျပာသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ကရင္အမ်ိဳးသား အ စည္းအ႐ုံး(KNU/KNLA) တပ္မ ဟာ(၅)က ကရင္ျပည္နယ္ ဖာပြန္ ၿမိဳ႕နယ္၌ သစ္ေတာႀကိဳးဝိုင္းသတိ ေပးတားျမစ္ခ်က္ဆိုင္းဘုတ္စိုက္ ထူျခင္းအေပၚ  ကရင္ျပည္နယ္လုံ ၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မ်ိဳးမင္းေနာင္က ကန႔္ ကြက္စာေပးပို႔ေၾကာင္း KNU တပ္မဟာ(၅) တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ဒီဇင္ဘာ ၂၉ ရက္စြဲပါ ကန႔္ ကြက္စာတြင္ KNU တပ္မဟာ(၅)မွ သစ္ေတာတာဝန္ခံအပါအဝင္ ငါးဦးသည္ ဒီဇင္ဘာ ၂၀ရက္တြင္ ဖာပြန္ၿမိဳ႕နယ္ ႏို႔ခဲထေက်း႐ြာ လမ္းခြဲေနရာ၌ ကရင္ဘာသာျဖင့္ ေရးသား ထားေသာ  ေကာ္သူေလး သစ္ေတာႀကိဳးဝိုင္းအတြင္း သတိ ေပးတားျမစ္ခ်က္ခုနစ္ခ်က္ ပါဝင္ သည့္ ဗီႏိုင္းဆိုင္းဘုတ္ကို စိုက္ထူ သြားေၾကာင္း၊ KNU အဖြဲ႕အေန ျဖင့္ နယ္ဘက္အုပ္ခ်ဳပ္မႈကိစၥရပ္ မ်ားတြင္ ဝင္ေရာက္စြက္ဖက္ျခင္း မ်ား မျပဳလုပ္ရန္၊ NCA သေဘာ တူစာခ်ဳပ္ပါအတိုင္း လိုက္နာ ေဆာင္႐ြက္ေစေရးလက္ေအာက္ ရွိ တပ္ဖြဲ႕ဝင္မ်ားကို ထိန္းသိမ္း ၾကပ္မတ္ေပးရန္ဟုပါရွိသည္။

အဆိုပါ ကန႔္ကြက္စာကို ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္ မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ ၾကည့္ေရးေကာ္မတီ (JMC-S)သို႔ ေပးပို႔ျခင္းျဖစ္သည္။

ယင္းႏွင့္ပတ္သက္၍ KNU တပ္မဟာ(၅)ေျပာေရးဆိုခြင့္ရွိသူ  ဗိုလ္မႉးေစာကလယ္ဒိုက  ဆိုင္း ဘုတ္စိုက္ထူေသာ ေဒသသည္ KNU ထိန္းခ်ဳပ္နယ္ေျမအတြင္း  ရွိေၾကာင္း ေျပာသည္။

‘‘မိမိဝင္ေရာက္လႈပ္ရွားတဲ့ အဖြဲ႕ေတြကလည္း အၾကမ္းဖက္ လုပ္ငန္းေတြလည္း မဟုတ္ဘူး။  အုပ္ခ်ဳပ္မႈကိစၥနဲ႔ ပတ္သက္တဲ့  သစ္ေတာထိန္းသိမ္းမႈတို႔၊ ဘာတို႔ ဒီနယ္ေျမေဒသ ေကာင္းမြန္ဖို႔အ တြက္လုပ္ တဲ့ လုပ္ငန္းေတြပါပဲ။ ကန႔္ကြက္ဖို႔ မလိုအပ္တဲ့ဟာေပါ့။ ကန႔္ကြက္ရင္လည္း မွန္ကန္မႈမရွိ ဘူး’’ ဟု ဗိုလ္မႉးေစာကလယ္ဒိုက ေျပာသည္။

NCA လက္မွတ္ထိုးထားၿပီး ေနာက္ ၾကားကာလအေျခအေနတြင္ ယုံၾကည္မႈတည္ေဆာက္ရန္လိုအပ္ၿပီး ယခုကဲ့သို႔ကန႔္ကြက္ ျခင္းသည္ ယုံၾကည္မႈတည္ ေဆာက္ေရးတြင္ အေႏွာင့္အယွက္ျဖစ္ေစသည္ဟု ၎က ဆက္လက္ေျပာသည္။

JMC-S (ကရင္)အရပ္သား ကိုယ္စားလွယ္ ဦးေစာဘိုးနီက ကန႔္ကြက္စာေပးပို႔ထားမႈကို မသိ ရေသးေၾကာင္း၊ ယခင္ကလည္း ဖာပြန္ေဒသအတြင္းျဖစ္ပြားသည့္ ျပႆနာမ်ားႏွင့္ ပတ္သက္ၿပီး ျပည္နယ္အ စိုးရႏွင့္  KNU တပ္မ ဟာ(၅) အၾကားအျပန္အလွန္ကန႔္ ကြက္မႈမ်ားရွိေၾကာင္းေျပာသည္။

‘‘မၾကာခဏျဖစ္တယ္။ အခု ဆိုရင္ ေက်ာက္ႀကီးမွာလည္း ျဖစ္ ခဲ့တယ္။ ေက်ာက္ႀကီးမွာက လမ္း ေဖာက္တဲ့ကိစၥ ဟိုဘက္ကိုဆက္သြားေတာ့ ဟိုဘက္ကခြင့္မျပဳ ေတာ့ဘူဒိုဇာေတြ မိုင္းထိဘာထိ ေတာ့ သတင္းၾကားတယ္။ လြန္ခဲ့ တဲ့လ(ဒီဇင္ဘာလ)ဆန္းပိုင္းက ေပါ့’’ ဟု ဦးေစာဘိုးနီကေျပာသည္။  ေက်ာက္ႀကီးေဒသသည္ KNU တပ္မဟာ(၃) ေဒသျဖစ္ၿပီးတပ္မဟာ(၅)ႏွင့္ ဆက္စပ္ေနသည္။

အဆိုပါေဒသတြင္ လမ္း ေဖာက္လုပ္ေရး ကိစၥေၾကာင့္ ျပႆနာျဖစ္ပြားျခင္း အပါအဝင္ ေအာက္ေျခ၌ ပဋိပကၡျဖစ္ပြား မႈကိုေျဖရွင္းရန္ တပ္မေတာ္ႏွင့္ KNU တပ္ပိုင္းဆိုင္ရာကိုယ္စား လွယ္အဖြဲ႕တို႔ ဒီဇင္ဘာ ၁၀ ရက္ တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြး ေႏြးသည္။ ေဆြးေႏြးပြဲတြင္ ပဋိ ပကၡမ်ား ေျဖရွင္းႏိုင္ေရးအတြက္ ေအာက္ေျခတပ္မႉးမ်ားအၾကား ေတြ႕ဆုံေဆြးေႏြးရန္ သေဘာတူခဲ့ ရာ ဒီဇင္ဘာ ၂၇ရက္တြင္ ေက်ာက္ ႀကီးရွိ KNU ဆက္ဆံေရး႐ုံး၌ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္း မႉးႏွင့္ KNU တပ္မႉးမ်ား ေတြ႕ဆုံ ညႇိႏႈိင္းခဲ့သည္။

ေတြ႕ဆုံပြဲတြင္  ယုံၾကည္မႈ တည္ေဆာက္ေရးအတြက္အဓိက ေဆြးေႏြးၿပီး ဇန္နဝါရီတြင္ ထပ္မံ ေတြ႕ဆုံရန္ စီစဥ္ထားေၾကာင္း ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေက်ာ္စိုးမိုးက ေျပာသည္။ ထိုသို႔ တိုင္းမႉးႏွင့္ KNU တပ္မႉးမ်ား  ေတြ႕ဆုံေဆြးေႏြးၿပီး ႏွစ္ရက္အ ၾကာတြင္ ကရင္ျပည္နယ္လုံၿခဳံ ေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးက JMC-S သို႔ KNU တပ္မဟာ (၅)ႏွင့္ပတ္သက္သည့္ ကန႔္ကြက္ စာေပးပို႔ျခင္းျဖစ္သည္။

Unicode

KNU တပ်မဟာ(၅)က သစ်တောကြိုးဝိုင်း သတိပေးတားမြစ်ချက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ကရင်နယ်လုံဝန်ကြီးကန့်ကွက်စာပို့

ကရင်အမျိုးသား အစည်းအရုံး(KNU/KNLA) တပ်မဟာ(၅)က ကရင်ပြည်နယ် ဖာပွန် မြို့နယ်၌ သစ်တောကြိုးဝိုင်းသတိ ပေးတားမြစ်ချက်ဆိုင်းဘုတ်စိုက် ထူခြင်းအပေါ်  ကရင်ပြည်နယ်လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကန့် ကွက်စာပေးပို့ကြောင်း KNU တပ်မဟာ(၅) တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်စွဲပါကန့်ကွက်စာတွင် KNU တပ်မဟာ(၅)မှ သစ်တောတာဝန်ခံအပါအဝင် ငါးဦးသည်ဒီဇင်ဘာ ၂၀ရက်တွင် ဖာပွန်မြို့နယ် နို့ခဲထကျေးရွာ လမ်းခွဲနေရာ၌ကရင်ဘာသာဖြင့် ရေးသား ထားသော ကော်သူလေး သစ်တောကြိုးဝိုင်းအတွင်း သတိ ပေးတားမြစ်ချက်ခုနစ်ချက် ပါဝင် သည့် ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူ သွားကြောင်း၊ KNU အဖွဲ့အနေ ဖြင့် နယ်ဘက်အုပ်ချုပ်မှုကိစ္စရပ် များ တွင် ဝင်ရောက်စွက်ဖက်ခြင်း များ မပြုလုပ်ရန်၊ NCA သဘော တူစာချုပ်ပါအတိုင်း လိုက်နာ ဆောင်ရွက်စေရေးလက်အောက် ရှိ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်း ကြပ်မတ်ပေးရန်ဟုပါရှိသည်။

အဆိုပါ ကန့်ကွက်စာကို ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S)သို့ ပေးပို့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးစောကလယ်ဒိုက  ဆိုင်း ဘုတ်စိုက်ထူသော ဒေသသည် KNU ထိန်းချုပ်နယ်မြေအတွင်း  ရှိကြောင်း ပြောသည်။

‘‘မိမိဝင်ရောက်လှုပ်ရှားတဲ့ အဖွဲ့တွေကလည်း အကြမ်းဖက် လုပ်ငန်းတွေလည်း မဟုတ်ဘူး။  အုပ်ချုပ်မှုကိစ္စနဲ့ ပတ်သက်တဲ့  သစ်တောထိန်းသိမ်းမှုတို့၊ ဘာတို့ ဒီနယ်မြေဒေသ ကောင်းမွန်ဖို့အ တွက် လုပ်တဲ့ လုပ်ငန်းတွေပါပဲ။ ကန့်ကွက်ဖို့ မလိုအပ်တဲ့ဟာပေါ့။ ကန့်ကွက်ရင်လည်း မှန်ကန်မှုမရှိ ဘူး’’ ဟု ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။

NCA လက်မှတ်ထိုးထားပြီး နောက် ကြားကာလအခြေအနေ တွင် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ပြီး ယခုကဲ့သို့ကန့်ကွက် ခြင်းသည် ယုံကြည်မှုတည် ဆောက်ရေးတွင် အနှောင့်အ ယှက်ဖြစ်စေ သည်ဟု ၎င်းက ဆက်လက်ပြောသည်။

JMC-S (ကရင်)အရပ်သား ကိုယ်စားလှယ် ဦးစောဘိုးနီက ကန့်ကွက်စာပေးပို့ထားမှုကို မသိ ရသေးကြောင်း၊ ယခင်ကလည်း ဖာပွန်ဒေသအတွင်းဖြစ်ပွားသည့် ပြဿနာများနှင့် ပတ်သက်ပြီး ပြည်နယ်အစိုး ရနှင့်  KNU တပ်မ ဟာ(၅) အကြားအပြန်အလှန်ကန့် ကွက်မှုများရှိကြောင်းပြောသည်။

‘‘မကြာခဏဖြစ်တယ်။ အခု ဆိုရင် ကျောက်ကြီးမှာလည်း ဖြစ် ခဲ့တယ်။ ကျောက်ကြီးမှာက လမ်း ဖောက်တဲ့ကိစ္စ ဟိုဘက်ကို ဆက် သွားတော့ ဟိုဘက်က ခွင့်မပြု တော့ ဘူဒိုဇာတွေ မိုင်းထိဘာထိ တော့ သတင်းကြားတယ်။ လွန်ခဲ့ တဲ့လ(ဒီဇင်ဘာလ)ဆန်းပိုင်းက ပေါ့’’ ဟု ဦးစောဘိုးနီကပြောသည်။  ကျောက်ကြီးဒေသသည် KNU တပ်မဟာ(၃) ဒေသဖြစ်ပြီးတပ်မဟာ(၅)နှင့် ဆက်စပ်နေသည်။

အဆိုပါဒေသတွင် လမ်း ဖောက်လုပ်ရေး ကိစ္စကြောင့် ပြဿနာဖြစ်ပွားခြင်း အပါအဝင် အောက်ခြေ၌ ပဋိပက္ခဖြစ်ပွား မှုကိုဖြေရှင်းရန် တပ်မတော်နှင့် KNU တပ်ပိုင်းဆိုင်ရာကိုယ်စား လှယ်အဖွဲ့တို့ ဒီဇင် ဘာ ၁၀ ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးသည်။ ဆွေးနွေးပွဲတွင် ပဋိ ပက္ခများ ဖြေရှင်းနိုင်ရေးအတွက် အောက်ခြေတပ်မှူးများအကြား တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ ရာ ဒီဇင်ဘာ ၂၇ရက်တွင်ကျောက် ကြီးရှိ KNU ဆက်ဆံရေးရုံး၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း မှူးနှင့် KNU တပ်မှူးများ တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

တွေ့ဆုံပွဲတွင်  ယုံကြည်မှု တည်ဆောက်ရေးအတွက်အဓိက ဆွေးနွေးပြီး ဇန်နဝါရီတွင် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျော်စိုးမိုး ကပြောသည်။ထိုသို့တိုင်းမှူးနှင့် KNU တပ်မှူးများ တွေ့ဆုံဆွေးနွေးပြီး နှစ်ရက်အ ကြာတွင် ကရင်ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက JMC-S သို့ KNU တပ်မဟာ(၅)နှင့်ပတ်သက် သည့်ကန့်ကွက် စာပေးပို့ခြင်းဖြစ်သည်။

====================================

END / 251