၅ ဇန်နဝါရီ ၂၀၂၀ - ၁၇:၃၆
ရက္ပိုင္းအတြင္း RCSS/SSA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ေနျပည္ေတာ္သြားမည္

အပစ္ရပ္ေခါင္းေဆာင္မ်ား အဖြဲ႕ အစည္းအ ေဝး PPST ႏွင့္ NCA အေကာင္အထည္ေဖၚမႈဆိုင္ရာ JICM အစည္းအေဝး တက္ေရာက္ရန္ ဇႏၷဝါရီ ၆ ရက္ ေန႔မနက္ျဖန္၌RCSS/SSA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ေနျပည္ေတာ္ခရီးစတင္ မည္ဟု သိရသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


အပစ္ရပ္ေခါင္းေဆာင္မ်ား အဖြဲ႕ အစည္းအ ေဝး PPST ႏွင့္ NCA အေကာင္အထည္ေဖၚမႈဆိုင္ရာ JICM အစည္းအ ေဝးတက္ေရာက္ရန္ ဇႏၷဝါရီ ၆ ရက္ ေန႔ မနက္ျဖန္၌ RCSS/SSA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ေနျပည္ေတာ္ ခရီး စတင္မည္ဟု သိရသည္။

အဆိုပါခရီးစဥ္သည္ မယ္ဆိုင္ - တာခ်ီလိတ္ မွတဆင့္ေနျပည္ေတာ္သို႔ သီးသန႔္အထူးေလယာဥ္ျဖင့္ သြားေရာက္မည္ဟုလည္းဆိုသည္။

၎ႏွင့္ပတ္သက္ၿပီး RCSS ေျပာခြင့္ရ ဒုဗိုလ္မႉးႀကီးစိုင္းဦး က- “ဟုတ္ပါတယ္ JICM အစည္းအေဝးတက္ေရာက္မယ့္ခရီးစဥ္ျဖစ္ပါတယ္ ” - ဟု အတည္ျပဳေျပာဆိုသည္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္သည္ဇႏၷဝါရီ ၇ ရက္ေနျပည္ေတာ္တြင္က်င္းပမည့္ PPST အစည္းအ ေဝး၊ဇႏၷဝါရီ ၈ ရက္ေန႔ JICM အစည္းအ ေဝးတက္ရာက္ၿပီး ေနာက္ပိုင္း ႏိုင္ငံေတာ္ အတိုင္အပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဉီးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တို႔ႏွင့္လည္း သီးသန႔္ ေတြ႕ဆုံမည္ဟု သိရသည္။

NCAတႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္လက္မွတ္ထိုးျခင္း ေလးႏွစ္ျပည့္အထိမ္းအမွတ္အခမ္းအနားတက္ေရာက္ရန္ ျပင္ဆင္ထားသည့္ ခရီးစဥ္အား တပ္မေတာ္ဟန႔္တား သည့္ ေနာက္ပိုင္း အခု ေနျပည္ေတာ္ခရီးစဥ္ သည္ ပထမ ဉီးဆုံးခရီးစဥ္ျဖစ္သည္။

Unicode

ရက်ပိုင်းအတွင်း RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်သွားမည်

အပစ်ရပ်ခေါင်းဆောင်များ အဖွဲ့အစည်းအဝေး PPST နှင့် NCA အကောင်အထည်ဖေါ်မှုဆိုင်ရာ JICM အစည်းအဝေးတက်ရောက်ရန်ဇန္နဝါရီ ၆ ရက်နေ့မနက် ဖြန်၌ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ခရီး စတင်မည်ဟု သိရသည်။

အဆိုပါခရီးစဉ်သည် မယ်ဆိုင် - တာချီလိတ် မှတဆင့်နေပြည်တော်သို့ သီးသန့်အထူးလေယာဉ်ဖြင့် သွားရောက်မည်ဟုလည်းဆိုသည်။

၎င်းနှင့်ပတ်သက်ပြီး RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းဦး က- “ဟုတ်ပါတယ် JICM အစည်းအဝေးတက်ရောက်မယ့်ခရီးစဉ်ဖြစ်ပါတယ် ” - ဟု အတည်ပြုပြောဆို သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် သည် ဇန္နဝါရီ ၇ ရက်နေပြည်တော်တွင်ကျင်းပမည့် PPST အစည်းအ ဝေး၊ ဇန္နဝါရီ ၈ ရက်နေ့ JICM အစည်းအ ဝေးတက်ရာက် ပြီး နောက် ပိုင်း နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှင့်လည်း သီးသန့် တွေ့ဆုံမည်ဟု သိရသည်။

NCAတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးခြင်းလေးနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ပြင်ဆင်ထားသည့်ခရီးစဉ်အား တပ်မတော် ဟန့်တားသည့် နောက် ပိုင်း အခု နေပြည်တော်ခရီးစဉ် သည် ပထမ ဉီးဆုံးခရီးစဉ်ဖြစ်သည်။

====================================

END / 251