စူရဟ် အန်ဖေသွာရ် အကြောင်း သိကောင်းစရာ
အမည် - အန်ဖေသွာရ်
အဓိပ္ပာယ် - ဖေသွရသ် စကားလုံး၏ မာဇီانفطرتဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ကွဲအက်ခြင်း ဖြစ်ပါသည်။
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
အန်ဖေသွာရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
အန်ဖေသွာရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၀ ကြိမ်
အစောင် - ၃၀ရကူအပိုဒ်တော်ပေါင်း - ၁
အာယသ်တော်ပေါင်း - ၁၉
စကားလုံးတော်ပေါင်း - ၈၁
အက္ခရာတော်ပေါင်း - ၃၃၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၈၂
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နာစေအာသ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အင်န်ရှေကသ်
ဤစူရဟ်၏ အခြားအမည်များ - ၁။ အန်ဖေသွာရ် ၂။ အန်ဖေသွရသ်
ထူးခြားချက် - ၁။ ကျမ်းတော်မြတ် ကုရ်အာန် တွင် ဤစူရဟ် နှင့် ပတ်သက် ပြီး လက်ရှိ အမှတ်စဉ် နှင့် ကိုယ်တော်မြတ် (ဆွ) ထံ ကျရောက်သည့် အမှတ်စသ် အတူတူ ဖြစ်ပါသည်။ ၂။ သီးသန့် ဤစူရဟ် တည်းသာလျှင် အလ္လာဟ် ဆိုသည့် စကားလုံး ဖြင့် အဆုံးသတ်ထားပါသည်။
အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။
“အကြင်မည်သူ မဆို စူရဟ် အန်ဖေသွာရ် သေလာဝသ် ပြုမည်ဆိုလျှင်အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ကဗဲရ် များ နှင့်အညီ အကျိုးစဝါးဗ် ပေးတော်မူ မည်။ ထိုပြင် မိုးကောင်းကင်မှ ကျရောက်လာလျှင် မိုးစက်မိုးပေါက်နှင့်အညီ ထို မိုးစက် မိုးပေါက် တစ်စက် တစ်ပေါက်လျှင် အကျိုးစဝါးဗ် ၁၀ ဆ ရရှိမည် ဖြစ်ပါသည်။ ပြီးနောက် ကေယာမသ်နေ့ တွင် မင်္ဂလာ ကျက်သရေ ကြီးစွာဖြင့် ရှိမည်။ ”
(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၂၇၃ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
*****************************************************************
END / 251