အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ အောက်တိုဘာ ၂၀၂၁

၂၀:၂၉:၃၆
1192997

ဆေးဘက် ဆိုင်ရာ ပေါ့ဆ မှုကြောင့် ထောင်ကျခံ နေရသည့် ဘာရိန်းတော်လှန်ရေး သမား လူငယ် တစ်ဦး သေဆုံး + ဗီဒီယိုကလစ်

ဂျမ်အီးယသ် အလ်ဝဖါက် ဘာရိန်း မှ ကြေငြာခဲ့ပါတယ်။ ဘာရိန်း တော်လှန်ရေး လူငယ်တစ်ဦး သည် မတရား နှိပ်စက်မှု နှင့် ဆေးဘက်ဆိုင်ရာ ပေါ့ဆမှု ကြောင့် အလ္လာဟ် အရှင်မြတ် အမိန့်ခံ ရှဟီးဒ် ဖြစ်သွားကြောင်း ဖြစ်ပါတယ်။


ဂျမ်အီးယသ် အလ်ဝဖါက် ဘာရိန်း မှ ကြေငြာခဲ့ပါတယ်။ ဘာရိန်း တော်လှန်ရေး လူငယ်တစ်ဦး ဖြစ်သည့် အလီ ကမ်ဗဲရ် ဆိုသူ သည် မတရား နှိပ်စက်မှု နှင့် ဆေးဘက်ဆိုင်ရာ ပေါ့ဆမှု ကြောင့် အလ္လာဟ် အရှင်မြတ် အမိန့်ခံ ရှဟီးဒ် ဖြစ်သွားကြောင်း ဖြစ်ပါတယ်။

ابتسام الصائغ အမည်ရှိ ဘာရိန်း လူ့အခွင့်အရေး အဖွဲ့ တစ်ခု မှ ပြောကြားခဲ့ပါတယ်။ ရှဟီးဒ် အလီ ကမ်ဗဲရ် သည် ထောင်ဒဏ် ၃၇ နှစ်ထက်မနည်း အမိန့်ချမှတ်ခြင်း ခံခဲ့ ရသူ ဖြစ်ပြီး နိုင်ငံသား ဖြစ်ခွင့်ကို လည်း ဆုံး ခဲ့ရသည့် တော်လှန် သမား လူငယ် တစ်ဦး ဖြစ်ပါတယ်။

အလီ ကဗဲရ် သည် ထောင်အတွင်း မတရား ညှဉ်းပန်း နှိပ်စက် ခံရသည့် ဒဏ်ကြောင့် နှင့် ဆေးဖက် ဆိုင်ရာ ထောင် တာဝန်ရှိသူများ ၏ တမင်ပေါ့ဆ မှုကြောင့် ၎င်း၏ မျက်နှာ တွင် အဖုအကြိတ်များ ထွက ရှိလာ ပြီး တစ်ကိုယ်လုံး ပျံ့ နှံ့ သွား ခဲ့ရပါတယ်။ ထောင်တာဝန်ခံများ မှ မတတ်နိုင်သည့် အဆုံး ၂၀၁၈ခုနှစ် ဇူလိုင်လ တွင် ၎င်း အား လွှတ်ပေးခဲ့ကြပါတယ်။

သို့သော် ဆေးကုသ ရန် အတွက် တမင် နှောင့်နှေး မှုကြောင့် အလီကဗဲရ် ၏ ရောဂါ အခြေအနေ သည် တစ်နေ့ ထက် တစ်နေ့ ပိုမို၍ ဆိုးရွား လာသဖြင့် မလစ်က်ဟွတ်ဂျသ် အမည်ရှိ ဆေးရုံ သို့တက်၍ ကုသရန် ပြုခဲ့ပါတယ်။ သို့သော် ၎င်း ဆေးရုံမှ လူ့သားပီပမှု ကို ဘေးချိတ်ထားပြီး နိုင်ငံ ရေး အကျဉ်းသား ဆိုသည့် ပုဒ်မ ဖြင့် တက်ရောက် ကုသခွင့်မပြုခဲ့ပေ။

ဂျမ်အီးယသ် အလ်ဝဖါက် ဘာရိန်း နှင့် ဘာရိန်း တော်လှန်းရေး အသိုင်းအဝိုင်း မှ ပြည်သူလူထု အား ရှဟီးဒ် အလီကဗဲရ် ၏ ဈာပန တွင် ပါဝင်နေရာ ယူပေးကြရန် မေတ္တာ ရပ်ခံ တောင်းဆိုထားပါတယ်။

****************************************************************

END / 251