အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၂ နိုဝင်ဘာ ၂၀၂၁

၁၈:၃၂:၁၄
1197833

အာဖဂန် နိစ္စတန် နိုင်ငံ တွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ဗလီ တွင် ဗုံးပေါက်ကွဲမှု ထပ်မှန် ဖြစ်ပွား ၃ဦး သေဆုံး အများအပြား ဒဏ်ရာ ရ

အာဖဂန် နိစ္စတန် နိုင်ငံ နန်ဂဲရ်ဟာ ပြည်နယ်ရှိ ဗလီ တစ်လုံးတွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ကြောင့် ၃ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ရှေ့ဆောင် ဆရာ အပါ အဝင် ၁၂ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။


 

မဲဟ်ရ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ အာဖဂန် နိစ္စတန် နိုင်ငံ နန်ဂဲရ်ဟာ ပြည်နယ်ရှိ ဗလီ တစ်လုံးတွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ကြောင့် ၃ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ရှေ့ဆောင် ဆရာ အပါ အဝင် ၁၂ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။

သတင်းအထောက်အထားများ အရ အာဖဂန် နိစ္စတန် နိုင်ငံ နန်ဂဲရ်ဟာ ပြည်နယ် အစ်ပင်န်ဂဲရ် ခရိုင် ရှိ ဗလီ ဝတ်ကျောင်းတော် တစ်ခု တွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ပြင်းထန်သည် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အမည် မဖော်လိုသူ တာလီဘန် တပ်မှူး တစ်ဦး မှ ဗလီ တွင်ပေါက်ကွဲ မှု ဖြစ်ပွား ကြောင်း အတည်ပြု ခဲ့ပြီး သေဆုံးမှု အတွက် စိုးရိမ် ရကြောင်း ပေါက်ကွဲမှု ဖြစ်စဉ် နှင့်ပတ်သက်ပြီး စုံစမ်းနေ ကြောင်း ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ၃ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေစဉ် ၁၂ဦး အပြင်း အထန် ဒဏ်ရာ ရရှိ ထားသည့်အတွက် အစ်ပင်န်ဂဲရ် ဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း ၎င်းတို့အတွင်း ၁၀ဦး ၏ အခြေအနေမှာ စိုးရိမ် ရသည့် အခြေအနေ ရှိကြောင်း ဤအတွက်ကြောင့် သေဆုံးသူ ထပ်တိုလာနိုင်ကြောင်း သိရှိ ရပါတယ်။

လက်ရှိ အခြေအနေ ထိ မည်သည့် အဖွဲ့ အစည်းမှာ တာဝန် မယူသေးကြောင်း တာလီဘန် အစိုးရ အဖြစ် တက်ပြီးနောက်ပိုင်း သောကြာ နမာဇ် ဝတ်ပြုနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ လေးကြိမ် မြောက် ရှိ ပြီး ဖြစ်ပါတယ်။ ရှီအာ ဗလီ နှင့် စွန္နီ ဗလီ များကို ပစ်မှတ်ထား ဗုံးခွဲ တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ ပြီးခဲ့သည် ပေါက်ခွဲမှု များ ကို ISIS မှ တာဝန်ယူ ထားောကာင်း ထို ပေါက်ကွဲမှု ၃ ကြိမ် ကြောင့် အယောက် ၄၀၀ ကျော် သေဆုံး ဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

 

END / 251