အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၉ အောက်တိုဘာ ၂၀၂၂

၁၂:၁၁:၅၇
1315248

တူရကီ မှလှိူ့ဝှက် တီထွင်ထားသည့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်

တူရကီ မှ နှစ်ပေါင်းများစွာ ကတည်းက လှိူ့ဝှက် တည်ဆောက်နေသည့် တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ကို မြေထဲ ပင်လယ်တွင် စမ်းသပ် ပစ်ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တူရကီ မှ နှစ်ပေါင်းများစွာ ကတည်းက လှိူ့ဝှက် တည်ဆောက်နေသည့်  တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ကို မြေထဲ ပင်လယ်တွင် စမ်းသပ် ပစ်ခဲ့ပါတယ်။

Iran Press သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ဤ စမ်းသပ်မှုကို ဒေသစံတော်ချိန် နံနက် ၇နာရီ တွင် ဆိပ်ကမ်းမြို့ ဖြစ်သည့် ရဇ် မြို့ အနီး ရှိ မိုဗိုင်းလ်လောင်ချာ မှ စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် တူရကီ လုံခြုံရေး သတင်း အရစ်အမြစ်မှာ သိရှိရကြောင်း ဖော်ပြ ထားပါတယ်။ 

အဆိုပါ ဒုံကျည်သည် ၅၆၁ ကီလိုမီတာ အကွာအဝေး ကို ပျံသန်းပြီးနောက် စနူဗ်ဆိပ်ကမ်း အနီး ပင်လယ် ထံသို့ ကျရောက်သိရှိရပါတယ်။

အစီရင်ခံစာအရ တိုက်ဖန် ဟု အမည်ပေးထားသည့် အဆိုပါ ဒုံးကျည် အား လှိူ့ဝှက်စွာ နှစ်ပေါင်း များစွာ ပြင်ဆင်ဆောက်လုပ် ခဲ့ရကြောင်း သိရှိရပါတယ်။

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာန ၏ အကြီးအကဲ (ခ) ကာကွယ် ရေးဝန်ကြီး မှ ဤ လှိူ့ဝှက်ဒုံးကျည် စီမံကိန်း နှင့်ပတ်သက်ပြီး မည်သည့် အချက်အလက် မျှပေးရန် ငြင်းဆိုခဲ့ပါတယ်။ကာကွယ်ရေး ဝန်ကြိး ဌာန သည် ပြည်တွင်း တွင် ထုတ်လုပ်သည့် လက်နက်များ ထုတ်လုပ်မှု ကို စောင့်ကြည့်ရန် တာဝန်ရှိသည့် ဌာန  ဖြစ်ပါတယ်။

တူရကီသည် လွန်ခဲ့သည့် ၂နှစ် က ရုရှား လုပ် S – 400 ဒုံးကျည် ကာကွယ်ရေး စနစ် ကို ပထမဆုံး ရယူခဲ့ပြီး ၎င်းကြောင့် တူရကီ ပြည်တွင်းလုပ် ပဲ့ထိန်း ဒုံးကျည် အစီအစဉ် ကို အားကောင်းလာမည်ဟု  မျှော်လင့် ရကြောင်းသိရှိရပါတယ်။

တူရကီ အနေဖြင့် ရုရှား နိုင်ငံမှ S – 400 ဒုံးကျည် စနစ်ကို ဝယ်ယူပြီးနောက် အမေရိကန်  ၏   Lockheed Martin ကုမ္ပဏီ မှထုတ်လုပ်သည့် F-35  ကိုယ်ပျောက် ဂျက်လေယာဉ်အား အမေရိကန် မှ  မပေး တော့သည့်အပြင် တူရကီ အပေါ် ပိတ်ဆို့ အရေးယူမှု များပြုခဲ့ကြောင်း သိရှိရပါတယ်။

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာန အဆိုပါ ဒုံးကျည် နှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။



****************************************************************
END / 251