၁၃ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၈
ဟော်မုဇ်ရေလက်ကြား နှင့် ပတ်သက်သည့် အီရန်၊အိုမန် သဘောတူညီချက်အသေးစိတ်ကို မကြာမီ ထုတ်ပြန်မည်

အီရန် နှင့် အိုမန်တို့သည် ပါရှန်ပင်လယ်ကွေ့ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် အစည်းအဝေးတစ်ရပ်တွင် ဟော်မုဇ်ရေလက်ကြားအတွက် ဝင်ထွက်လမ်းကြောင်းအသစ်များနှင့် ပတ်သက်သည့် နောက်ဆုံးသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  အီရန် နှင့် အိုမန်တို့အကြား ဟော်မုဇ်ရေလက်ကြားရှိ ဝင်ထွက်လမ်းကြောင်းအသစ်များနှင့် ပတ်သက်သည့် နောက်ဆုံးသဘောတူညီချက်ကို မကြာမီကျင်းပမည့် ပါရှန်ပင်လယ်ကွေ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပါတယ်။

သတင်းရင်းမြစ်များအရ အဆိုပါသဘောတူညီချက်သည် ဩဂုတ်လကုန်ပိုင်း တွင် အီရန် နှင့် အိုမန်တို့အကြား ဆက်တိုက်ပြုလုပ်ခဲ့သည့် နည်းပညာပိုင်းနှင့် သံတမန်ရေးရာ ဆွေးနွေးမှုများ၏ ရလဒ်အဖြစ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက်သည် အီရန်နှင့် အိုမန် နှစ်နိုင်ငံအကြားသာ ရရှိထားခြင်းဖြစ်ပြီး အခြားနိုင်ငံများကို သဘောတူထားသည့် လမ်းကြောင်းများနှင့် ဖြတ်သန်းသွားလာရေးဆိုင်ရာ စီမံချက်များ၏ အသေးစိတ်အချက်အလက်များကိုသာ အသိပေးသွားမည်ဖြစ်ပါတယ်။

သဘောတူညီချက်အရ  ပါရှန်း ပင်လယ်ကွေ့အတွင်း သို့ ဝင်ရောက်မည့် လမ်းကြောင်းသည် အီရန်၏ ပိုင်နက်ရေပိုင်နက်အတွင်း၌သာ တည်ရှိမည်  ဖြစ်ပါတယ်။ ပါရှန်းပင်လယ်ကွေ့မှ ပြန်လည်ထွက်ခွာမည့် လမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခုသည်လည်း အီရန်ပိုင်နက်ရေပိုင်နက်အတွင်းတွင် ရှိမည်ဖြစ်ပြီး ထိုလမ်းကြောင်းပေါ် ဖြတ်သန်းသွားလာမှုကို အီရန်ဘက်မှ စီမံခန့်ခွဲမည်ဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက် အကောင်အထည်ဖော်ပြီးနောက် တောင်ပိုင်းလမ်းကြောင်းကို ပိတ်သိမ်းမည် ဖြစ်ပါတယ်။  ထိုလမ်းကြောင်းကို အမေရိကန်က ပြန်လည်ဖွင့်လှစ်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး လတ်တလော တင်းမာမှုများ ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းရင်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

အဆိုပါအစည်းအဝေးသို့ အီရန် ၊ အိုမန်နှင့် အခြားကမ်းရိုးတန်းနိုင်ငံများအပြင် အီရတ်နိုင်ငံ လည်း ပါဝင်မည်ဖြစ်သည်။ သို့သော် သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို အီရန်နှင့် အိုမန်တို့အကြား ပြုလုပ်ခဲ့သည့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများအတွင်း သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

သတင်းရင်းမြစ်များက ရှင်းလင်းပြောကြားရာတွင် အဆိုပါ သဘောတူညီချက်သည် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းနှင့် မတူကြောင်း ဆိုပါတယ်။ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ရန်အတွက် ကြားဝင်ဆောင်ရွက်သူများမှတစ်ဆင့် အမေရိကန်ထံသို့ စည်းကမ်းချက် ၇ ချက် ပေးပို့ထားပြီး အီရန်၏ အဆင့်မြင့် စစ်ဘက်အရာရှိများက အတည်ပြုထားသည့် အဆိုပါစည်းကမ်းချက်များ မပြည့်မီသရွေ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမည်ဖြစ်ပါတယ်။

သတင်းရင်းမြစ်များအရ အဆိုပါ သဘောတူညီချက်၏ အဓိပ္ပါယ်မှာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ယခုသဘောတူညီချက်ကို အခြေခံ၍သာ ဖွင့်လှစ်မည် ဟူသော အဓိပ္ပါယ်ဖြစ်ပြီး ၊ ယင်းသည် အဆိုပါ ရေလမ်းကြောင်းအပေါ် အီရန်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ အရေးကြီးသော တိုးတက်မှုတစ်ရပ် ဖြစ်ပါတယ်။

ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခြင်းသည် အမေရိကန်ဘက်မှ အဆိုပါစည်းကမ်းချက်များကို အကောင်အထည်ဖော်ခြင်းရှိ၊ မရှိအပေါ် လုံးဝမူတည်နေမည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha