အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၁၅ နိုဝင်ဘာ ၂၀၂၂

၁၇:၀၈:၅၄
1323386

ရဟတ်ယာဉ်အမှုအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ဆေး

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါအသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူခဲ့လို့ အဂတိမှုနဲ့ တရားစွဲခံနေရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်း ကနေ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါအသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူခဲ့လို့  အဂတိမှုနဲ့ တရားစွဲခံနေရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်း ကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှု ၅ မှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီနေ့ စစ်ဆေးတာဖြစ်ပါတယ်။

“ဒီနေ့ ရဟတ်ယာဉ်အမှုထဲက ပုဒ်မ ၄၆ အတွက် သမ္မတဦးဝင်းမြင့်ကို စစ်တယ်။ အဲ့ပုဒ်မတခုပဲ ပြီးလိုက်တယ်။ သမ္မတကြီးကို ငါးမှုလုံးအတွက် စစ်ပြီးမှ အန်တီကိုစစ်မယ်” လို့ အဆိုပါ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမိန့်ချပြီးသားအမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတင်ထားတယ်လို့ သိရပါတယ်။

****************************************************************
END / 251