အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၆ နိုဝင်ဘာ ၂၀၂၂

၀၇:၄၆:၄၀
1323559

 စစ်မှန်သည့်အစ္စလာမ့်ဝါဒ ဖြန့်ချိရေးဌာန ၊ Astan Quds Rizvi မှ ထုတ်‌ဝေထားသည့် ဆရက်ဒ် အဗ်ဒိုလ်မဂျီးဒ် ကရီမီ ရေးသားသီးကုံးထားသည့် စာအုပ် ငယ်အား အဓိက ကိုးကားပြီး အဗ်နာ ချစ်ပရိတ်သတ်ကြီး အား တင် ပြ လိုက်ပါ တယ်။


بسم رب الشهداوالصدیقین

 

مِّنَ ٱلْمُؤْمِنِينَ رِجَالٌ صَدَقُوا۟ مَا عَٰهَدُوا۟ ٱللَّهَ عَلَيْهِ ۖ فَمِنْهُم مَّن قَضَىٰ نَحْبَهُۥ وَمِنْهُم مَّن يَنتَظِرُ ۖ وَمَا بَدَّلُوا۟ تَبْدِيلًا .

 

မိုအ်မင်(ခ) သက်ဝင်ယုံကြည်သူများမှ အလ္လာဟ်ဟို အရှင်မြတ်နှင့် ပြုထား သည့် ကတိကဝတ်အတိုင်းမှန်ကန်စွာ ပြုလုပ်ခဲ့ပြပါသည်။ ထိုပြင် ၎င်းအထဲတွင် အချို့သသည် မိမိတို့၏ တာဝန်ဝတ္တရား ကိုလည်း တာဝန်ကျေအောင် ထမ်းဆောင်ခဲ့သူများ (အလ္လာဟ်၏ လမ်းတွင် အသက်ပေးခဲ့သူများ) လည်း ရှိကြပါသည်။ ထိုပြင် ၎င်း အထဲမှာ အချို့ သည်စောင့်စားနေကြသူများဖြစ်ကြ ပါသည်။ ထိုပြင် ၎င်းတို့ သည့် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ကြချေ။

 

အစ္စလာမ်၏ ကြီးမြတ်သည့် မိုဂျာဟစ် ခေါင်းဆောင်၊ ကြီးကျယ် သည့် ခိုမေနီ (ရ.ဟ) ၏ နာမ်ပိုင်ဆိုင်ရာ သားတော် ၊ ကျွန်ုပ်တို့၏ ဂုဏ်ပြု ထိုက်သည့် ရှဟီးဒ်တော် ၊ ချစ်လှစွာသော် ကာစင်မ် ဆိုလိုင်းမါနီ (ရ.ဟ) !

 

လူကြီးမင်း နှင့် ပတ်သက်ပြီးအမှန်အတိုင်းပြောရမည်ဆိုလျင်လူကြီး မင်း၏  မိုဂျာဟစ်ပီသသည့် ဘဝတည်ဆောက်မှု ၊ပြီးနောက် ဖြူစင် ရိုးသားပြီး ပြစားမှုမပါသည့် ကြိုးစားမှုများ သည် ဤအလ္လာဟ် ဟိုအရှင်မြတ် ၏ အာယသ်တော် ၏ လက် တွေ့ သရုပ်ဖော်သူ ၊ အကောင် အထည်ဖော်သူ နှင့် လက်တွေ့ သဖ်စီ ဖြစ် ပေသည်။ အကြောင်းမှာ လူကြီး မင်းအနေဖြင့် အစ္စလာမ်မစ်တော်လှန်ရေး နှင့် အလ္လာဟ့် ၏ လမ်းတွင် အပြည့်အဝ အမှန်အကန် ရပ်တည်ခဲ့သည့် အတွက် ကြောင့် ဖြစ်ပါသည်။ ရဲရင့်ခြင်းဓလေ့အားအသစ် ပြန်လည် အသက် သွင်း လန်းဆန်း စေခဲ့ပါသည်။လူကြီးမင်း၏ သန့်ရှင်း စင်ကြယ်မှု နှင့် မှန်ကန်၏ သက်သေ အဖြစ် ဒေဖါ အေမိုကဒက်စ်  (ခ) မိမိတိုင်းပြည် အား ကျူးလွန်သူများမှ ကာကွယ်ခြင်း ဆိုသည အန္တရာယ် များ နှင့်ပြည့် နေ သည့် စစ်မြေပြင်တွင် လူကြီးမင်း၏ ရဲရင်စွာတည်ရှိမှု နှင့် စိတ်လှုပ်ရှားဖွယ်ရာ နှစ်များစွာ ၏ အမှတ်ရစရာ အဖြစ် ကျန်နေ သည့် လူကြီးမင်း၏ ကိုယ်ခန္ဓာတွင် ရှိနေသည့် မရေမထွက်နိုင် ဂုဏ်ပြု ဘွဲ့တံဆိပ်များ မှသက် သေခံနေ ပါသည်။ထိုနေ့သည် လူကြီးမင်း၏ ကောင်းကင်ဘုံ သူငယ်ချင်းများ (ခ) ရှဟီးဒ်များ တစ်ယောက်ပြီး တစ်ယောက် မိမိတို့၏ ဖန်ဆင်းရှင် နှင့်တွေ့ရန် ရှဟီးဒ်ဘွဲ့ကို ခံယူခဲ့သည့်နေ့ ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် မိမိချစ်ရသည့်ဖန်ဆင်းရှင်အား တွေ့လိုသည့် ဆန္ဒ နှင့် သူငယ်ချင်း များ ၏ခွဲခွာ သွားသည့် (အလွမ်း) မီးတောက် တွင် တဖြည်းဖြည်း လောင်မြိုက်  စေပြီး သုံးနှစ်တိုင် مِنْهُم مَّن يَنتَظِرُ  သရုပ်ဖော် ခဲ့ပါသည်။ပြီးနောက် ဤ စောင့်စား မှုသည် မိမိ၏နောက်ဆုံးအချိန်ကို ရောက်သည့်အခါ မိမိ၏ သန့်ရှင်းသည့် ကိုယ်ခန္ဓာ အား တစ်ဆဆီ တစ်ပိုင်းဆီ ဖြစ်စေပြီး  مَّن قَضَىٰ نَحْبَهُ ၏ သဖ်စီရ် အား နှစ်သက်သည့် ပုံသဏ္ဍာန် ဖြင့် အကောင် အထည်ဖော်ခဲ့ပြီး မိမိ၏ အချစ်တော် အလ္လာဟ့်ထံ ထွက်သွား ခဲ့ပါသည်။

ကျွန်ုပ်တို့ ၏ ကြီးကျယ်သည့် ရှဟီးဒ်! လူကြီးမင်း၏ ဘဝသည် အလ္လာဟ် လမ်းတွင် ဂျေဟာဒ် (ခ) ဘက်စုံ ကြိုးပမ်းမှု နှင့် ဟဇရသ် ဗကီးယသွလ္လာဟ်အအ်ဇန်မ် (အ.ဂျ)  ၏ ဇဟူရ်(ခ)မျက်ဝါးထင်ထင် ဖူးပွင့် လာရန် လမ်းကြော ကိုအစဉ်သင့် ဖြစ်လာအောင် အဆက် မဖြတ် ကြိုးစား ခဲ့သူ လက်တွေ့ သဖ်စီ ဖြစ်ပါသည်။ လူကြီး မင်း နေဖြင့် အေမာမ်ဇမာန်း (အ.ဂျ) အားစောင့်စား နေသူများ အားလုံး ကို လမ်းပြခဲ့ ပါသည်။ လူကြိးမင်း၏ ရှဟာဒသ် သည် မိုဂျာဟစ်များ နှင့် ဟဇရသ် ဗကီးယသွလ္လာဟ်အအ်ဇန်မ် (အ.ဂျ) အား စောင့်မျှော် စောင့်စားသူများ လမ်း တွင် အချက်အချာ ရသည့် ပွိုင့်တစ်ခု ဖြစ်ပေမည်။ အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းဆောင် ကြီး မှ လူကြီးမင်း နှင့်ပတ်သက်ပြီး လှပသည့် စကားစုများကို မိန့်ကြား ခဲ့ပါသည်။

ရှဟီးဒ် ဆိုလိုင်းမါနီ (ရ.ဟ) သည် နိုင်ငံတကာ ပေါင်းစုံ၏ ကြံ့ ကြံ့ခံ ကာကွယ် ရပ်တည်သူများ  ၏ မျက်နှာ ဖြစ်ပါသည်။ ကြံ့ ကြံ့ခံ ကာကွယ် ရပ်တည်သူများ နှင့် ပတ်သက်နေသူတိုင်း သည် ရှဟီးဒ် ဆိုလိုင်းမါနီ (ရ.ဟ) ဘက်မှ သွေးကြွေး ဆပ်ရန်လို လားသများ  ဖြစ် ကြ ပါသည်။ မိဆ်ဆွေများ အားလုံး နှင့်ရန်သူများအားလုံး သိထား လိုက်ပါ။ ဂျေဟာဒ် နှင့် ကြံ့ ကြံ့ခံ ကာကွယ်ရပ်တည်မှု လမ်းစဉ် သည် အရင်ထက်ပို၍  စိတ်အား ထက်သန်စွာဖြင့် ရှင်သန် မှာဖြစ်ပါသည်။ အောင်မြင်မှုသည် ဤ မွန်မြတ်သည့် လမ်းစဉ် ပေါ်တွင် လျှောက်လှမ်းနေကြသည့် မိုဂျာဟစ်ဒ်များ ကို စောင့်မျှော် နေပါသည်။ ကျနော်တို့၏ အချစ်တော် ၊ စစ်သေနာ ပတိ နှင့် ခွဲခွာ ရမှုသည် ကျနော်တို့ အတွက်ခါးသီးမှု ဖြစ်ပါသည်။ သို့သော် ဂျေဟာဒ်အား အဆက် မပြတ် ထားရှိရန်နှင့်  နောက်ဆုံး အောင်နိုင် မှုကို ဆွတ်ခူး ခြင်းသည် မတရားလုပ်ကြံသတ်ဖြတ်ခဲ့ သူများ နှင့် တရား ညှဉ်းပန်း နှိပ်စက်၊ ဖိနှိပ်အနှိင်ကျင့်သူများ၏ ပါးစပ် အတွင်း ၏အရ သာကိုခါးသီးစေမှာဖြစ်ပါသည်။ (၃၊၁၊၂၀၂၀မိန့်ခွန်း)

ဂျေဟာဒ် နှင့် ရှဟာဒသ် ၏လမ်းစဉ် ကို ရှင်သန်အောင် ထာူရန် ကျနော်တို့၏ လုပ်ရပ်များတွင် ရှဟီးဒ် ဆိုလိုင်းမါနီ (ရ.ဟ) ၏ အရောင် နှင့်အနံ့ ဖြစ်အောင် ပြုလုပ်ရမည်မှာ အရေးကြီးပါသည်။ လောကဓံ နှင့် ဘဝ၏နေ့စဉ် တွေ့ ကြုံနေရမည့် ရှုပ်ယှက်ခတ်မှု များဆိုသည့်  ဘဝ လမ်းများ ကို ဖြတ်ကျော်ရန် မိမိ ခရီး ကို ဆက်ရ မည်ဖြစ် ပါသည်။ စခန်းတစ်ခုပြီးတစ်ခု တစ်နေရာပြီး တစ်နေရာ  အလ္လာဟ့်ချစ်စိတ် ဖြင့် မြို့များကို ရှဟီးဒ် တော်များနှင့်အတူ တစ်လှမ်းခြင်းစီ လျှောက်လှမ်းရပါမည်။

ပြီးနောက်ယခုအခါ ဂျေဟာဒ် နှင့် ရှဟာဒသ် ဆို မျည်းနီ ကို ဆက်လက် ရေးဆွဲ နိုင်ရန် နှလုံးသားများ တွင် ခေါင်းဆောင် (ကောင်း)  အဖြင့်ကိန်းအောင် နေသည့် ဗိုလ်ချုပ်ကြီး ဟာဂျ် ကာစင်မ် ေိုလိုင်းမါနီ (ရ.ဟ) ၏ ကိုယ်ရည် ကိုယ်သွေး ကို မိမိတို့ အတွက် လက်တွေ့ကျင့်ရမည့် စံနမူအဖြစ် သတ်မှတ် နိုင်ရန်    ပြီးနောက် ကြီးကျယ်ကြီးမားသည့် ဤ ရှဟီးဒ် ၏ လမ်းစဉ်ကို ဆက်လက် ရှင်သန် စွာ ထားနိုင်ရန် ရှဟီးဒ် ၏ ဘဝ ၏ ရွေးချယ် ထားသည့် ရှုထောင် အချို့  နှင့် ရှဟီးဒ် ဝေလာယသ် ၏ အချစ်တော် များသို့ မိန့်မှာထားသည့် သေတမ်းစာ ပြီးနောက် အမှန်တရားနှင့် မားမား မတ်မတ်ကြံ့ကြံ့ခံနေသည့် လမ်းတွင် လျှောက် လှမ်းနေသည့် ခရီးသည်များ အတွက် တင်ပြ နေခြင်း ဖြစ်ပါသည်။ ကျနော် အနေဖြင့် အပိုင်းများ တင် ပြ ခြင်းဖြင့် အမှန်တရား အတွက် မားမားမတ်မတ်ကြံ့ကြံ့ခံ ခုခံကာကွယ် ခဲ့သည့် အကြီး ကျယ်ဆုံး ၊အကြီးမားဆုံး ရှဟီးဒ် ဘဝ၏ ဘဝတည် ဆောက်ခဲ့ပုံများ ၊ ကိုယ်ကျင့် တရားနှင့်စာရိတ္တ ၊ အကျင့်များ နှင့် အေခ်လာစ် (အလ္လာဟ့် နှစ်မြို့ မှုအတွက်သာဆိုသည့်စိတ်) တို့အား အေရ်ဖန် ဆိုသည့် အလ္လာဟ်ဟိုအရှင်မြတ် အား သိရှင်နားလည်ခြင်းဆိုသည့် နေရာ ၇ နေရာအား မိမိတို့၏ မျက်လုံးများ ဖြင့် မြင်တွေ့ နိုင်ရန် ကြိုးစား ထားပါသည်။

ကျနော်တို့ အနေဖြင့် ဤသိက္ခာ သမာဓိ ရှိသည့် ရှဟီးဒ်၏  နောက် လိုက် နှင့် အမှန်တရားနှင့် မားမား မတ်မတ် ကြံ့ကြံ့ ခံနေသည့် လမ်းအား ရှင်သန်အောင်ထား ပြီး အမြန် တကာ အမြန်ဆုံး လူသားဝါဒ ၊ လူ့အခွင့်အရေး ကို ကယ်တင် မည့် ၊ကယ်တင် ရှင် ခေတ်ကာလ၏ အေမာမ် ဟဇရသ် အေမာမ် ဇမာန်း (အ.ဂျ) ဖူးပွင့်ရန် လမ်းကြောင်းအား စီစဉ်ပေးနိုင်မည်ဟု မျှော်လင့် ပါသည်။

 

ရှဟီးဒ် ဟာဂျ်ကာစင်၏ လမ်းစဉ်

 

              ကျနော်၏ ချစ်လှစွာသော နမာဇ်ဝတ်ပြုဆောက် တည်ကြ သည့် ညီအစ်ကို ၊မောင်နှမများခင်ဗျား ! အေခ်လာစ် (အလ္လာဟ့် နှစ်မြို့ မှုအတွက်သာဆိုသည့်စိတ်) သည် မင်္ဂလာ ရှိပါသည်။ မည်သည့် နေရာတွင် ဖြစ်စေ အေခ်လာစ် ရှိလျင် အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်း အေခ်လာစ် ပိုင်ရှင် မိမိအဖန်ဆင်းခံ ကျေးကျွန်များ၎င်းတို့၏ အေခ်လာစ် အပေါ် မင်္ဂလာ ကောင်းချီးကို ပေးသနားတော်မူပါသည်။ မနုဿလူသား၏ အလုပ်တွင် ကောင်းချီး မင်္ဂလာ ရှိလာပါသည်။ တိုးတက် ဖွံ့ဖြိုးလာပါသည်။ အလုပ်၏ သက်ရောက်မှုများဟာ အားလုံး အထိ ရောက် ရှိပါသည်။ပြီးနောက် ၎င်း ၏ ကောင်းချီးမင်္ဂလာများသည် လူထု အတွင်းကျန် ရှိပါသည်။ ၎င်း ၏ ပင်းမ မှာ အေခ်လာစ် ဖြစ်ပါသည်။ ဤအေခ်လာစ် ၏ ရလာဒ် ကြောင့် လူထု ၏ဤကဲ့သို့အချစ် နှင့်သစ္စာရှိမှု၊ ၎င်းလူထု၏ ဤမျက်ရည် နှင့် လူထု ၏ ပူဆွေး တမ်းတမှု ၊၎င်း ၏ အင်မတန် ကြီးမား သည့် ကျော်ကြားမှု နှင့် လူထု အတွက် ဤ တော်လှန်ရေး စိတ်ဓာတ်ပြန်ပြီး လန်ဆန်းလာခြင်းဖြစ်ပါသည်။ သို့သော် ကျနော်တို့ အနေဖြင့် ဤ ဖြစ်ရပ်များ ၏ အရေးပါမှု ၊ အရေးကြီးမှု ကို ချိန်တွယ်လိုလျင် ၎င်း ၏ အဆင့်အတန်း နှင့် တန်ဖိုး အား သတ်မှတ် လိုလျင် ၎င်းဖြစ်ရပ်များ ၏ တန်ဖိုး နှင့် အဆင့်အတန်း မည်သည့် အဆင့်အတန်း နှင့်တန်ဖိုးဆိုတာကို သိဖို့နှင့်ကြည့်ဖို့ရန် လိုအပ် ပါသည်။ ကျနော်တို့ အနေဖြင့် ချစ်လှစွာသော ရှဟီးဒ် နှစ် ဦး ရှဟီးဒ် ဟာဂျ် ကာစင်ဆိုလိုင်းမါနီ နှင့် ရှဟီးဒ် အဘူ မဲဟ်ဒီ တို့ အား တစ်ယောက်ချင်းစီ အဖြစ်မကြည့်ဘဲ လမ်းစဉ်တစ်ခု အနေဖြင့် ကြည့်သည့်အချိန်မှာသာလျင် ဖြစ်ရပ်များ ၏ အဆင့်အတန်း နှင့် တန်ဖိုး ကို သိနိုင်ဖို့ ဖြစ်နိုင်မည် ဖြစ်ပါသည်။ ကျနော်တို့ အနေဖြင့်  ဤ ချစ်လှစွာသော ရှဟီးဒ် ဗိုလ်ချုပ်ကြီး ကို လမ်းစဉ် တစ်ခု ၊လမ်း တစ်ခု နှင့် သင်ခန်းစာပေးသည့် ပညာရေး ဗဟိုစင်တာ အဖြစ် မြင်မှ သာလျင် ဤကိစ္စ၊အကြောင်းအရာ ၏ အရေးကြီးမှု အား မီးမောင်း ထိုးပြီးသာ ဖြစ်သွားပါမည်။ ထိုအချိန် ဤ ကိစ္စ ၊ အကြောင်း အရာ ၏ အဆင့်အတန်း နှင့်တန်ဖိုး ကို သိရှိနားလည်မှာ ဖြစ်ပါ သည်။

            ကျနော်တို့အတွက် လက်တွေ့ လိုက်နာကျင့်သုံး ရမည့် လမ်းစဉ် ဖြစ်ပါတယ်။

 

 

ဗိုလ်ချုပ်ကြီးဆိုလိုင်းမါနီ ၏ ဘဝသမိုင်းအကျဉ်း

 

ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆိုလိုင်းမါနီ အား မတ်လ ၁၁ရက်နေ့ ခရစ်သက္ကရာဇ် ၁၉၅၇ ခုနှစ် တွင် ကေရ်မန်ဒေသ၏ရာဗိုရ် ရှိ ဆိုလိုင်းမါနီ မျိုးနွယ် တွင်မွေးဖွားခဲ့ပါသည်။ အသက် ၁၈ နှစ်တွင် ရေဌာနတွင် ဝန်ထမ်း ဖြစ်ခဲ့ပါသည်။ အီရန် အစ္စလာမ်မစ်တော် လှန်ရေး ဖြစ်ရပ်များ အချိန်တွင် မရှ်ဟစ်ဒ်မြို့သား ရေဇာ ကာမီရာဗ် အမည်ရှိ အာလင်မ် တစ်ပါး တွေ့ဆုံခဲ့ပါသည်။ ၎င်း အာလင်မ်၏ ရှင်းပြချက်များကြောင့် ရှဟီးဒ် ဆိုလိုင်းမါနီ သည် တော်လှန်ရေး ဖြစ်ရပ်များတွင် ပါဝင်လာပါသည်။ဗိုလ်ချုပ်ကြီး ဆိုလိုင်းမါနီ သည် တော်လှန်ရေး ကာလအချိန်တွင် ကေရ်မန် ရှိ ဆန္ဒပြပွဲများ သပိတ် မှောက် ပွဲများတွင် ပါဝင်ခဲ့သူဖြစ်ပါသည်။

 

ဟာဂျ်ကာစင်ဆိုလိုင်းမါနီ သည် ခရစ်သက္ကရာဇ် ၁၉၈၀ ခုနှစ် တွင် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် တွင် ပါဝင်လာပါ သည်။ စစ်ပွဲအစတွင် ကေရ်မန်ပြည်နယ် တပ်ရင်း ၂ရင်း၏ တာဝန်ကို ယူခဲ့သူဖြစ်ပါသည်။ အဲဒီလိုဖြင့် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဟစန် ဗကေရ်ရီ၏ အကြုံချက် ဖြင့် ကေရ်မန် တပ်မဟာ အသစ် တစ်ခု ကိုတည်ထောက်ခဲ့ပါတယ်။ အချိန်အနည်းကြာပြီးနောက် ခရစ် သက္ကရာဇ် ၁၉၈၁ ခုနှစ်တွင် ၎င်းအချိန်ကာလ၏ အစ္စလာမ်မစ် အစောင့်တပ် ၏ ဗိုလ်ချုပ်ကြီး မိုဟ်စန်ရေဇာရီ ၏ အမိန့် အရ အသက်၂၅ နှစ်အရွယ်တွင် တပ်ရင်း ၄၁ စာရာလ္လာဟ် ၏ တပ်မှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ရှဟီးဒ် ဆိုလိုင်းမါနီ သည် အစကနေစပြီးမိမိ၏ အနှိုင်းမဲ့ အင်အား ၊ ရဲရင့်မှု တို့ဖြင့် ကေရ်မန် ၊ စစ်သန်  နှင့် ဗလိုဂျစ်သန်နှင့် ဟိုရ်မွတ်ဇ်ဂန် ပြည်နယ်တပ်ရင်းများ၏ တပ်မှူး တာဝန် ကို ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ အီရတ် နှင့်အီရန် စစ်ပွဲ တွင် စစ်ဆင်ရေ ဝလ်ဖဂျ်ရ် ၈ ၊ စစ်ဆင်ရေး ကရ်ဗလာ ၄ နှင့် ကရ်ဗလာ ၅ တွင်လည်း တပ်မှူးများ မှ တပ်မှူး တစ်ခု အနေဖြင့် တာဝန် ကို ထမ်းဆောင်ခဲ့ပါသည်။

 

ကွဒ်စ်  လမ်းစဉ် ၏ ဗိုလ်ချုပ်ကြီး

             

              ခရစ်သက္ကရာဇ် ၂၀၀၀ခုနှစ်တွင် ရဲဟ်ဗရ်ရေအင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ (အလ္လာဟ်ဟို အရှင်မြတ် ထိန်းသိမ်း စောင့်ရှောက် ပါစေ) ဘက်မှ ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်းမါနီ အား ကွဒ်စ် တပ်မတော် ၏ တာဝန်ကို ပေးအပ်ခဲ့ပါ သည်။ ဗိုလ်ချုပ်ကြီး ဆိုလိုင်းမါနီ ၏ ဦးဆောင်မှု၏ တောက်ပမှု သည်ကွဒ်စ်တပ်မတော်မှ အစပြုပြီး အီရန် နှင့် အာရှ အနောက်ပိုင်း အထူးသဖြစ် အစ္စလာမ်မီ တော်လှန်ရေး ၏ နိုးထမှုများ နှင့် လက်ဘနွန်နိုင်ငံ ၏ တရားဝင် ပါတီ ဟေဇ်ဘွလ္လာဟ် နှင့် အခြား ပါလက်စတိုင်း ခုခံ တိုက်ပွဲဝင် အဖွဲ့ဝင်များ အထိ သြဇာ ညောင်းခဲ့ပါသည်။ မျက်မြင် သက်သေ တိုက်ပွဲများ အများအပြား များအနက် ဇီယွန်ဝါဒီ အစ္စရေး နှင့် လက်ဘနွန် ဟေဇ်ဘွလ္လာဟ် တို့ ၏ ၃၃ ရက်ကြာ တိုက်ပွဲ နှင့် ပါလက်စတိုင်း ခုခံတပ်များ ၏ ဇီယွန်ဝါဒီ အစ္စရေး တပ်များ နှင့် ၂၂ရက် ကြာ ဂါဇာကမ်းမြှောင့် တိုက်ပွဲတို့ ဖြစ်ပါသည်။

မှတ်ချက် ။ ။ ကွဒ်စ် ဆိုသည် မှာ ဂျေရုစလင်မြို့ အား ပါရှန်းစကား (ဖါရစီစကားဖြင့်) ခေါ်ဆို ခြင်း ဖြစ်ပါသည်။

 

ISIS အခေါင်း အပေါ်ရိုက်ထားသည့် နောက်ဆုံး သံချောင်း

             

              ခရစ်သက္ကရာဇ် ၂၀၁၇ခုနှစ် စင်တင်ဘာလ ၂၁ရက် ကြာသ ပတေးနေ့ တွင် ဟာဂျ် ကာစင်မ် ဆိုလိုင်းမါနီ အနေဖြင့် ရောင်ဇာတော် များကို ကာကွယ်ရင် ရှဟီးဒ် ဖြစ်သူသွား သည့် ရှဟီးဒ်သည် တစ်ဦး၏ ရက်၄၀ပြည့်မဂျ်လစ် အစီအစဉ်တွင် ကြေငြာခဲ့ပါသည်။  “သုံးလ မပြည့်ခင်အလျင် ဤမြေပထဝီပြင် မှ ISIS နှင့် ISIS အစိုးရ အဆုံးသတ် သွားဖြစ်ကြောင်းကြေညာ ပေးပါမည်။ ”

 

မှတ်ချက် ။ ။ ပြောခဲ့သည့်အတိုင်း အီရတ် နှင့် ဆီးရီးယားတွင် ISIS များ အဆုံးသတ်ပြီး အများဆုံး အားလုံးနီးပါးမှာ သေဆုံးသွားကြပြီးအချို့ မှာ ထွက်ပြေး သွားကြ လေ သည်။

 

ခက်ခဲကြမ်းတမ်းသည့် ရက်များ ၏ ပုဂ္ဂိုလ်

             

              အနောက် နိုင်ငံများ၏ လှည့်ဖြားမှုအသစ် နှင့်ဆော်ဒီ ကဲ့သို့ သော် နိုင်ငံများ၏ ငွေကြေးကူညီမှု ကြောင့် ဒေသအတွင်း ISIS၊ ဂျစ်ဗ်ဟသွန်နိုစရဟ် စသည်ဖြင့် သက္က်ဖီးရီး  အကြမ်းဖက်အဖွဲ့များ အမြောက်အများ ပေါ်ပေါက်လာပါသည်။ ဗိုလ်ချုပ်ကြီး ဆိုလိုင်းမါနီ သည် ဆီးရီးယား နှင့်အီရတ် နှစ်နိုင်ငံ အစိုးရ၏ တရားဝင်ဖိတ်ခေါ် မှုကြောင့် ၎င်း နှစ်နိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ အီရတ်နိုင်ငံ တွင်  “ ဟရှ်ဒွတ်ရှ် ရှအ်ဘီ ” နှင့် ဆီးရီးယားနိုင်ငံတွင် ပြည်သူ့တပ်  “ ကူဝါသွန်ဒ် ဒေဖါအေလ်ဝသွနီ ” ကဲ့သို့ အဖွဲ့များကို တည်ထောင် ပေးခဲ့ပါသည်။၎င်းတို့၏ အကူအညီနှင့် ကွဒ်စ်တပ် ၏ လမ်းညွှန်မှု ဖြင့် ၆နှစ်တာ အတွင်း အကြမ်းဖက် အဖွဲ့များကို အကုန်နီးနီး ချေမှုန်း နိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး အနေဖြင့် ရုရှနိုင်ငံမော်စကို မြို့သို့လည်း သွားရောက် ခဲ့ပါသည်။ ရုရှနိုင်ငံ နှင့် သမ္မတပူတင် ကိုယ်တိုင် ဆီးရီးယား နိုင်ငံ စစ်တွင် ပါဝင် လာအောင်ပြုလုပ်  လုပ်ဆောင် ရွက် ခဲ့ပါသည်။

              ဒေသအတွင်း ဦးစီးဦးဆောင်မှု ၊ ရန်သူများ ရင်ဆိုင်ရန်  ဗိုလ်ချုပ် ကြီး ဆိုလိုင်းမါနီ ၏ အနှိုင်းမဲ့ ဆောင်ရွက်ချက်တိုကြောင့်  အမေရိကန် နှင့် အစ္စရေး တို့မှ “ တစ္ဆေ တပ်မှူး ” ၊ “ အာရှ အလယ်ပိုင်း ၏ စွမ်းအားအကြီးမားဆုံး လူသား ” နှင့် “ အစ္စရေး အတွက် အိမ်မက် ဆိုး ” စသည့် ဗိုလ်ချုပ်ကြီးအား သုံးခဲ့ကြပါသည်။

မှတ်ချက် ။ ။ သက္က်းရီးဆိုသည်မှာ မိမိတို့ အကီးဒဟ် (ယုံကြည်မှုများနှင့်) ဆန့်ကျင်သူများ ကို ကာဖေရ်ဟု ခံယူ ထားသည့် အစွန်းရောက် အဖွဲ့များ ကို ခေါ်ဆိုပါသည်။

 

ဗိုလ်ချုပ်ကြီး၏ ဖြစ်လိုသည့်ဆန္ဒ

 

ဗိုလ်ချုပ်ကြီးအား ပြောခဲ့ကြပါသည်။ “ လူကြီးမင်း ရှဟီးဒ် ဖြစ်သွား ဖြစ် ဆိုပြီး သတင်းကြားရပါသည်။ ကောလာ ဟလသတင်း လူတွေ ၏ နှုတ်ကနေထွက်နေပါသည် ။ ” ထိုအခါ ရယ်ပြီးပြောလေ၏။  “ ဤ (ရှဟာဒသ်ဘွဲ့) ကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ဖို့ လွင်ပြင်များ ၊ တောင် တန်းများ တွင်  ကျနော် ရှာဖွေ ခဲ့တာ ဖြစ်ပါသည်။ ”

 

ဖြစ်လိုသည့်ဆန္ဒ အဆင့်သည် မပြတ်မဆဲ ကြိုးစားမှု ၊ တက်ကြွမှု အဆင့်ဖြစ်ပါသည်။ ၎င်းနှင့်အတူ စိတ်ရှည် သည်းခံခြင်း ၊ ထိုးထွင်း သိမြင်ခြင်း သို့မဟုတ် နိုးကြားခြင်း နှင့်ဇွဲရှိကြံ့ ခိုင်ခြင်းတို့လည်း လိုအပ်ပါသည်။ ထိုအချိန်တွင် လူသားအတွက်မည်သည့် စိတ်အေး မှုဆို တာ ရှိတော့မည် မဟုတ်ပေ။

 

ဟာဂျ်ကာစင်အား ပြောင်းလည်တက်ကြွ စေခဲ့သည့်မိန့်ခွန်း

             

              ခရစ်သက္ကရာဇ် ၁၉၇၆ ခုနှစ်တွင် လန်းဆန်းတက်ကြွပြီး ၊ တက်ကြွ၊ လန်းဆန်းစေသည့်တရားများကို ဟောကြားသည့် အာလင်မ် တစ်ပါးဖြစ်သည့် အာဂါယေ ရေဇာ ကာမီရာဗ်သည် မရှ်ဟဒ် မြို့ မှ ကေရ်မန် သို့ တရားဟောသာသနာပြုရန် ရောက်ရှိခဲ့ ပါ သည်။ ဤ ၏တရား ဓမ္မများ မှ လူထု အတွင်း တက်ကြွ၊ လန်းဆန်း စေခဲ့ပြီး အစ္စလာမ်တော်လှန်ရေး စိတ်ဓာတ်ကို ဖြစ်ထွန်း စေခဲ့ပါ သည်။ ၎င်းတရားနာ ပရိတ်သတ်များ အတွင် ကာစင် အမည်ရှိ လူငယ် တစ်ဦးလည်း ပါဝင်ပါသည်။ ထိုလူငယ်သည် နောက်ပိုင်း ကွဒ်စ်တပ်မတော်၏ ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ပါသည်။ ဟာဂျ် ကာစင်မ် ပြောခဲ့သည်မှာ - “ ကျနော် တော်လှန်ရေး တိုက်ပွဲများကို စတင်ခဲ့သည့် အချိန်ကတော့ ရှဟီးဒ်  ကာမီရာဗ် ၏ တရား တော်များကို ကေရ်မန်တွင် နားထောင်ပြီးတော့ဖြစ်ပါသည်။ ၎င်းမှ တဆင့် တိုက်ပွဲများကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။  ” (ရှဟီးဒ် ဗိုလ် ချုပ်ကြီး ဆိုလိုင်းမါနီ (ရ.ဟ) )

 

မင်္ဂလာပွဲ အလယ်တွင် တပ်ရင်း တစ်ရင်းဖွဲ့ခြင်း

             

              ဗိုလ်ချုပ်ကြီး ဆိုလိုင်းမါနီ အနေဖြင့် မိမိတပ်သား တစ် ယောက် ၏ မင်္ဂလာ ဆောင် ပွဲ၏ ညတွင် မိမိ ၏ မိုဂျာဟစ်ဒ် မိတ်ဆွေ အချို့ နှင့်အတူ ထိုင်နေခဲ့ပါသည်။ အလီနဂျီးဗ်ဆို သည် လည်း ဗိုလ်ချုပ်ကြီးဘေးတွင် ထိုင်ခဲ့သည်။ပြီးနောက် ၎င်းမှ ဗိုလ်ချုပ် ကြီး ဆိုလိုင်းမါနီ အား တပ်ရင်း ၄၀၈ ဖွဲ့ရန် အကြံပြု ခဲ့လေ၏။ ဟာဂျ်ကာစင်မ် မှလည်း လက်ခံသဘောတူခဲ့ပါသည်။ တပ်ရင်းဖွဲ့ ဖြစ်သွားပါသည်။ တပ်သားများလည်း မည်သူမည်ဝါ ဆိုပြီး စီစဉ်ဖြစ်ခဲ့ပါသည်။ မည်သည့် နေရာတွင်ဆိုတာကို မခွဲခြား တော့ဘဲ  မင်္ဂလာပွဲ အလယ်တွင်လည်း တပ်ရင်းကိုဖွဲ့ ပေးခဲ့ပါ သည်။

 

အင်္ကျီလက်တို

              ခရစ်သက္ကရာဇ် ၁၉၈၀ ခုနှစ်တွင် တစ်နည်းအားဖြင့် တော်လှန် ရေး အပြီး တစ်နှစ်အကြာတွင် ရှဟီးဒ် ဆိုလိုင်းမါနီသည် စစ်တပ် တွင်ဝင်ခဲ့လိုသော် လည်း အပြင်ပိုင်း ပုဲစံကြောင့် ပယ်ချခြင်း ခံခဲ့ရပါသည်။ ရှဟီးဒ် သည် အားကစားသမား ကိုယ်ခန္ဓာ ရှိပြီး ၊ တင်းကျပ်သည့် အဖြူရောင်  အင်္ကျီလက်တို ကို ဝတ်ထားပါ သည်။ လက်မောင်းတွေ ကိုတွေ့နေရပါသည်။ ခေါင်းဖြီး ထား သည့်ဆံပင်များ နှင့်အတူ ခါးပတ်အပြားကြီးကို ဝတ်ထားပါ သည်။

 

အင်န်ရှာအလ္လာဟ် အပိုင်း (၂) အားတင် ပြပါမည်။

****************************************************************

END / 251