အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၇ နိုဝင်ဘာ ၂၀၂၂

၁၇:၅၄:၀၁
1324020

ကျောက်တော်မြို့နယ်၌ စက်လှေကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် လူငယ် ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ စစ်ကောင်စီတပ်က စက်လှေတစီးကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ မရမာကြီးလူမျိုး လူငယ် ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ စစ်ကောင်စီတပ်က စက်လှေတစီးကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ မရမာကြီးလူမျိုး လူငယ် ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ် ဒုံရွာက ပလက်ဝဘက်က လိုင်းဘုတ်ကို ပစ္စည်းသွားပို့တဲ့ ဒုံးရွာက စက်လှေတစ်စီးကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်တော် အခြေစိုက် စခက ၉ ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ မရမာကြီးလူမျိုး အမျိုးသား ၂ ယောက် ဒဏ်ရာရရှိကာ တယောက်ကတော့ ရေထဲကို ခုန်ဆင်းလို့ လွတ်မြောက်သွားတယ်လို့ ဒုံးကျေးရွာဒေသခံတယောက်က ပြောပါတယ်။

စခက ၉ ကပစ်ခတ်လိုက်လို့ ဒဏ်ရာရရှိသူတွေကတော့ ဒုံးကျေးရွာက အသက် ၂၀ နှစ်အရွယ် ကိုရစ်က်ရဲ့ ဦးခေါင်းနဲ့ အသက် ၂၂ နှစ်အရွယ် ကိုနီရှားရဲ့ ပေါင်မှာ ဒဏ်ရာတွေရရှိခဲ့လို့ လူမှုကူညီရေးကားနဲ့ ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဦးခေါင်း ဒဏ်ရာရတဲ့လူနာကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာကိုလည်း နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ ကန်စောက်တောင်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၄ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။


****************************************************************
END / 251