၂၇ နိုဝင်ဘာ ၂၀၂၂ - ၂၀:၂၇
                    
                    
                            News ID: 1326813
                        
                    
            မန္တလေးမြို့မှာ မြေပြင်သတင်းနဲ့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တချို့ ဖမ်းခံရပြီးနောက် ကျန်အဖွဲ့ဝင်တွေဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိကာ လက်နက်ကိုင်ဆက်တော်လှန်မယ်လို့ Voice Of Mandalay (VOMDY)က ပြောပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးမြို့မှာ မြေပြင်သတင်းနဲ့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တချို့ ဖမ်းခံရပြီးနောက် ကျန်အဖွဲ့ဝင်တွေဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိကာ လက်နက်ကိုင်ဆက်တော်လှန်မယ်လို့ Voice Of Mandalay (VOMDY)က ပြောပါတယ်။
Voice Of Mandalay မှာ အစမ်းခန့်ထားတဲ့ Admin အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီ လောက်မှာ မန္တလေးသပိတ်စစ်ကြောင်းမှ ဖမ်းခံရသူတွေနဲ့ ဆက်စပ်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး ကျန်အဖွဲ့ဝင်တွေကို ထပ်မံဖမ်းဆီးဖို့ ခြေရာခံလိုက်နေတာကြောင့် ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင်တွေဟာ လွတ်မြောက် နယ်မြေကို အချိန်မီရှောင်တိမ်းခဲ့ရတယ်လို့ အဆိုပါအဖွဲ့မှ အဖွဲ့ဝင် တဦးက ပြောပါတယ်။
"ဘယ်လိုပါသွားမှန်းသေချာမသိဘူး။ ပါတာမိန်းကလေးတွေ ဒါနဲ့ဆို နှစ်ယောက်ရှိပြီ။ သူ အဖမ်းခံရမှ သိတာ။ အလုပ်ကနေ ဖုန်းဆက်လို့သွားတွေ့တာကို ထောင်ဖမ်းခံရတာ။ ဖမ်းခံရတုန်းက သပိတ် အဆက်စပ်နဲ့။ မိတော့မှ ဖုန်းစစ်ရင်း VOMDY ကမှန်းသိသွားတာ”
မန္တလေးမြို့မှာ စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေကို အပြင်းအထန် ဖမ်းဆီး သတ်ဖြတ်နှိမ်နင်းထားပြီး အစိုးရဌာနတွေကိုလည်း မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် ပြန်ဖွင့်နေတာ ကြောင့် ကျန်ရှိနေသေးတဲ့ တော်လှန်ရေးအင်အားစုတွေဟာ လွတ်မြောက်နယ်မြေတွေကို ရှောင်တိမ်း ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။
VOMDY တော်လှန်ရေး ရဲဘော်တယောက်က "ဖယောင်းတိုင်တွေ မီးစာ မကုန်သေးသရွေ့တော့ တကွက်စာလေးပဲ ဖြစ်ဖြစ် လင်းနေဦးမှာပါ"လို့ ဆိုပါတယ်။
****************************************************************
END / 251