အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ ဖေဖော်ဝါရီ ၂၀၂၃

၁၆:၀၇:၅၄
1349156

ရန်ကုန်မြို့ မဂိုရှီအဟ်ဗလီ တွင် ​​ဂေါပက အဖွဲ့ အသစ် ခန့်အပ် ပွဲ အောင်မြင်စွာ ကျင်းပ

ယနေ့ ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ရှီအဟ် မွတ်စလင်မ်များ ၏ လေးပါး‌ မြောက် အေမာမ် ၊ အေမာမ် ဇိုင်ဇိုလ်အာဗေဒီးန် (အ.စ) မွေးနေ့ ရက်မြတ် မင်္ဂလာ အချိန်အခါတွင် ရန်ကုန် မြို့ မဂိုရှီအဟ် မတ်စ်ဂျစ်ဒ် (ဗလီ)​​ ၌ ‌ဂေါပက အဖွဲ့ အသစ် ရွေးကောက်တင်မြှောက်ပွဲ ကြီးကြပ်ရေး နှင့် ခန့်ထားရေးကော်မရှင် အဖွဲ့ မှ ကြီးမှုး၍ ဂေါပက အဖွဲ့ အသစ် ခန့်အပ် ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယနေ့ ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ရှီအဟ် မွတ်စလင်မ်များ ၏ လေးပါး‌ မြောက် အေမာမ် ၊ အေမာမ် ဇိုင်ဇိုလ်အာဗေဒီးန် (အ.စ) မွေးနေ့ ရက်မြတ် မင်္ဂလာ အချိန်အခါတွင်  ပြည်ထောင်စု မြန်မာ နိုင်ငံ ၊ ရန်ကုန် မြို့ မဂိုရှီအဟ် မတ်စ်ဂျစ်ဒ် (ဗလီ)​​ ၌ ‌ဂေါပက အဖွဲ့ အသစ် ရွေးကောက်တင်မြှောက်ပွဲ ကြီးကြပ်ရေး နှင့် ခန့်ထားရေးကော်မရှင် အဖွဲ့ မှ ကြီးမှုး၍ ဂေါပက အဖွဲ့ အသစ် ခန့်အပ် ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်

မဂိုရှီအဟ် မတ်စ်ဂျစ်ဒ် (ဗလီ)​​ သည် ရန်ကုန်မြို့ လမ်း ၃၀ တွင်တည် ရှိ​ပြီး နှစ်ပေါင်း ၁၇၀ ခန့် ရှိ   ပြီး ဖြစ်ပါတယ် ။

ဂေါပက အဖွဲ့  အသစ်  အဖြစ်  ၅ နှစ်  အတွက် ခန့်အပ်ခြင်း ခံခဲ့ရသည့် တာဝန်ရှိ လူကြီးမင်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။