အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ မတ် ၂၀၂၃

၁၈:၀၃:၀၁
1351525

ကျောင်းသားများအား အဆိပ်ခတ် သတ်ဖြတ်သည့်ကိစ္စအား အလေးအနက်ထားဆောင်ရွက်ရမည် ၊ ဤ ရာဇ၀တ်မှု ကျူးလွန်သူများ အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်မဟုတ် / ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ (အစ္စလာမ့် တော်လှန်ရေး ခေါင်းဆောင်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ ကျောင်းသားများကို အဆိပ် ခတ်သတ်ဖြတ် သည့်ကိစ္စအား တာဝန်ရှိ သူများ၊ ထောက်လှမ်းရေးနှင့် ဥပဒေစိုးမိုးရေး အေဂျင်စီများက အလေးအနက်ထား ဆောင်ရွက်သင့် ကြောင်း အလေးအနက်ပြောကြားပြီး ဤကိစ္စ သည် ကြီးမားပြီး ခွင့်မလွှတ်နိုင်သော ရာဇ၀တ်မှုဖြစ်ကြောင်း ဤဖြစ်ရပ် တွင် ပါဝင် ပတ်သက်နေသူများ ကျူးလွန်သူများ မည်သူကို မဆို ပြင်းထန်စွာ အပြစ်ပေးရမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  (အစ္စလာမ့် တော်လှန်ရေး ခေါင်းဆောင်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ သစ်ပင်စိုက်တဲ့နေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်း တွင် သစ်ပင် ၃ ပင်အား စိုက်ခဲ့ပါတယ်။

ပျိုးပင်များကို စိုက်ပျိုးပြီးနောက်  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ယခုနှစ်သစ်ပင်စိုက်ပျိုးနေ့၏ ဆောင်ပုဒ် မှာ “အီရန်နိုင်ငံသားတိုင်း  ပျိုးပင် ၃ ပင် စိုက်ရန် ” ဟူသော ဆောင်ပုဒ်ကို ပြောကြားပြီး ရွေးချယ်ထားသော ဆောင်ပုဒ်ကို အခြေခံ၍ ပြုလုပ်မည်ဆိုလျင် ယခုနှစ်မှ စ၍ ၄ နှစ်အတွင်း ပျိုးပင်ပေါင်း တစ်ဘီလီယံခန့် ကို စိုက်နိုင်မည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ   သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သစ်ပင် စိုက်ပျိုးခြင်း ၏ အရေးပါမှုကို ထောက်ပြခဲ့ပြီး ပြသည်သူလူထု ၏ အကူအညီဖြင့် အပင်တစ်ဘီလီယံခန့် စိုက်ပျိုးနိုင် မည်ဖြစ်ကြောင်း အလေးပေးပြောကြား ခဲ့ပြီး ကျွမ်းကျင်သူ များ၏ အကြံပြုချက်မှာ သီးပင်စား ပင်များ၊ သစ်တော သစ်ပင်များ စိုက်ပျိုးခြင်းအပြင်၊ သစ်လုပ်ငန်း ရောင်းဝယ် ဖောက်ကားခြင်းသည် တိုင်းပြည် စီးပွား ရေးကို သိသိသာသာ သက်ရောက်မှုရှိသောကြောင့် စိုက်ပျိုးရန် အရေးကြီးကြောင့် မိန့်ကြား ခဲ့ပါတယ်။

ပြီးနောက် နိုင်ငံတော်၏ ငွေကြေးတန်ဖိုးနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ ပြဿနာများဘက်သို့ လည်း ပြောကြား ရင်း အစိုးရ တာဝန်ရှိ သူများ သည် ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းရန် မှန်ကန်သောအဖြေကို ရှာဖွေနိုင်စေရန်အတွက် ဖြစ်နိုင်ခြေရှိသော စီးပွားရေး နည်းလမ်း အားလုံးကို အသုံးပြုသင့်သည်ဟု မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပြဋ္ဌာန်းချက်ကို နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ထူးထူးခြားခြား အခွင့်ထူးများထဲမှ တစ်ခုအဖြစ် သတ်မှတ် ပြီး ဤဥပဒေကို မည်သူမျှ ချိုးဖောက်ခြင်း မပြုသင့်ဟု အလေးပေး မိန့်ကြား ခဲ့ပါတယ် ။

မိန့်ခွန်းအပြီးတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ    ကျောင်းသားများအား အဆိပ်ခတ်ခြင်း ဆိုင်ရာကိစ္စရပ်ကိုလည်း မိန့်ကြားခဲ့ပြီး တာဝန်ရှိသူများ၊ ထောက်လှမ်းရေးနှင့် ဥပဒေစိုးမိုးရေး အေဂျင်စီများသည် ဤကိစ္စကို အလေးအနက်ထားဆောင်ရွက်သင့်ပြီး ဤကိစ္စသည် ကြီးမားပြီး ခွင့်မလွတ်နိုင်သော ရာဇ၀တ်မှုကြီးတစ်ရပ်ဖြစ်ကြောင်း ဤဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်သူ ၊ မည်သူမဆို အား ပြင်းပြင်း ထန်ထန် အပြစ်ပေးရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဤကိစ္စအား လူ့အဖွဲ့အစည်း၏ အပြစ်ကင်းဆုံးသော အစိတ်အပိုင်းများဖြစ်သည့် ကလေးများအပြင် လူ့အဖွဲ့အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် မိသားစုများအတွက် စိုးရိမ်ပူပန်မှုဖြစ်စေသည့် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး ဤရာဇ၀တ်မှုကျူးလွန်သူများသည် လွတ်ငြိမ်းချမ်းသာခွင့် ရမည်မဟုတ်သောကြောင့် ၎င်းတို့အား ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်ကြောင်း ထိုမှသာ  အခြား သူများ အတွက် စံနမူနာယူစရာ ဖြစ်လာမည်ဖြစ် ကြောင်း ကို ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ မိန့်ကြား ခဲ့ပါတယ်။

****************************************************************

END / 251