အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၅ မေ ၂၀၂၃

၂၀:၂၂:၃၅
1366022

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) သည် ရှီအဟ် အေမာမ်မီယဟ် တို့ ၏ ခြောက်ပါး‌မြောက် အေမာမ် ၊ အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) ၏ သားတော် ဖြစ်ပါတယ်။ သခင်ကြီး ၏ မွေးနေ့ ရက်မြတ်မှာ ရဘီးအိုလ်အောင်ဝဲလ် ၁၇ရက်နေ့ ဟီဂျရီ ၈၃ခုနှစ် ဖြစ်ပါတယ်။ ကိုယ်တော်မြတ်(ဆွ) မွေးတော်မူသည့်နေ့ ဖြစ်ပါတယ်။ သက်တော် ၆၅နှစ်အရွယ်တွင် အဘာစီမင်းဆိုးမင်းညစ် မန်ဆူရ် ဒဝန်န်ဂီ ၏လက်ချက်ဖြင့် ရှောင်ဝါလ်လ ၂၅ရက် ဟီဂျရီ ၁၄၈ ခုနှစ်တွင် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှိက်ခ်ဆူဒူက် (ရ.ဟ) ရှင်းလင်းတင်ပြသည်မှာ - အေမာမ် ဆွာဒစ်က် (အ.စ) အား မန်ဆူရ် ဒဝန်န်ဂီ ၏အမိန့်အရ အဆိပ် ခတ်ပြီး လုပ်ရပ်သတ်ဖြတ်ခံပါတယ်။ အစ်ဗ်နေရှဲဟ်ရေအာရှုဘ် အနေဖြင့် လည်း မိုနာကစ်ဗ် ကျမ်းတွင် မိုဟမ္မဒ် ဘင်န် ဂျရီးရ် သွဗရီ အနေဖြင့် ယလာအေလ်လိုအေမာမ်မဟ် ကျမ်း အတွဲ ၃ တွင်  ဤအမြင် (အဆိပ်ခတ်၍ ရှဟီးဒ် လုပ်ခံရခြင်း )ကို တင်ပြထားကြပါတယ်။ ၎င်းတို့ နှင့် အမြင်ကွဲလွဲပြီး ရှိက်ခ် မိုဖီးဒ် အနေဖြင့် သက်ဝင်ယုံကြည် ထားသည်မှာ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မည်သို့မည်ပုံ ရှဟီးဒ် ဖြစ်ခဲ့ကြောင်း ခုံလုံသည့် အထောက်အထားများ မရှိ ဟု ဖြစ်ပါတယ်။အချို့ အိုလမာ အနေဖြင့်လည်း အေမာမ်၁၂ပါး (အ.စ) အား ဓား နှင့်ဖြစ်စေ အဆိပ်ခတ်၍ ဖြစ်စေ ရှဟီးဒ် လုပ်ကြမည် ဆိုသည့် ဟဒီးစ်တော်ကိုလည်းတင်ပြထားကြပါတယ်။  အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ကဗဲရ်တော် သည် ကဗဲရ်စသန် ဂျန္နသ် သိုလ် ဗကီးအ်  တွင် အေမာမ် ဘာကဲရ် (အ.စ) ၏ဖခင် ၏ကဗဲရ်တော် ၏ဘေး ၊ အေမာမ် စဂျာဒ် (အ.စ) နှင့် အေမာမ် ဟစန် (အ.စ) တို့၏ကဗဲရ်များ ဘေးတွင် မြှုပ်နှံထားပါတယ်။

 အေမာမ် (အ.စ)  ၏ သေတမ်းစာ

ဟဒီးစ်တော်များ အရ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ)  အနေဖြင့် မိမိ၏ နောက်ပိုင်း တွင် အေမာမ် ကာဇင်းမ် (အ.စ) အား အေမာမ်  ဖြစ်ကြောင်း မိမိ၏ အထူးသာဝကတော်များအား အကြိမ်ကြိမ် မိန့်ကြား မိတ်ဆက်ပေးခဲ့ပါတယ်။ ဗနီအဘာစ် ၏ တင်းကျပ် မှုများ နှင့် အေမာမ် ကာဇင်းမ် (အ.စ) ၏ အသက်ကို ထိန်းသိမ်းရန် အတွက် မန်ဆူရ် ဒဝန်န်ဂီ အပါအဝင် ငါးဦးအား မိမိ၏ ဝဆီ (ကိုယ်စား လှယ်တော်) များ အဖြစ် မိတ်ဆက်ပေးတော် မူခဲ့ပါတယ်။  ဤသို့ဖြစ် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ၏ ထင်ရှား သည်သာဝကတော်များ အချို့ ပမာအား ဖြင့် မိုအ်မင် သွာက် ၊ ဟရှမ်းမ် ဘင်န် စာလင်းမ် တို့ပင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ကိုယ်စားလှယ်တော် (အစစ်) နှင့်ပတ်သက် ပြီး ချီတုံချတုံ ဖြစ်ခဲ့ကြပါတယ်။ ၎င်းတို့သည် အစပထမပိုင်း တွင် အဗ်ဒိုလ္လာဟ်အဖ်သွဟ် ထံ သွားရောက်ခဲ့ကြပြီး မေးခွန်း အချို့ မေးမြန်း ခဲ့ကြပါတယ်။ သို့သော်လည်းဘဲ အဗ်ဒိုလ္လာဟ် အဖ်သွဟ် ၏ အဖြေများသည် ၎င်းတို့ အတွက် ကျေနပ်မှု ကို မပေးနိုင်ခဲ့ချေ။ ပြီးနောက် မူစာဘင်န် ဂျအ်ဖရ် (အ.စ) နှင့် တွေ့ဆုံခဲ့ကြပြီး မေးမြန်းခဲ့ကြရာ အေမာမ် (အ.စ) ၏  အဖြေများ ငသည် ကျေနပ် မှုကို ဖြစ်စေ ခဲ့ကြပါသည်။ ပြီးနောက် သခင်ကြီး ၏ အေမာမ်မသ် ကို လက်ခံ ခဲ့ကြပါတယ်။

****************************************************************

END / 251