ရှီအဟ် အေမာမ်မီယဟ် ဖေရ်ကဟ် တွင် မအ်စူမ် ၁၄ပါး (အ.စ) ၏ ဇေယာရသ်ပြီး သခင်မကြီး ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ)၏ ဇေယာရသ် အား တိုက်တွန်း ထားတာကိုတွေ့ရှိ ရမည်ဖြစ် ပါ တယ်။
ဆဟီးဟ်ရီဝါယသ်တော်များ အရ မအ်စူမ် အေမာမ် သုံးပါး (အ.စ) မှ သခင်မကြီး ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ)၏ ဇေယာရသ် အား ၊အားပေးတိုက်တွန်း ထားပါတယ်။ အံ့သြဖွယ်မှာ တစ်ချို့ ရီဝါယသ်တော်များသည် သခင်မကြီး (စ.အ) ဤလောကကြီးသို့မကြွလာမြန်းမည်အရင် သခင်မကြီး နှင့် ပတ်သက်ပြီး မိန့်ကြား ထားချက်များ လာရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
မအ်စူမ် အေမာမ် သုံးပါး (အ.စ) ၏ သြဝါဒတော်မွန်များ အရ သခင်မကြီးမအ်စူမဟ် (စ.အ) ၏ ဇေယာရသ် ၏ ဆုလာဒ် မှာဂျန္နသ် သုခဘုံ ဖြစ်ပါတယ်။
ရှီအဟ် ဟဒီးစ်ပါရဂူ ရှိက်ခ် ဆူဒူက် (ရ.ဟ) မှန်ကန်သည့် အထောက်အထား ဖြင့် အေမာမ်ရေဇာ(အ.စ) ထံမှ သခင်မကြီး ဟဇရသ် မအ်စူမဟ် (စ.အ)၏ဇေယာရသ် ၏ ကြီးကျယ် မြင့်မြတ် မှုကိုဆင့်ပြန် ထားပါ တယ်။
ရှီအဟ် ဟဒီးစ်ပါရဂူ ရှိက်ခ် ဆူဒူက် (ရ.ဟ) မှန်ကန်သည့် အထောက်အထား ဖြင့် အေမာမ်ရေဇာ(အ.စ) ထံမှ သခင်မကြီး ဟဇရသ် မအ်စူမဟ် (စ.အ)၏ဇေယာရသ် ၏ ကြီးကျယ် မြင့်မြတ် မှုကိုဆင့်ပြန် ထားပါ တယ်။
အေမာမ်ရေဇာ (အ.စ) မိန့်တော် မူ၏။
"من زارها فله الجنة "
"မည်သူမဆို သူမ (မအ်စူမဟ်(စ.အ) ၏ ဇေယာရသ်ပြုမည်ဆိုလျှင် ဂျန္နသ် သုခဘုံသည် ၎င်း အတွက် ဖြစ်ပါ သည်။ "
ကျမ်းကိုး - عیون اخبار الرضا: ج 2ص271 و ثواب الأعمال ص 98
ဟီဂျရီ လေးရာစု ၏ အကျော်အမော် အာလင်မ်ကြီး အဘူလ်ကာစင်မ် ဂျအ်ဖရ် ဘင်န် မိုဟမ္မဒ် ဘန် ကော်လဝိုင်းယဟ် မှ မိမိ၏ အလွန် တန်ဖိုး ကြီး သည့် ကာမေလွတ်ဇ်ဇေယာရာသ် ကျမ်းတွင် မှန်ကန်သည့် အထောက်အထားဖြင့် အေမာမ် ဂျဝါဒ် (အ.စ)ထံ ရီဝါယသ်တော်ကိုဆင်ပြန် ထားပါတယ်။
အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော်မူသည်။
"من زار عمتی بقم فله الجنة"
"မည်သူ မဆိုကျွန်ုပ် ၏ အဒေါ် ၏ဇေယာရသ် အား ကွမ်းမြို့ တွင်ပြုမည်ဆိုလျှင် ဂျန္နသ် သုခဘုံသည် ၎င်း အတွက် ဖြစ်ပါသည်။ "
ကျမ်းကိုး - کامل الزاریات ص 324
မီးရ်ဇာ မိုဟမ္မဒ်သကီ စေပဲဟ်ရီ မှ ဇန်နဒကာနီ အေမာမ် ကာဇင်းမ် (အ.စ) ဆိုသည့် စာအုပ်တွင် အေမာမ် ရေဇာ (အ.စ) ထံ ရီဝါယသ် တော်ကို ဆင့်ပြန် ထားပါတယ်။
"من زار المعصومه بقم کمن زارنی"
"အကြင်မည်သူမဆို မအ်စူမဟ် (စ.အ) ၏ဇေယာရသ် အားကွမ်းမြို့ တွင် ပြုခြင်းသည် ကျွန်ုပ်အား ဇေယာရသ် ပြုသည့် ပမာဖြစ်ပါသည်။ "
ကျမ်းကိုး - ناسخ التواریخ: ج 3ص 68
ဟီဂျရီ ၆ရာစု ၏ အကျော် အမော် အာလင်မ်ကြီး တစ်ပါး ဖြစ်သည့် နစရိုဒ်ီုဂန် အဘူရ်ရရှီးဒ် အဗ်ဒိုလ်ဂျလီးလ် ရာဇီ မှ မိမိ၏ ကျမ်း "بعض مثالب النواصب" တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံရီဝါယသ် ပြု တင်ပြထားပါတယ်။
အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ)မိန့်တော်မူ၏။
"تقبض فیها امراة هی من ولدی، و اسمها فاطمة بنت موسی، تدخل بشفاعتها شیعتناالجنة باجمعهم"
" ကျွန်ုပ်၏ သားသမီးများ မှ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမအမည် မှာဖွာတွေမဟ် ဖြစ်ပါ သည်။ မူစာ (ကာဇင်းမ်) (အ.စ)၏သမီးတော် ဖြစ်ပါသည်။ ကွမ်းမြို့တွင် ကွယ်လွန်ပေမည်။ သူမ၏ ရှေဖာအသ် (အသနားခံ လျှောက်ထားခြင်း) ဖြင့် ကျွန်ုပ်၏ ရှီအဟ်များ အားလုံး ဂျန္နသ် သုခဘုံသို့ ဝင်ရောက်ကြ ရမည် ဖြစ်ပါသည်။"
ကျမ်းကိုး - النقض ص 196
အထက်ဖော်ပြပါ ဟဒီးစ်တော်များကိုလေ့လာ သုံးသပ်ပြီး သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ကြီးကျယ် မြင့်မြတ် မှုကို အထင်အရှား သိရှိနိုင်မည်ဖြစ်ပါတယ်။
****************************************************************
END / 251
****************************************************************
END / 251