အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၁ နိုဝင်ဘာ ၂၀၂၃

၁၄:၄၀:၀၉
1410505

ဂါဇာစစ်ပွဲအကြောင်း မှားယွင်းဖော်ပြမှုကြောင့် New York Times ရုံးကို ၀င်ရောက်စီးနင်း

Google ဝန်ထမ်းများသည် ပါလက်စတိုင်းနှင့် ပတ်သက်၍ Google ၏ စံနှုန်းနှစ်ရပ်ကို ရှုတ်ချကြောင်း Google တာဝန်ရှိသူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar Newsသတင်း အထောက်အထားများ အရ အမေရိကန်ရှိ ပါလက်စတိုင်းလိုလားသူအချို့သည် ဂါဇာစစ်ပွဲ၏ သတင်းဖော်ပြမှုပုံစံကို ကန့်ကွက် ဆန္ဒပြခဲ့ ကြပြီး New York Times သတင်းစာ၏ ရုံးခန်းကို အချိန်အတော်ကြာ သိမ်းပိုက်ကာ ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြပါတယ်။

ထောင်ပေါင်းများစွာသော အမေရိကန်ဆန္ဒပြသူများသည် နယူးယောက်မြို့လယ်ရှိ Manhattan ဧရိယာမှ စတင်ကာ New York Times ရုံးသို့ ဆက်လက် ဆန္ဒပြခဲ့ကြ ပါတယ်။ဆန္ဒပြမှုတွေကြောင့်ယာဉ်ကြောကျပ်တည်းမှု တွေလည်း ဖြစ်ခဲ့ပါတယ်။

အခြားတစ်ဖက်တွင်၊ Google ဝန်ထမ်းများသည် ပါလက်စတိုင်းနှင့်ပတ်သက်ပြီး Google ၏စံနှုန်းနှစ်ရပ်ကို ရှုတ်ချကြောင်း အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့ပါတယ်။  CEO အပါအဝင် Google ၏ ထိပ်တန်းအမှုဆောင်အရာရှိများသည် လက်ရှိလူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်နိုင်ခြေအရှိဆုံးနည်းဖြင့် ရှုံ့ချရန် တောင်းဆိုထားပါတယ်။  ထို့အပြင် အဆိုပါဝန်ထမ်းများသည် Nimbus အစီအစဉ်ကို ဖျက်သိမ်းရန် ကုမ္ပဏီအား တောင်းဆိုခဲ့ကြပါတယ်။ ဤ အစီအစဥ် သည် ဒေါ်လာ ၁.၂ ဘီလီယံ ပရောဂျက်သည် ဇီယွန်နစ်စစ်တပ်အတွက် ဉာဏ်ရည်တုနှင့် အခြားအဆင့်မြင့်နည်းပညာများ ပံ့ပိုးပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

အလုပ်ထုတ်ခံရမှာကြောက်လို့ စာရေးတဲ့ ဝန်ထမ်းတွေကို မိမိတို့၏ အမည်မဖော် ထားကြောင်း ကိုလည်း သိရှိရပါတယ်။

****************************************************************

END / 251