၂၃ စက်တင်ဘာ ၂၀၂၆ - ၂၀:၂၄
အီရန်က အမေရိကန် နှင့် ဆွေးနွေးမှုအတွက် စစ်ပွဲရပ်တန့်ရေး နှင့် ပိတ်ဆို့ထားသော ငွေကြေးများ ပြန်လည်လွှတ်ပေးရေး တောင်းဆို

အီရန် နှင့် အမေရိကန်အကြား ကာတာနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုမှတစ်ဆင့် သတင်းစကားများ အပြန်အလှန်ပေးပို့မှု ဆက်လက်ပြုလုပ်နေပြီး၊ အီရန်ဘက်က အမေရိကန်၏ ကျူးကျော်ဆန်သော လုပ်ဆောင်ချက်များ ရပ်တန့်ရေး၊ စစ်ပွဲအားလုံးကို အဆုံးသတ်ရေး နှင့် ပိတ်ဆို့ထားသော အီရန်ပိုင်ဆိုင်ငွေကြေးများ ပြန်လည်လွှတ်ပေးရေးတို့အပါအဝင် သတ်မှတ်ချက်များကို တင်ပြထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ ၏ ပြောကြားချက်အရ အီရန် နှင့် အမေရိကန်အကြား ကာတာနိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုမှတစ်ဆင့် သတင်းစကားများ အပြန်အလှန်ပေးပို့ခြင်းနှင့် ရှင်းလင်းတင်ပြခြင်းများကို မနေ့က ထပ်မံပြုလုပ်ခဲ့ပြီး အီရန်ဘက်၏ သတ်မှတ်ချက်များကိုလည်း အမေရိကန်ဘက်သို့ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အီရန်ဘက်က တင်ပြထားသည့် သတ်မှတ်ချက်များတွင် အမေရိကန်၏ ကျူးကျော်ဆန်သော လုပ်ဆောင်ချက်များအားလုံးကို ရပ်တန့်ရန်နှင့် ယင်းအထဲတွင် ပင်လယ်ရေကြောင်းပိတ်ဆို့မှု နှင့် စီးပွားရေးအရ အကြမ်းဖက်ဖိအားပေးမှု (စီးပွားရေးပိတ်ဆို့အရေးယူမှု)  များကိုလည်း ရပ်တန့်ရန် ပါဝင်ပါတယ်။

ထို့အပြင် စစ်ပွဲကို စစ်မျက်နှာအားလုံးတွင် အဆုံးသတ်ရန်၊ ပိတ်ဆို့ထားခြင်း သို့မဟုတ် ကန့်သတ်ထားခြင်းခံနေရသည့် အီရန်ပိုင်ဆိုင်ငွေကြေးများကို ပြန်လည်လွှတ်ပေးရန်လည်း အီရန်က တောင်းဆိုထားပါတယ်။

ပင်လယ်ရေကြောင်းသွားလာမှုနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံကမ်းရိုးတန်းနိုင်ငံများအကြား သဘောတူညီထားသည့် နည်းလမ်းအတိုင်း လုံခြုံသော ရေကြောင်းသွားလာမှုကို လက်ခံရန် အီရန်ဘက်က သတ်မှတ်ချက်တစ်ရပ်အဖြစ် ထည့်သွင်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha