အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၈ နိုဝင်ဘာ ၂၀၂၃

၁၉:၁၄:၀၆
1415760

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် တဲလ်အဗစ်သို့ သွားရောက်မည်

အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး အပြီး တတိယအကြိမ်မြောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန် သည် ဇီယွန် အာဏာပိုင်များနှင့် တွေ့ဆုံရန် တဲလ်အဗစ်သို့ သွားရောက်မည်ဖြစ် ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီးနောက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန် သည် ဇီယွန်အစ္စရေး အာဏာပိုင်များနှင့် တွေ့ဆုံရန် တဲလ်အဗစ် သို့ သွားရောက်မည်ဖြစ် ပါကြောင်း သိရှိရပါတယ်။

အသေးစိတ်အချက်အလက်များအရ အန်ထော်နီ ဘလင်န်ကန် သည် တဲလ်အဗစ် ပြီးနောက်ရာမ်လ္လာဟ် နှင့် ယူအေအီ သို့သွားမည်ဖြစ်ကြောင်း ယခုအကြိမ်သည် ဟားမတ်စ်အဖွဲ့ ၏ အလ်အက်ဆွာ မုန့်တိုင်း  စစ်ဆင်ရေးအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ တတိယမြောက် ခရီးစဉ်ဖြစ် ကြောင်း သိရှိရပါတယ်။

အန်ထော်နီ ဘလင်န်ကန်၏ ခရီးစဉ်နှင့်  ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် အကြီးတန်းအရာရှိများ၏ ပြောကြားချက်အရ အန်ထော်နီ ဘလင်န်ကန် သည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆွေးနွေးမည်ဖြစ်ပြီး ဒူဘိုင်းတွင် ပြုလုပ်မည့် ကုလသမဂ္ဂ ပတ်ဝန်းကျင် ညီလာခံတွင်လည်း ပါဝင်မည်ဖြစ် ကြောင်း ဖြစ်ပါတယ်။

တစ်ဖက်တွင်မူ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီးနောက် ပါလက်စတိုင်း အကျဉ်းသား ၅၀ ကို ထပ်မံလွတ်ပေးရန် ဇီယွန်ဝါဒီအဖွဲ့မှ လိုလားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Israel Times ၏ အဆိုအရ ဇီယွန်ဝါဒီအဖွဲ့သည် ပါလက်စတိုင်းအမျိုးသမီး ၅၀ ဦးကို အစ္စရေးဓားစာခံ အယောက် ၂၀ နှင့်လဲလှယ်ရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။

****************************************************************

END / 251