အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ မတ် ၂၀၂၄

၂၀:၀၂:၁၅
1442995

လမြတ်ရမ်တွာန် တွင် အီဂျစ် ကာရီအပါး ၂၀၀ အား နိုင်ငံ အသီးသီးသို့ စေလွတ်မည် / သာသနာရေး ဝန်ကြီးဌာန

အီဂျစ် သာသနာရေး ဝန်ကြီးဌာန ၏ အဆို အရ လမြတ်ရမ်တွာန် တွင် အီဂျစ် အာလင်မ် နှင့် ကာရီအပါး ၂၀၀ ကျော် အား နိုင်ငံ အသီးသီးသို့ စေလွတ်မည်ဖြစ်ကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ယောင်မွန်စ်စာဗေအ် သတင်းဌာန ၏ အစီရင်ခံစာ အရ အီဂျစ် သာသနာရေး  ဝန်ကြီးဌာန ကြေညာထား သည်မှာ မိမိတို့ အနေဖြင့် ကမ္ဘာတွင် အလယ်အလတ် တွေးခေါ်မှု ပြန့်ပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ခံရရှိသောစာများ ကို အခြေခံ ဥ  ကမ္ဘာ့နိုင်ငံအသီးသီး မှ နမာဇ် ရှေ့ဆောင် ဆရာများ နှင့် ကာရီများ တောင်းဆို မှု တိုးပွားလာသည့် အတွက် အီဂျစ် သာသနာရေး  ဝန်ကြီးဌာန မှ လမြတ်ရမ်တွာန် တွင်  အီဂျစ် အာလင်မ် များ (နမာဇ်ရှေ့ဆောင် ဆရာများ )  နှင့် ကာရီအပါး ၂၀၀ ကျော်  အား နိုင်ငံ အသီးသီးသို့  စေလွတ်မည်ဖြစ်ကြောင်း ဖြစ်ပါတယ်။

ထို့ကြောင့် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ  ၂၃ ဦး ဂျာမစီ နိုင်ငံ အတွက်လည်းကောင်း ၊ ဘရာဇီး နိုင်ငံ အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ  ၂၃ ဦး ၊ အမေရိက  အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ ၁၆ ဦး၊ တန်ဇန်းနီးယား အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ  ၁၁ ဦး၊ ဗင်နီဇွဲလား  အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ  ၁၁ ဦး၊ ကနေဒါ အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ   ၁၀ ဦး၊ သြစတြေးလျ  အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ   ၇ ဦး၊ အင်္ဂလန် အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ   ၆ ဦး၊ ယူအေအီး  အတွက် နမာဇ် ရှေ့ဆောင် ဆရာ နှင့် ကာရီ   ၇ နှင့် အခြားနိုင်ငံများသို့ အသီးသီး  စေလွတ်ပေး မည်ဖြစ် ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251