အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Burrak Organization ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကိုယ်စား ဟဂျ်ပြုပေးသူသည်မည်သူ၏ သက္က်လီးဒ် အရ ဟဂျ်ပြုရမည် နည်း ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
တစ်ဦး တစ်ယောက် ၏ ကိုယ်စား ဟဂျ်ပြုသူသည် မိမိ၏ သက္က်လီးဒ် ၏အရ ဟဂျ်ပြုရမည် ဖြစ်ပါ သလား? သို့မဟုတ် ရန် အရေးကြီး ပါသလား? သို့မဟုတ် ကိုယ်စား ပြုပေးခြင်းခံရသူ၏ သက္က်လီးဒ် အရ ဟဂျ်ပြုရန် အရေး ကြီး ပါသလား?
အဖြေ
ကိုယ်စားပြုပေးသူ၏ သက္က်လီးဒ်အရ ဟဂျ်ပြုရမည် ဖြစ်ပါသည်။ အကယ်၍ ဝန်ဆောင်ခယူပြီး ကိုယ်စားပြုပေးသည်ဆိုလျင် နှစ်ဦးနှစ်ဖက် (ကိုယ်စားပြုပေးသူနှင့် ပြုခိုင်းသူ) သဘောတူထားသည့် အတိုင်း ပြုပေးရမည်ဖြစ်ပါတယ်။
(မှတ်ချက် - အာယာသွလ္လာဟ် ၏အဖြေကို နားလည်လွယ်အောင် အတိုချုပ် အနှစ်ချုပ် တင်ပြလိုက်ခြင်း ဖြစ်ပါ သည်။ ) အသင်ရှင်နေသူ ၏ မွတ်စ်သဟ် ဟဂျ် အား ဝန်ဆောင်ခ ယူ၍ ဖြစ်စေ ၊ မယူ၍ ဖြစ်စေ ကိုယ်စား ဟဂျ် ပြုပေးနိုင်ပါတယ်။ မရ်ဟွန်မ် အတွက် ဝါဂျစ်ဗ် ဟဂျ် ဖြစ်စေ ၊ မွတ်စ် သဟဗ် ဟဂျ် ဖြစ်စေအား ဝန်ဆောင်ခ ယူ၍ ဖြစ်စေ ၊ မယူ၍ ဖြစ်စေ ကိုယ်စား ဟဂျ် ပြုပေးနိုင်ပါတယ်။
အကြံပြုချက် - ဟဂျ်ထိုက်၍ ဟဂျ်မပြုခဲ့ရသူ မရ်ဟွန်မ် များ ကိုယ်စား သက်ဆိုင်သူ မှာ ကိုယ်တိုင် သို့မဟုတ် ဝန်ဆောင်ခ ပေး၍ ကိုယ်စား ဟဂျ် ပြုသည့် ထုံးတမ်း စဥ်လာ ကောင်းသည် ကမ္ဘာရှီအဟ်များတွင် ရှိခဲ့ပါတယ်။ ရှိနေပါတယ်။ ကောင်းမြတ်သည့် အစဥ်အလာ ဖြစ်ပါတယ်။ ဟဂျ်ထိုက်လျင် ချက်ချင်း ပြုနိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြီးနောက် ဟဂျ် မပြုခင် ဟဂျ်၏ အဲဟ်ကာမ် ကို ပိုင်နိုင် သည့် အာလင်မ်များ ထံ သင်ယူခြင်း အဆက်အသွယ်ပြုခြင်းကို ပြုသင့်ပါတယ်။ အကြောင်း မှာ ဟဂျ် ကိစ္စသည် လွယ်မယောင် နှင့် ခက်သည့် ကိစ္စ အထူး သတိပြုရမည့် ကိစ္စ ၊ ဟဂျ်လုပ်သူ ကိုယ်တိုင် တစ်ချို့ အဲဟ်ကာမ် ကိုမေ့မေ့ သွားသည့် ကိစ္စ ၊ သတိ လွတ်သည့် ကိစ္စ ဖြစ်၍ ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251