၁၀ ဇူလိုင် ၂၀၂၄ - ၁၀:၁၅
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုခြင်း ၏ ကြီးကျယ် မြင့်မြတ် မှု

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုခြင်း ၏ ကြီးကျယ် မြင့်မြတ် မှု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဝစာအေလွတ်ရှ် ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الباقر علیه السلام:

 

لَو يَعلَمُ النّاسُ ما في زِيارَةِ قَبرِ الحُسَينِ مِنَ الفَضلِ لَماتُوا شَوقا .

 

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကယ်၍ လူထုအနေဖြင့်  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုခြင်း ၏ ဆဝါးဗ် ကို သိရှိ ကြမည် ဆိုလျင်  သူတို့သည်  (ဇေယာရသ်) တောင့်တမှုဖြင့် သေဆုံးကြလိမ့်မည် ဖြစ်ပါသည်။   »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ် ရှီအဟ် ကျမ်း ၊ အတွဲ ၁၄ ၊ စာမျက်နှာ ၄၅၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဇေယာရသ် ၏ ကြီးကျယ် မြင့်မြတ် မှုကို ထင်ထင်ရှားရှား သိရှိရမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် အနီးကပ် ဇေယာရသ် ပြုနိုင်အောင် အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ထိုအတူ အကြောင်း အမျိုးမျိုးကြောင့် အနီးကပ် ဇေယာရသ် မပြု နိုင်လျင်လည်း အဝေး မှ ဇေယာရသ် ပြု နိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဇေရယသ် သေ ဝရေစာ ၊ ဇေယာရသ် အမီးနိုလ္လာဟ် ၊ ဇေယာရသ် အာရှုရာ ၊ ဇေယာရသ် ဂျမေအ်ကဘီးရဟ် စသည်တို့အား ရောင်ဇာ တော် ၏ ရှေ့ တွင် ဖတ်ရွတ် ခြင်း ဖြင့်  (အနီးကပ် ဇေယာရသ်  ပြုခြင်း )  ကို ပြုရပါမည်။ ထိုနည်းတူ အိမ် ၊ ဗလီ ၊ အေမာမ် ဘာရာ စသည် ဖြင့် တွင် ဖတ်ရွတ် ခြင်း ဖြင့်  ( အဝေးမှ ဇေယာရသ်  ပြုခြင်း )  ကို ပြုရ မည် ဖြစ်ပါ တယ်။

****************************************************************

END / 251