၁၄ ဇူလိုင် ၂၀၂၄ - ၁၈:၂၈
   အာရှုရာ မှ ပေးသည့် သင်ခန်းစာ ရှစ်ခု

အာရှုရာ မှ ပေးသည့် သင်ခန်းစာ ရှစ်ခု ကို အဲဟ်လေဘိုက် (သ) (အ.စ) ကို အချစ်ထားသူများ ၊နောက်လိုက်များ လိုက်နာ ကျင့်သုံး နိုင်ရန် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာရှုရာ မှ ပေးသည့် သင်ခန်းစာ ရှစ်ခု မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ သာသနာအတွက် မိမိနှစ်သက်မြတ်နိုးသည့် အရာမှန်သမျှကို စတေးရမည်။(မိမိ သိပ်မြတ်နိုးသည့် ‌ငွေ၊ ရာထူး၊ခုံ စသည် တို့ကို သာသနာ အတက် စတေး နိုင်ရမည်။

၂။ အမှန်တရား အတွက် ရပ်တည်ချိန်တွင် အဆင့်အတန်းတိုင်း မှ ကူညီဖေးမ မှုပြူရမည်။ ယုတ်စွ အဆုံး အမျိုးသမီးများ ၊ကလေးငယ်များ ၊ အဖိုးကြီးများ(သက်ကြီးရွယ်အိုများ ) နှင့် ဖျားနာ နေသူ ပင်ဖြစ်ပါစေ အမှန်တရား အတွက် ကူညီဖေးမ ရမည်။(အမှန်တရား အတွက်သာ ကြည့်ရမည် ၊အခြားအရာ ကို မကြည့်ရ    ချေ။ )

၃။ အမှန်တရား ၏လမ်းအတွက် လူနည်းနေလျှင်လည်း မစိုးရိမ် မတွန့်ဆုတ် ရန် ဖြစ်ပါတယ်။ (အေမာမ်ဟိုစိုင်းန် (အ.စ) သည် ကရ်ဗလာ စစ်မြေပြင်တွင် နောက်ဆုံးတစ်ပါးတည်း ကျန် နေချိန် မစိုးရိမ် မတွန့်ဆုတ်ခဲ့ပေ။ )

၄။ နမာဇ် ၊နှင့်အေဗါဒသ်များ ကို မည်သည့် အခြေအနေတွင်မဆို မမေ့ရန် ဖြစ်ပါတယ်။ ယုတ်စွ စစ်မြေပြင် တွင်ဖြစ် နေပါစေ ။

၅။ ကောင်းမှု ကို ညွှန်းပြရန် ၊မကောင်းမှု ကို တားမြစ်ရန် တာဝန် ကို မည်သည့် အခြေအနေ တွင်ဖြစ်စေ လက်မလွတ်ရန် ဖြစ်ပါတယ်။

၆။ မနုဿလူသားတိုင်း (မိုအ်မင်မိုအ်မေနသ်တိုင်း) မိမိတို့၏ ကိုယ်စီ ကိုယ်စီ တာဝန် ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်ရမည်။

၇။ သောင်ဗာ ၏တံခါး အမြဲ ဖွင့်ထားသည်။(ဟဇရသ် ဟူရ် အနေဖြင့် နောက်ဆုံး အချိန်တွင် အေမာမ် ဟိုစိန် (အ.စ) ထံ ဝန်ချတောင်းပန်ခဲ့ပါတယ်။) (အချိန် ပြည့် သောင်ဗဟ် ပြုနေရပါမည်။ ၎င်းသောင်ဗဟ် ပြုထားသည့် အပြစ် ကို မကျူးလွန် မိ အောင် အထူး ဂရု ပြုရမည်။ )

၈။ မည်သည့်အခြေအနေတွင်မဆို မိမိအားမွေးမြူးတော်မူသည့် အလ္လာဟ်ဟို အရှင်မြတ် အပေါ် နှစ်သက် ကျေနပ်ရန် ဖြစ်ပါတယ်။(မည်သည့် အခြေ အနေတွင် မဆို အလ္လာဟ် ဟိုအရှင်မြတ် အပေါ် အကောင်းသာ မြင်ရပေမည်။ )   

တင်ပြသူ

မဒဲရ်စာသိုလ်ကာအေမ် (အ.ဂျ) ။ ကရာချီ ၊ ပါကစ္စတန်

.......................................................

END / 251