ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။
قال الامام السجاد علیه السلام:
أَیَمَا مُؤمِنٍ دَمِعَت عَیناهُ لِقَتلِ الحُسَینِ علیه السلام حَتّی تَسیلَ عَلی خَدِّهِ، بَوَّأهُ اللّهُ بِها فِی الجَنَّةِ غُرَفا یَسکنُها أحقَابا.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင် မိုအ်မင် မည်သူမဆို ၏ မျက်လုံးများ မှ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မဇ်လူးမ်မာနဲဟ် (ရက်ရက်စက်စက် လူမဆန်စွာ) ရှာဟာဒသ် ဖြစ်ခဲ့မှု အပေါ် မိမိ ပါးပြင်များ ပေါ် မျက်ရည် များ စီးကျလာသည့် အထိ ငိုကြွေးမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် ဿည် ဤ အတွက် ၎င်း အား ဂျန္နသ် သုခဘုံ ၏ အခန်း များတွင် နေရာ ချီးမြှင့် ပေးသနားတော် မူမည်။ ထိုနေရာတွင် ရေရှည် ထားတော် မူမည်။ »
ကျမ်းကိုး ။ ။ ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း ၊ ၁/၁၀၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မဇ်လူးမ်မီယသ် အတွက် မည်သို့ ငိုကြွေး ရမည် ဖြစ်ကြောင်း သိရှိသွားမည် ဖြစ်ပါတယ်။ မိမိ၏ သားသမီး ၊ ခင်ပွန်း ၊ ဇနီး စသည်တို့ကိုလည်း အေမာမ် မိန့်တော် မူထားသည့် အတိုင်း မိမိ ပါးပြင်များပေါ် မှ မျက်ရည် စီးကျလာသည့် အထိ ငိုနိုင် အောင် တိုက်တွန်း ရပါမည်။ ကိုယ်တိုင်လည်း ဤကဲ့သို့ ငို ရပါမည်။ ဤအတွက် ဆုလာဘ် ကိုလည်း သိရှိပြီး ဖြစ်ပါတယ်။
****************************************************************
END / 251