၁၄ ဇူလိုင် ၂၀၂၄ - ၂၀:၂၂
အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် မျက်ရည်ကျခြင်း၏ ဆုလာဘ်

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် မျက်ရည်ကျခြင်း၏ ဆုလာဘ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ  ပါတယ်။

 

قال الامام السجاد علیه السلام:

 

أَیَمَا مُؤمِنٍ دَمِعَت عَیناهُ لِقَتلِ الحُسَینِ علیه السلام حَتّی تَسیلَ عَلی خَدِّهِ، بَوَّأهُ اللّهُ بِها فِی الجَنَّةِ غُرَفا یَسکنُها أحقَابا.

 

အေမာမ် စဂျာဒ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကြင် မိုအ်မင် မည်သူမဆို ၏ မျက်လုံးများ မှ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မဇ်လူးမ်မာနဲဟ် (ရက်ရက်စက်စက် လူမဆန်စွာ) ရှာဟာဒသ် ဖြစ်ခဲ့မှု အပေါ်  မိမိ ပါးပြင်များ ပေါ် မျက်ရည် များ စီးကျလာသည့် အထိ  ငိုကြွေးမည်   ဆိုလျင်  အလ္လာဟ် ဟို အရှင်မြတ် ဿည် ဤ အတွက် ၎င်း အား ဂျန္နသ် သုခဘုံ ၏ အခန်း များတွင် နေရာ ချီးမြှင့် ပေးသနားတော် မူမည်။ ထိုနေရာတွင် ရေရှည် ထားတော် မူမည်။  »

ကျမ်းကိုး ။ ။ ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း ၊ ၁/၁၀၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မဇ်လူးမ်မီယသ် အတွက် မည်သို့ ငိုကြွေး ရမည် ဖြစ်ကြောင်း သိရှိသွားမည် ဖြစ်ပါတယ်။ မိမိ၏ သားသမီး ၊ ခင်ပွန်း ၊ ဇနီး စသည်တို့ကိုလည်း အေမာမ်  မိန့်တော် မူထားသည့် အတိုင်း မိမိ ပါးပြင်များပေါ် မှ မျက်ရည် စီးကျလာသည့် အထိ ငိုနိုင် အောင် တိုက်တွန်း ရပါမည်။ ကိုယ်တိုင်လည်း ဤကဲ့သို့ ငို ရပါမည်။ ဤအတွက် ဆုလာဘ် ကိုလည်း သိရှိပြီး ဖြစ်ပါတယ်။

****************************************************************

END / 251