အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတယောက်နဲ့ ဖခင်ဖြစ်သူတို့ အသတ်ခံရတယ်လို့ Thairath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့ ဖရထတ်ပါဒဲန်ရပ်ကွက် နယ်မြေ ၁ ရှိ နေအိမ်တလုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် ညသန်းခေါင်လောက်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲဆောက်နယ်မြေရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
သူတို့ရောက်သွားချိန်မှာ ဦးခေါင်း၊ လက်မောင်းနဲ့ ခန္ဓာကိုယ်မှာ ဓားခုတ်ဒဏ်ရာရထားတဲ့ မြန်မာ သားအဖ ၂ ယောက်ကို ဆေးရုံခေါ်သွားဖို့ လုပ်နေတယ်၊ အဲဒီနောက် မကြာခင်အချိန်မှာပဲ ၂ ယောက် လုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေမှာ ခိုင်မုတ် ခေါ် ဒေါဝ်း (အသက် ၁၃ နှစ်) နဲ့ သူ့ဖခင် ဦးမောင်အေး (၅၅ နှစ်) တို့ ဖြစ်ကြတယ်။
ဒီမတိုင်ခင်ရှေ့က မိန်းကလေးရဲ့ ချစ်သူ မြန်မာနိုင်ငံသား ကိုစိုး (၂၄ နှစ်) က သူတို့အိမ်ကိုရောက်လာပြီး စကားများရန်ဖြစ်ခဲ့ကြတယ်၊ သားအဖဒဏ်ရာရပြီးနောက် ကိုစိုးက ထွက်ပြေးလွတ်မြောက်နေတယ်လို့ အိမ်နီးနားချင်းတွေက ပြောကြပါတယ်။
သူတို့အိမ်ဝင်းထဲကနေ ကိုစိုးရဲ့ ဦးထုပ်အနီနဲ့ မျက်မှန်တလက်ကို သက်သေခံအဖြစ်ရရှိခဲ့ပြီး စီစီကင်မရာပြန်စစ်ဆေးကာ စက်တင်ဘာ ၂ ရက် ညပိုင်းမှာ ဖရထတ်ပါဒဲန်ရပ်ကွက် နယ်မြေ ၃ ရှိ အိမ်တအိမ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ကိုးစိုးက သူ့အနေနဲ့ လူသတ်ဖို့မရည်ရွယ်ကြောင်း၊ မိန်းကလေးနဲ့တွဲနေတာကို သူ့အဖေက သဘောမကျဘူး ၊ အဲဒီနေ့က သော့တွဲလာပေးရင်းနဲ့ စကားများတယ်၊ မိန်းကလေးဖခင်က သူ့ကို အရင်ဓားနဲ့ထိုးမလို့လုပ်လို့ သူက ဓားကိုလုပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်ထိုးရတာလို့ ဝန်ခံသွားပါတယ်။
.......................................................
END / 251

ရဲစခန်းက သူ့ကိုတမင်ရည်ရွယ်လူသတ်မှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အမှုဖွင့်ထားပြီး စက်တင်ဘာ ၂ ရက်ကတော့ သူကျူးလွန်ခဲ့ပုံ အစအဆုံးကို ရဲက ပြန်ပြီး သရုပ်ဖော်ပြသခိုင်းခဲ့ပါတယ်။
END / 251