အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7Day News
ကြာသပတေးနေ့

၂၁ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
393595

တိုက်စစ်မှူး ကျော်ကိုကိုအား လက်ရွေးစင် အသင်းမှ ထုတ်ပယ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မြန်မာ့လက်ရွေး စင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန် ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏ အုပ်ချုပ်သူနှင့် နည်းပြ အဖွဲ့ဝင်များ အပေါ် ရိုင်းပြစွာ ပြုမှုများ လုပ်ဆောင်ခဲ့သည့် အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့ လက်ရွေးစင် အသင်းမှ ထုတ်ပယ် လိုက်ကြောင်း သတင်းရရှိသည်။

 

ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာ များပေါ်တွင် အမြဲလို ဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမူ များပြု လုပ်ခြင်း၊ အသင်းအစည်း အဝေးများ ပြုလုပ်ချိန်တွင် မလေးမစား အပြုအမူများ ပြုလုပ်ကာ အစည်းအဝေးမှ ထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့် ပြုလုပ်ခြင်း များကို ပြုလုပ်ခဲ့ကြောင်း နည်းပြအဖွဲ့များ ၏ သဘော ထားထုတ်ပြန် ချက်အရ သိရသည်။

ထိုသို့သော အပြု အမူ များကြောင့် အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ က ၎င်းအား စည်းရုံးမှုများ ပြုလုပ်ခဲ့ သော်လည်းလိုက် နာမှုမရှိကြောင်း သိရသည်။ အဆိုးဆုံး အနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း လေ့ကျင့်ရေးကွင်းမှ ပြန်လာချိန်တွင် နည်းပြများ ရေးဆွဲထားသည့် တစ်နေ့ တာ အချိန်ဇယား ဘုတ် ပေါ်၌ အုပ်ချုပ်သူနည်း ပြများ အပေါ် ရိုင်းပျစော် ကားသည့် အဓိပ္ပာယ်သက် ရောက် သော စကားလုံး များကို ရေးသားခဲ့ခြင်းကြောင့် နည်းပြ ချုပ်က ယခုကဲ့ သို့ အသင်းမှ ပြန်လည်စေ လွှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပဏာမလက်ရွေး စင် နည်းပြအဖွဲ့ဝင်များ၏ သဘောထား ထုတ်ပြန်ချက်အား မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ်မှ သတင်းထုတ် ပြန်ခဲ့သည်။

အသင်း နည်းပြ ချုပ်ပက်ဆောင် ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့် ပတ်သက်၍ မည်သို့မျှ မဖြေကြားနိုင် သေးကြောင်း မိမိအနေဖြင့် နိုင်ငံ တွက်ပေးဆပ် ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆို ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ယင်းကိစ္စနှင့် ပတ်သက်ပြီး အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွား မည်ဖြစ်ပြီး ဥက္ကဌ၏အဆုံး အဖြတ်ပေါ်တွင် မူတည်၍ ထပ်မံ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး ကပြောသည်။ ယခုလေ့ကျင့်မှု များပြု လုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင် အသင်းသည် မတ်လ ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်းဖြစ်သည်။