အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန + အလ်အာလန်မ်
တနင်္လာနေ့

၁ ဒီဇင်ဘာ ၂၀၁၄

၁၄:၅၈:၁၀
655308

အိုလမာယေ ဘာရိန်း မှ အာလေခလီဖာ ကို သတိပေး နိုးဆော်

အိုလမာယေ ဘာရိန်း ဖက်မှ နောက်တကြိမ် ထပ်ပြီး အာလေခလီဖွာ ၏ ကြေးစားတပ်များက တော်လှန်ရေး ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် ၏နေအိမ် အားဝင်ရောက် စော်ကား ဖျက်စီးမှု နှင့် ပတ်သက်ပြီး အာလေခလီဖာ ကို သတိပေး နိုးဆော် တိုက်တွန်းခဲ့ပါသည်။ ပြီးနောက် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် ဘာရိန်းပြည်သူလူထု၏ နှလုံးသား ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ၎င်း အတွက် အသက်ပင် စတေးကြလိမ့်မည် ကြောင်း ပြောကြားခဲ့ပါသည်။

 
အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

=======================


အိုလမာယေ ဘာရိန်း ဖက်မှ နောက်တကြိမ် ထပ်ပြီး အာလေခလီဖွာ ၏ ကြေးစားတပ်များက တော်လှန်ရေး ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ  အီစာ ကာစင်မ် ၏နေအိမ် အားဝင်ရောက် စော်ကား ဖျက်စီးမှု နှင့် ပတ်သက်ပြီး အာလေခလီဖာ ကို သတိပေး နိုးဆော် တိုက်တွန်း သည် ကြေငြာချက်ကို ဂျွန်မာ နမာဇ် အပြီး ဖတ်ရွတ် ပြ ခဲ့ပါသည်။ နေရာမှာဘာရိန်း နိုင်ငံ၏  မနာမေမြို့  အနောက်ဖက် ရှိ အလ်ဒရာဇ် ဒေသတွင် ဖြစ်ပါသည်။


ဂျွန်မာနမာဇ် ကို ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ  အီစာ ကာစင်မ် ကိုယ်တိုင် ဦးဆောင်ဝတ်ပြု ခဲ့ခြင်း ဖြစ်ပါသည်။


ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ  အီစာ ကာစင်မ် အား လက်ရှိ မင်းဆိုးမင်းညစ် အာလေခလီဖွာ မှ နောက်တကြိမ် ထိခိုက်ထိပါးလာမည်ဆိုလျှင် ပြည်သူလူထု နှင့် စစ်ကြေငြာလိုက်ခြင်း ပင် ဖြစ်ကြောင်း ပြည်သူလူမှ ဤထိခိုက်ထိပါး မှု အတွက် သည်းခံ ကြမည်မဟုတ်ကြောင်း  မိမိတို့၏ တောင်းဆိုမှုများ ကို ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်းဘာရိန်းအိုလမာ ဖက်မှ ထုတ်ဖော် ကြေငြာခဲ့ပါသည်။


အိုလမာ ယေ ဘာရိန်း အနေဖြင့် ပြည်သူလူထု အား ဖေးမ၊ကူညီ အားပေးခြင်းကို မိမိတို့၏ ရှရီအီ တာဝန် အဖြစ်ခံယူထားကြလေသည်။ ပြီးနောက် အိုလမာယေ ဘာရိန်းမှ ကုလသမ္မဂအဖွဲ့ ၊အခြားကမ္ဘာအရေး တာဝန်ရှိ အဖွဲ့အစည်းများကို ဘာရိန်းနိုင်ငံအတွက် နိုပ်ကွပ် ရက်စက် (လူမဆန်)နေမှု ကို အဆုံးသတ်ပေး ရန်မေတ္တာ ရပ်ခံ တောင်းဆိုထားခဲ့ လေသည်။


မင်းဆိုးမင်းညစ် အာလေခလီဖာ ၏ ကြေးစား လုံခြုံရေး တပ်သားများမှ ဘာရိန်းနိုင်ငံ၏ အကျော် အမော် ဘာသာရေးခေါင်းဆောင် တော်လှန်ရေး ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ  အီစာ ကာစင်မ် ၏နေအိမ် အားတိုက်ခိုက်စော်ကားခဲ့ကြပြီး အိမ်တွင်း အသုံးအဆောင်ပစ္စည်းများကို ဖျက်စီး ခဲ့ကြပါသည်။


ဤတိုက်ခိုက်စော်ကားမှု သည် မင်းဆိုးမင်းညစ် အာလေခလီဖာ ဖက် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး တုံ့ပြန်မှုများ ၊ ပြည်တွင်းပြည်ပ မှ ပြစ်တင်ရှုံ့ချ သည် လိုင်းဒဏ် များ ကို မင်းဆိုးမင်းညစ် အာလေခလီဖာ မှရင်ဆိုင် ခဲ့ရလေသည်။


ပြီးခဲ့သည့် နှစ်ကလည်း မင်းဆိုးမင်းညစ် အာလေခလီဖာ ၏ ကြေးစား လုံခြုံရေး တပ်သားများမှ ဘာရိန်းနိုင်ငံ၏ အကျော် အမော်  ဤ ဘာသာရေးခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ  အီစာ ကာစင်မ် ၏နေအိမ် အားတိုက်ခိုက်စော်ကားခဲ့ကြပါသည်။


ဘာရိန်းနိုင်ငံသည် ရှီအာ အေမာမ်မီယာ အများစု နေထိုင်နေသည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။


================================