အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၇ ဇွန် ၂၀၁၇

၁၆:၃၂:၂၆
834971

မြန်မာနိုင်ငံအတွက် ချန်ပီယံခါးပတ်ရယူပေးမည်ဟု အောင်လအန်ဆန်ကြုံးဝါး

ပထမအကြိမ် တွေ့ဆုံစဉ်က ရှုံး နိမ့်ခဲ့သည့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းလက်ရှိ ချန်ပီယံ ရုရှားနိုင်ငံ သား ဗစ်တာလီဘစ်ဒက်ရှ်နှင့်ပွဲတွင် မြန်မာနိုင်ငံအတွက် ချန်ပီယံခါးပတ် ရယူပေးမည်ဟု ကတိပေးကြောင်း ကချင် တိုင်းရင်းသား အောင်လအန်ဆန်က ပြောကြား သည်။



ပထမအကြိမ် တွေ့ဆုံစဉ်က ရှုံး နိမ့်ခဲ့သည့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းလက်ရှိ ချန်ပီယံ ရုရှားနိုင်ငံ သား ဗစ်တာလီဘစ်ဒက်ရှ်နှင့်ပွဲတွင် မြန်မာနိုင်ငံအတွက် ချန်ပီယံခါးပတ် ရယူပေးမည်ဟု ကတိပေးကြောင်း ကချင်
တိုင်းရင်းသား အောင်လအန်ဆန်က ပြောကြား သည်။

ဇန်နဝါရီ ၁၄ရက် ကအင်ဒိုနီး ရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့ သည့် ကိုယ်ခံပညာ ပေါင်းစုံ အသုံး ပြုယှဉ်ပြိုင်သည့် MMA(One Championship) ပြိုင်ပွဲတွင် ကမ္ဘာ့ ချန်ပီယုံပွဲအဖြစ် အောင်လအန် ဆန်နှင့် ဘစ်ဒက်ရှ်တို့
ယှဉ်ပြိုင်ခဲ့ ရာ အောင်လကအမှတ်ဖြင့် ရှုံးနိမ့် ခဲ့ပြီး ဒုတိယအကြိမ် မကျေပွဲအဖြစ် ဇွန်လ ၃၀ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ ၁ သုဝဏ္ဏ၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ရန်ကုန်က ကျွန်တော့်ပရိ သတ်တွေရဲ့ရှေ့မှာ အခုလိုယှဉ် ပြိုင်ရမှာကို အရမ်းဂုဏ်ယူမိပါ တယ်။ မြန်မာနိုင်ငံအတွက် ချန်ပီ ယံခါးပတ် ပြန်ယူဆောင်ပေးနိုင်ဖို့ အားကုန်ယှဉ်ပြိုင်သွားမယ်လို့ လည်း ကတိပေးပါတယ်။ အခုပြိုင်ပွဲက အပြင်းထန်ဆုံး တိုက်ပွဲတစ်ခု ဖြစ်လာမှာပါ။ အဲဒီညမှာပိုတော် တဲ့သူက အောင်မြင်မှုတွေကိုသိမ်း ပိုက်သွားနိုင်မှာပေါ့ဗျာ’’ ဟု အောင် လအန်ဆန်ကပြောသည်။

အသက် (၃၃) နှစ်အရွယ် လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်သည် One Championship  ပြိုင် ပွဲတွင် ကိုးပွဲဆက် အနိုင်ရရှိထားပြီး  ရှုံးပွဲ မရှိရွှေခါးပတ်ပိုင်ရှင်တစ်ဦးဖြစ် သည်။ ၎င်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ဘက်များအနက် အောင်လ
အန်ဆန်က အခက်ခဲဆုံးပြိုင်ဘက် ဖြစ်သည်ဟု ဝန်ခံခဲ့သော်လည်း ချန်ပီယံဆုကိုမူ လွှဲပြောင်းပေးရမည်ဟု မထင်ကြောင်း ဘစ်ဒက်ရှ်ကဆိုသည်။

 ‘‘အောင်လအန်ဆန်ဟာ ကျွန်တော်ယှဉ်ပြိုင်ခဲ့သူသမျှ ပြိုင် ဘက်တွေထဲမှာ အမာဆုံးနဲ့ အ တောင့်ခံနိုင်ဆုံး သူတစ်ယောက် ဖြစ်ပါတယ်။ အခုလိုသူ့ရဲ့ ဇာတိ မြေမှာလာရောက်ယှဉ်ပြိုင်ရတဲ့အ တွက် ဂုဏ်ယူမိပါတယ်။ ကြိုးဝိုင်း ထဲကို ပြန်ဝင်လာရတဲ့အတွက်စိတ် လှုပ်ရှားမိပြီး ဒီပွဲဟာ မြန်မာနိုင်ငံ မှာ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲတစ် ခုဖြစ်လာလိမ့်မယ်လို့လည်း မျှော် လင့်မိပါတယ်။ အောင်လအန်ဆန် နဲ့ သူ့ရဲ့ထိုးသတ်ပုံတွေကို လေးစားပေမယ့်လည်း
ကျွန်တော် အိမ်ကို ပြန်တဲ့ အခါမှာတော့ အောင်မြင်မှုနဲ့ အတူ ပြန်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပတ်ကလည်း ကျွန် တော့်ပခုံးပေါ်မှာပဲရှိ နေမှာပါ’’ ဟု ဘစ်ဒက်ရှ်ကပြောသည်။

ဘစ်ဒက်ရှ်နှင့်ဒုတိယအကြိမ် ယှဉ်ပြိုင်မည့် မယ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအတွက် ပြိုင် ဘက်၏ အားနည်းချက်ကို လေ့လာထားကြောင်း အောင်လအန်ဆန် ကဆိုသည်။ အသက် (၃၂) နှစ်အ ရွယ် အောင်လအန်ဆန်
သည် အာ ရှဒေသတွင်းသို့ လေးပွဲလာရောက် ယှဉ်ပြိုင်ထားရာ၌ သုံးပွဲနိုင်၊ တစ် ပွဲရှုံးနိမ့်ထားသည်။ အောင်လအန် ဆန်သည် MMA ပြိုင်ပွဲတစ် လျှောက် ၂၉ ပွဲယှဉ်ပြိင်ရာတွင် ၁၉ ပွဲအနိုင်ရရှိကာ ၁၀ ပွဲရှုံးနိမ့်ခဲ့ သည်။

===================
251/End