အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ့် အာဇာနည် ကြီးဖြစ်သည့်
ရှဟီးဒ် ဟာဂ်ျ ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်မန်နီ သည်
အကြမ်းဖက် သမား အစစ် အမေရိကန်
အစ္စရေး ၊ ဆော်ဒီ နှင့် ၎င်းတို့ ၏ နောက်လိုက်နောက်ပါများ
မီဒီယာများ နှင့် ဖေစ်ဘုတ် တွင် လိမ်၍ ပြောနေရေးနေသလို
အကြမ်းဖက်သမား လည်းမဟုတ်
ဆေးသမားလည်းမဟုတ်
လူယုတ်မာလည်း မဟုတ်
အီရတ် နှင့်ဆီးရီးယား ရှိ
စွန်နီ မွတ်စလင်မ်များ
ကလေးများ ၊မိန်းမများကို သုတ်သတ်
သတ်ဖြတ်သူလည်းမဟုတ်
အီရန် လူထု က အမုန်းများသူလည်းမဟုတ် ချေ။
အကြမ်းဖက်သမား များ အုပ်စု IS ကို
အီရတ် နှင့်ဆီးရီးယား နိုင်ငံအတွင်း အမြစ်ပြတ်အောင်
သုတ်သင် တိုက်ထုတ်ပေးခဲ့သူ
နမာဇ်စေရှဗ်နဲ့ နေ့စဉ် နမာဇ် ၅ ချိန် မြဲသူ
ရိုဇာ ထားသူ ၊ဘာသာတရား ကိုင်းရိုင်းသူ
ရှရီအသ် တရားတော်နှင့်အညီနေထိုင်သူ
ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله ) နှင့် ကိုယ်တော်၏
အဲဟ်လေ့ဘိုက် (علیه السّلام) ကို နှစ်နှစ်ကာကာ ချစ်ခင်သူ
ဗလီ ဆောက်ခဲ့သူ
သူတော်စင်သူတော်ကောင်း
အာဇာနည်များ၏ ဖတဆိုး ကလေးငယ်များ ကို စောင့်ရှောက်ပေးသူ
အီရတ် ဆီးရီးယား နိုင်ငံရှိ စွန်နီ မွတ်စလင်မ်များ ၊
ကလေးများ အမျိုးသမီးများကို အကြမ်းအုပ်စု IS နှင့်မဟာမိတ်များ၏
ရန်မှ ၊သတ်ဖြတ်မှုမှ ကယ်တင်ပေးခဲ့သူ
အစ္စရေး အနေဖြင့် အာရပ် နိုင်ငံတွေကို
၆ရက်နှင့် တိုက်၍ သိမ်းခဲ့သော်လည်း
ဟစ်ဘိုလ္လာဟ် ကို ၃၁ တိုင် အားကုန်တိုက်၍လည်း
မနိုင်အောင်
ဟစ်ဘိုလ္လာဟ် ကို လမ်းပြပေးခဲ့သူ
အနိုင်ခံရသူများ
အရက်စက် အသတ်ဖြတ် ခဲ့ရသူများ
မတရားအလုပ်ခံရသူများ ဘက်မှ အမြဲ ရပ်တည်ပေးခဲ့သူ
အစ္စရေးတို့ လက်အောက်မှ
စွန်နီ ပါးလက်စတိုင်း လူမျိုးများ
လွတ်မြောက် အောင်မြင်အောင် နိုင်သည့်ဖက်မှ ကူညီအားပေးသူ
အီရန်လူထု နှင့်ကျေးဇူးသိတတ်သူ လူထုတိုင်း မှ
မီးကုန်ယမ်းကုန် ချစ်ရသူ
၎င်း၏ဈာပနာ အခမ်းအနားမှာ ပါဝင်ပြီး
၎င်း၏မယသ် (ရုပ်ကလပ်)ကို ထိရအောင်
ကြိုးစားရင်း လူများပိ၍ အယောက် ၅၀ နီးပါး
သေဆုံးသွားရသည်အထိ
မီးကုန်ယမ်းကုန်အချစ်ခံခဲ့ရသူ
နောက်ပြောစရာရေးသစရာကောင်းကွက်တွေအများကြီးပိုင်ဆိုင်ထားသူ
ဖြစ်ပါတယ်။
====================================
END / 251