၅ မတ် ၂၀၂၀ - ၁၇:၃၄
အပြည်ပြည်ဆိုင်ရာ မွတ်စလင်မ် ပါမောက္ခများ အဖွဲ့ မှ အိန္ဒိယ နိုင်ငံ တွင်မွတ်စလင်မ်များ အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံရမှု အား ပြစ်တင် ရ

အိန္ဒိယ နိုင်ငံ တွင်မွတ်စလင်မ်များ အပေါ် အကြမ်းဖက် ခံရမှု နှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ မွတ်စလင်မ် ပါမောက္ခများ အဖွဲ့ မှ ပြစ်တင် ရှုတ်ချ ရင်း ကြေညာ ချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ၎င်း ကြေညာ စာတွင် ပြီးခဲ့သည့် ရက်များ အတွင်း ဟိန္ဒို အစွန်းရောက် အကြမ်းဖက်သမား များ ၏ လက်ချက် ဖြင့် မွတ်စလင်မ် ၄၃ ဦး မီးရှို့ အသတ်ခံခဲ့ရပါတယ်။ ဗလီ ဝတ် ကျောင်းများ နှင့် နေအိမ်များ ကို လည်း မီးရှို့ ဖျက်စီး ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

အဆိုပါ အိန္ဒိယ နိုင်ငံ တွင်မွတ်စလင်မ်များ အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံရမှု ဖြစ်ရပ်သည် ပြီးခဲ့သည့် လများ အတွင်း အိန္ဒိယ နိုင်ငံသား ဥပဒေသစ်ကို အိန္ဒိယ မွတ်စလင်မ်များ ကန့်ကွက် ဆန္ဒပြ သပိတ်မှောက်နေချိန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယ အစိုးရ အနေဖြင့် အိန္ဒိယ မွတ်စလင်မ်များချက်များကို နားမထောင်ပေးသည့် အပြင် ၎င်းတို့ ပေါ် ရက်စက် ညှဉ်းပန်း ခဲ့ကြပြီး ၎င်းတို့၏ ဘဝ များကို လုယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

 

အပြည်ပြည်ဆိုင်ရာ မွတ်စလင်မ် ပါမောက္ခများ အဖွဲ့ မှ အိန္ဒိယ နိုင်ငံ တွင်မွတ်စလင်မ်များ အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံရမှု အား ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ ရင်း အိန္ဒိယ အစိုးထံ တောင်းခံခဲ့သည်မှာ - အိန္ဒိယ မွတ်စလင်မ်များ၏ အသက် ၊ပစ္စည်း ဥစ္စာ ကို ထိန်းသိမ်း စောက်ရှောက်ပေး ရန် အရေးကြီး ဆောင်ရွက်စရာများ ကို ဆောင်ရွက်ပေးရန် နိုင်ငံတော် အတွင်း ငြိပ်ဝပ်ပိပြားပြီး အေးချမ်းမှု အခြေအနေ ကို နဂို အတိုင်း ရှိနေ ရန် ကြိုးပမ်းပေးဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မွတ်စလင်မ် ပါမောက္ခများ အဖွဲ့ မှ ကမ္ဘာ အဖွဲ့အစည်းများ အား ဤကဲ့သို့သော် လုပ်ရပ်များ အားဆန်ကျင့် ဆန္ဒပြ ကြရန် မေတ္တာ ရပ်ခံခဲ့ပါတယ်။


===========================

END / 251