၄ စက်တင်ဘာ ၂၀၂၀ - ၁၈:၅၈
ယူအေအီးက မြန်မာကို ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းမက်ထရစ်တန်ချိန် ၅တန်ပေးပို့ကူညီ

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှုတားဆီးကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုအနေနဲ့ ယူအေအီးက မက်ထရစ်တန်ချိန် ၅တန်ရှိတဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေနဲ့ Covid-19 ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးကိရိယာတွေ ပေးပို့လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှုတားဆီးကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုအနေနဲ့ ယူအေအီးက မက်ထရစ်တန်ချိန် ၅တန်ရှိတဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေနဲ့ Covid-19 ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးကိရိယာတွေ ပေးပို့လိုက်ပါတယ်။
ဒီအရေးပေါ်ဆေးဘက်ဆိုင်ရာထောက်ပံ့ပေးမှုဟာ မြန်မာနိုင်ငံကကျန်းမာရေးလုပ်သားအင်အား ခန့်မှန်းခြေ ၅၀၀၀အတွက် အထောက်အကူပြု အင်အားဖြည့်တင်းနိုင်ဖို့ ယူအေအီးကမျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထိ ယူအေအီးဟာ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၁၁နိုင်ငံကျော်ထိ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းပေးပို့မှု ၁၃၂၈ မက်ထရစ်တန်ချိန်ထိ ရှိထားပြီး ကျန်မာရေးလုပ်သား ၁.၃သန်းကျော်အတွက် အကျိုးရှိစေခဲ့ပါတယ်။
Radioshoma934 သတင်းဌာနပါ “UAE sends Medical aid to Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*************************************************
END / 251