၁၄ စက်တင်ဘာ ၂၀၂၀ - ၁၉:၁၉
 နိုင်ငံတော်ဗဟိုဘဏ်က နှစ်ပတ်အတွင်း နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၄ ဒသမ ၄ သန်း ဝယ်ယူခဲ့

နိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ နှစ်ပတ်အတွင်း နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၄ ဒသမ ၄ သန်းဝယ်ယူခဲ့ ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာ ၁၄ ရက်အထိ ဒေါ်လာ ၂၂၈ ဒသမ ၉ သန်း ဝယ်ယူထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


နိုင်ငံတော်ဗဟိုဘဏ်က နှစ်ပတ်အတွင်း နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၄ ဒသမ ၄ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာ ၁၄ ရက်အထိ ဒေါ်လာ ၂၂၈ ဒသမ ၉ သန်းဝယ်ယူထား


နိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ နှစ်ပတ်အတွင်း နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၄ ဒသမ ၄ သန်းဝယ်ယူခဲ့ ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာ ၁၄ ရက်အထိ ဒေါ်လာ ၂၂၈ ဒသမ ၉ သန်း ဝယ်ယူထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

နိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဈေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ စက်တင်ဘာ ၄ ရက်တွင် ဒေါ်လာ ၃ ဒသမ ၄ သန်း၊ စက်တင်ဘာ ၁၁ ရက်တွင် ဒေါ်လာ ၃ ဒသမ ၄ သန်း ၊ စက်တင်ဘာ ၁၄ ရက်တွင် ၃ ဒသမ ၈ သန်း ဝယ်ယူခဲ့ခြင်းဖြစ် သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ် လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ် လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသ မ ၆ သန်း၊ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အ တွင်း ဒေါ်လာ ၁၄ ဒသမ ၄ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း ပြန်လည်ရောင်းချခဲ့ခြင်းဖြစ် သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့် တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်တွင် အသိ ပေးကြေညာချက်ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ် နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်း အခြေခံသည့် နိုင်ငံခြားငွေဈေးပြိုင်လေလံ အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဈေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြား ချက်များနှင့်အညီ နိုင်ငံခြားငွေဈေးပြိုင်လေ လံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများရောင်း ဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer – AD)  ရ ဘဏ်များ ဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံ ခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ် သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံ ခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေ လဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်း ယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့်စည်း မျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန် လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် ဈေးပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့် တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထား သည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော် လွန်လျှင် နိုင်ငံခြားငွေ (အမေရိ ကန်ဒေါ်လာ) ဝယ်ယူရန် ဈေးပြိုင်လေလံ ကိုဖွင့်လှစ်ဆောင် ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေကိုဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ဖြစ်ပေါ်သည့် ပျမ်းမျှ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်း ယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက် သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့်စည်း မျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန် လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် ဈေးပြိုင်လေလံကို ဖွင့်လှစ်ဆောင် ရွက်ခြင်း၊ ဈေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD  ဘဏ်များ ကတင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv ယခင် (Thomson Reuters) ၏ လေလံအ ရောင်း အဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ် သည်။

အဆိုပါဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖွင့်လှစ် ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေ ရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့် တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေဈေး ပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်း ထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာ ကျပ်ငွေ တန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မ ဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည် ရွယ်ဆောင် ရွက်ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာချက်ထုတ် ပြန်ထားသည်။        

*******************************************

END / 251